ဟေဗြဲ 10:27 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ တရားစီရင်ခြင်းကိုလည်းကောင်း၊ ရန်သူများကို လောင်စေမည့်ပြင်းထန်သောမီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေရုံမျှသာ ရှိတော့မည်။ Common Language Bible ငါတို့သည်တရားစီရင်တော်မူခြင်းကိုလည်း ကောင်း၊ ဘုရားသခင်ကိုအတိုက်အခံပြုသူ တို့အားကျွမ်းလောင်စေမည့်အမျက်တော်မီး ကိုလည်းကောင်းကြောက်ရွံ့တုန်လှုပ်လျက်စောင့် မျှော်နေကြရန်သာရှိတော့၏။- Garrad Bible စီ ရင် ဆုံး ဖြတ် ခံ ရ မည် ဟု ကြောက် ရွံ့ ခြင်း ဒဏ်၊ ဖီ ဆန် သူ တို့ ကို ကျွမ်း လောင် မည့် မီး ပြင်း ဒဏ် သာ ရှိ၏။ Judson Bible ဒဏ်စီရင်ခြင်းကိုခံရမည်ဟု ကြောက်မက်ဖွယ်သော မျှော်လင့်ရသောအကြောင်း၊ ငြင်းဆန်သော သူတို့ကို ဖျက်ဆီးဖို့ရာ အမျက်တော် မီးလောင်ခြင်းကို ခံရသောအကြောင်းရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း တရားစီရင်ခြင်းကိုလည်းကောင်း၊ ဆန့်ကျင်သောသူတို့ကိုဝါးမျိုမည့် အမျက်တော်မီးကိုလည်းကောင်း ကြောက်ရွံ့လျက် စောင့်နေကြရန်သာရှိတော့၏။ |
ထို့နောက် ဆိုးသွမ်းသူများကို မီးဖိုထဲသို့ ပစ်ချကြသဖြင့် သူတို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်” ဟု မိန့်တော်မူ၏။
ထို့နောက် ရှင်ဘုရင်က လက်ဝဲတော်ဘက်၌ ရှိသောသူတို့အား ‘ကျိန်ဆဲခြင်းခံရသောသူတို့… ငါ့ထံမှ ထွက်သွားကြလော့။ မာရ်နတ်နှင့် သူ၏ နတ်ဆိုးများအတွက် ပြင်ဆင်ထားသောထာဝရမီးထဲသို့ သွားကြလော့။
သစ်ပင်အမြစ်နားတွင် ပုဆိန်ကို ချထားပြီ။ ထို့ကြောင့် ကောင်းသောအသီး မသီးသည့်အပင်ရှိသမျှတို့သည် ခုတ်လှဲခံရ၍ မီးထဲသို့ ပစ်ချခံရလိမ့်မည်။
ထိုအရှင်သည် မိမိ၏ဆန်ကောဖြင့် ဂျုံစပါးထဲမှအဖျင်းကို လှေ့ရန် အသင့်ရှိတော်မူပြီ။ ထို့နောက် ကောက်နယ်တလင်းကို ရှင်းလင်း၍ ဂျုံစပါးကို ကျီတွင် စုသိမ်းကာ အဖျင်းကိုမူ မငြိမ်းနိုင်သောမီးနှင့် ရှို့တော်မူလိမ့်မည်” ဟု ဆိုလေ၏။
ထိုသူတို့က “ဘုရားသခင်၏သားတော်… ကိုယ်တော်သည် အကျွန်ုပ်တို့နှင့် မည်သို့ဆိုင်သနည်း။ ဘုရားသခင် သတ်မှတ်ထားတော်မူသော အချိန်မတိုင်မီ ကိုယ်တော်သည် အကျွန်ုပ်တို့ကို ညှဉ်းဆဲရန် ဤနေရာသို့ ကြွလာတော်မူသလော” ဟူ၍ ယေရှုကို အော်ဟစ်ပြောဆိုကြ၏။
ထိုအခါ သူဌေးကြီးက ‘အဖအာဗြဟံ… အကျွန်ုပ်ကို သနားပါ။ အကျွန်ုပ်သည် မီးတောက်များထဲတွင် ပြင်းထန်စွာ ဝေဒနာခံစားနေရပါ၏။ သို့ဖြစ်၍ လာဇရုကို စေလွှတ်၍ သူ၏လက်ဖျားကို ရေ၌ နှစ်စေကာ အကျွန်ုပ်လျှာကို အေးစေပါ’ ဟု တောင်းပန်ပြောဆို၏။
ထို့ပြင် ငါ၏အုပ်ချုပ်မှုကို မလိုလားသောရန်သူများကို ဤနေရာသို့ ခေါ်လာ၍ ငါ့ရှေ့တွင် သတ်ကြလော့’ ဟု ဆိုလေ၏” ဟူ၍ မိန့်တော်မူ၏။
ကောင်းကင်တန်ခိုးတို့သည် တုန်လှုပ်ကြမည်ဖြစ်သဖြင့် ကမ္ဘာပေါ်တွင်ကျရောက်လာမည့် ဘေးများကို လူတို့သည် ကြိုမြင်လျက် ကြောက်ရွံ့၍ သတိလစ်မေ့မြောကြလိမ့်မည်။
ထို့နောက် လူတို့က တောင်များကို ‘ငါတို့အပေါ်ပြိုကျပါ’ ဟူ၍လည်းကောင်း၊ တောင်ကုန်းများကို ‘ငါတို့အားဖုံးအုပ်ကြပါ’ ဟူ၍လည်းကောင်း ပြောဆိုကြလိမ့်မည်။
ကောင်းမှုပြုသောသူတို့သည် သေရာမှ ထမြောက်၍ ပြန်ရှင်လိမ့်မည်။ မကောင်းမှုပြုသောသူတို့သည် သေရာမှထမြောက်၍ အပြစ်စီရင်ခြင်းခံရလိမ့်မည်။
သင်တို့အား မိန့်တော်မူသော အရှင်ကို မငြင်းပယ်မိစေရန် သတိပြုလော့။ အကယ်၍ မြေကြီးပေါ်ရှိ သတိပေးသူများကို မနာခံသောအစ္စရေးလူမျိုးသည် ပြစ်ဒဏ်မှ မလွတ်မြောက်နိုင်လျှင် ကောင်းကင်ဘုံမှ သတိပေးသော ဘုရားသခင်ကို မနာခံသောအခါ ပြစ်ဒဏ်မှ ပို၍ လွတ်မြောက်စရာအကြောင်းမရှိ။
ဤမျှထူးမြတ်သည့်ကယ်တင်ခြင်းတရားကို ကျွန်ုပ်တို့ လျစ်လျူရှုပါက အပြစ်ဒဏ်မှ မည်သို့လွတ်မြောက်နိုင်ကြမည်နည်း။ ဤကယ်တင်ခြင်းတရားကို သခင်ဘုရားကိုယ်တိုင် ဦးစွာ ဟောတော်မူပြီးနောက် ကြားနာသူများက ကျွန်ုပ်တို့အား ထိုတရားတော်မှန်ကန်ကြောင်း အတည်ပြုပေးခဲ့ကြ၏။
လူတို့သည် တစ်ကြိမ်တည်းသာ သေရပြီးနောက် တရားစီရင်တော်မူခြင်းကို ရင်ဆိုင်ရသကဲ့သို့
သင်တို့၏ရွှေငွေများသည် အကြေးအညှိတက်၍ ပျက်စီးလေပြီ။ ထိုအကြေးအညှိသည် သင်တို့ကို တရားခွင်၌ စွပ်စွဲမည့် သက်သေဖြစ်ပြီး သင်တို့၏ကိုယ်ခန္ဓာကို မီးကဲ့သို့ လောင်ကျွမ်းပျက်စီးစေလိမ့်မည်။ သင်တို့သည် နောက်ဆုံးသောနေ့ရက်များ၌ စည်းစိမ်ဥစ္စာများကို သိုထားကြလေပြီ။