ထိုသို့မဟုတ်ဘဲ သင့်စကားကို နားမထောင်ပါက သင်နှင့်အတူ အသိသက်သေတစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့ကိုခေါ်၍ နောက်တစ်ကြိမ်သွားလော့။ သို့မှသာ အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်နိုင်မည်ဖြစ်၏။
ဟေဗြဲ 10:28 - ခေတ်သစ်မြန်မာ သမ္မာကျမ်း မောရှေ၏ ပညတ်တရားကို နာခံရန် ငြင်းဆန်သောသူသည် သက်သေခံသူ နှစ်ဦး၊ သုံးဦး၏ထွက်ဆိုချက်အရ သက်ညှာခြင်းကို မခံရဘဲ သေဒဏ်ပေးခြင်းကို ခံရ၏။ Common Language Bible မောရှေ၏ပညတ်တရားကိုမစောင့်ထိန်းသူ ယုဒအမျိုးသားမှန်သမျှသည် အသိသက် သေနှစ်ဦးသုံးဦး၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရပါမူ၊ သနား ညှာတာမှုမရှိဘဲသေဒဏ်ပေးခြင်းကို ခံကြရ၏။- Garrad Bible မော ရှေ၏ တ ရား တော် ကို ငြင်း ပယ် သူ သည် သက် သေ နှစ် ဦး သုံး ဦး ထွက် ဆို သော် သ နား ခြင်း ကင်း လျက် သေ ဒဏ် ခံ ရ သည် မှန် လျှင် ဘု ရား သ ခင့် သား တော် ကို ကျော် နင်း ၍၊ Judson Bible မောရှေ၏တရားကို ပယ်သောသူမည်သည်ကား၊ သက်သေခံ နှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။- မြန်မာ့စံမီသမ္မာကျမ်း မောရှေ၏ပညတ်တရားကိုငြင်းပယ်သောသူသည် သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏သက်သေခံချက်အားဖြင့် သက်ညှာခြင်းမရှိဘဲ သေဒဏ်ခံရ၏။ |
ထိုသို့မဟုတ်ဘဲ သင့်စကားကို နားမထောင်ပါက သင်နှင့်အတူ အသိသက်သေတစ်ဦး၊ သို့မဟုတ် နှစ်ဦးတို့ကိုခေါ်၍ နောက်တစ်ကြိမ်သွားလော့။ သို့မှသာ အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်နိုင်မည်ဖြစ်၏။
သင်တို့၏ ပညတ်ကျမ်းတွင်လည်း လူနှစ်ဦးထွက်ဆိုသော သက်သေသည် ညီလျှင် ထိုသက်သေ ခိုင်လုံကြောင်း ရေးသားထား၏။
ဘုရားသခင်သည် မောရှေအား “ငါကျေးဇူးပြုလိုသောသူကို ကျေးဇူးပြုမည်။ ငါသနားလိုသောသူကို သနားမည်” ဟု မိန့်တော်မူ၏။
ယခု ကျွန်ုပ်သည် တတိယအကြိမ် သင်တို့ထံသို့ လာခဲ့မည်။ ကျမ်းစာ၌ “အမှုကိစ္စမှန်သမျှကို သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦးတို့၏ ထွက်ဆိုချက်အရ အတည်ပြုဆုံးဖြတ်ရမည်” ဟု ဖော်ပြထား၏။
သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။
ကောင်းကင်တမန်များမှတစ်ဆင့် မိန့်တော်မူသော ဘုရားသခင်၏ တရားတော်သည် စစ်မှန်သောကြောင့် ထိုတရားတော်ကို ချိုးဖောက်၍ မနာခံသူများသည် မိမိတို့နှင့် ထိုက်သင့်သော အပြစ်ဒဏ်ကို ခံကြရသည်မှန်လျှင်
ကရုဏာကင်းမဲ့သောသူသည် ကရုဏာကင်းမဲ့စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာထားသောသူသည် ဘုရားသခင်တရားစီရင်မည့်နေ့တွင် ကြောက်ရွံ့နေရန် မလိုပေ။