ဟေဗြဲ 10:28 - Common Language Bible28 မောရှေ၏ပညတ်တရားကိုမစောင့်ထိန်းသူ ယုဒအမျိုးသားမှန်သမျှသည် အသိသက် သေနှစ်ဦးသုံးဦး၏ထွက်ဆိုချက်အရ အပြစ်ရှိကြောင်းတွေ့ရှိရပါမူ၊ သနား ညှာတာမှုမရှိဘဲသေဒဏ်ပေးခြင်းကို ခံကြရ၏။- အခန်းကိုကြည့်ပါ။Garrad Bible28 မော ရှေ၏ တ ရား တော် ကို ငြင်း ပယ် သူ သည် သက် သေ နှစ် ဦး သုံး ဦး ထွက် ဆို သော် သ နား ခြင်း ကင်း လျက် သေ ဒဏ် ခံ ရ သည် မှန် လျှင် ဘု ရား သ ခင့် သား တော် ကို ကျော် နင်း ၍၊ အခန်းကိုကြည့်ပါ။Judson Bible28 မောရှေ၏တရားကို ပယ်သောသူမည်သည်ကား၊ သက်သေခံ နှစ်ဦးသုံးဦးရှိလျှင်၊ သနားခြင်းကို မခံရဘဲ သေရ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း28 မောရှေ၏ပညတ်တရားကိုငြင်းပယ်သောသူသည် သက်သေနှစ်ဦး၊ သို့မဟုတ် သုံးဦး၏သက်သေခံချက်အားဖြင့် သက်ညှာခြင်းမရှိဘဲ သေဒဏ်ခံရ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း28 မောရှေ၏ ပညတ်တရားကို နာခံရန် ငြင်းဆန်သောသူသည် သက်သေခံသူ နှစ်ဦး၊ သုံးဦး၏ထွက်ဆိုချက်အရ သက်ညှာခြင်းကို မခံရဘဲ သေဒဏ်ပေးခြင်းကို ခံရ၏။ အခန်းကိုကြည့်ပါ။ |
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-