သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
ဟေဗြဲ 10:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စည်းဝေးခြင်းကို လူတချို့လွှဲရှောင်သကဲ့သို့ မလွှဲရှောင်ဘဲ အချင်းချင်းအားပေးတိုက်တွန်းကြလော့။ ကိုယ်တော်ပြန်လည်ကြွလာမည့်နေ့ရက်သည် နီးကပ်လာသည်ကို ထောက်လျက် ပို၍ တိုက်တွန်းကြလော့။ Common Language Bible အချင်းချင်းတွေ့ဆုံဝတ်ပြုသည့်အလေ့အထ ကို လူအချို့တို့စွန့်လွှတ်သကဲ့သို့ငါတို့သည် မပြုဘဲနေကြစို့။ တရားစီရင်တော်မူရာ နေ့ရက်နီးကပ်လာသည်ကိုထောက်သဖြင့် ငါတို့သည်ပို၍တစ်ယောက်ကိုတစ်ယောက် အားပေးကြကုန်အံ့။ Garrad Bible အ ချို့ တို့ ဓ လေ့ အ တိုင်း စည်း ဝေး ဝတ် ကို မ လှပ် ထား ဘဲ နေ့ တော် နီး ကြောင်း သင် တို့ မျှော် မြင် သည့် အ လျောက် အ ချင်း ချင်း အား အ ထူး နှိုး ဆော် ခြင်း များ ကို ပြု ကြ ကုန် အံ့။ Judson Bible လူအချို့တို့၏ ထုံးစံရှိသည်အတိုင်း၊ အချင်းချင်း စည်းဝေးခြင်းအမှုကို မရှောင်မလွှဲကြနှင့်။ အချင်းချင်းတို့ကို တိုက်တွန်းနှိုးဆော်ကြလော့။ ကာလအချိန် ရောက်လုနီးသည်ကို ထောက်သဖြင့်၊ သာ၍ ကြိုးစားကြလော့။ မြန်မာ့စံမီသမ္မာကျမ်း အချို့သောသူတို့ပြုလေ့ရှိသကဲ့သို့ အတူတကွစည်းဝေးခြင်းအမှုကို မပစ်ပယ်ဘဲ အချင်းချင်းတိုက်တွန်းနှိုးဆော်၍ နေ့ရက်တော်နီးကပ်လာသည်ကိုတွေ့မြင်ရသည်နှင့်အမျှ ပို၍ထိုသို့ပြုကြကုန်စို့။ |
သင်တို့အား ငါအမှန်ဆို၏။ တရားစီရင်သောနေ့တွင် ထိုမြို့သည် ဆိုးသွမ်းသည့်သောဒုံမြို့နှင့် ဂေါမောရမြို့ထက် ပို၍အပြစ်ဒဏ်ခံရလိမ့်မည်။
လူနှစ်ဦး၊ သို့မဟုတ် သုံးဦးသည် ငါ့အမည်နာမကိုအမှီပြု၍ စုရုံးကြလျှင် ထိုနေရာတွင် ငါသည်သူတို့နှင့်အတူရှိသည်” ဟု မိန့်တော်မူ၏။
ငါနှင့် ငါ့စကားကို ငြင်းပယ်သောသူတို့သည် ငါဟောပြောသော တရားစကားများအတိုင်း တရားစီရင်ရာနေ့တွင် အပြစ်စီရင်ခြင်း ခံကြရမည်။
တစ်နေ့တွင် ကျွန်ုပ်တို့သည် ဆုတောင်းရာအရပ်သို့ သွားနေစဉ် ဗေဒင်ဟောတတ်သောနတ်ပူးနေသည့် အစေခံအမျိုးသမီးတစ်ဦးကို တွေ့ကြ၏။ ထိုသူသည် ဗေဒင်ဟောခြင်းဖြင့် မိမိသခင်တို့အတွက် ဝင်ငွေများစွာ ရှာဖွေပေးလျက်ရှိ၏။
ပင်တေကုတ္တေပွဲနေ့ရောက်သောအခါ ယုံကြည်သူအပေါင်းတို့သည် တစ်နေရာတည်းတွင် အတူတကွ စုဝေးနေကြ၏။
ထိုယုံကြည်သူများသည် တမန်တော်တို့၏ သွန်သင်မှုကိုခံယူခြင်း၊ မိတ်သဟာယဖွဲ့ခြင်း၊ မုန့်ကိုဖဲ့ခြင်းနှင့် ဆုတောင်းခြင်းတို့ကို အမြဲဆောင်ရွက်ကြ၏။
ရက်သတ္တပတ်၏ပထမနေ့ရက်၌ ကျွန်ုပ်တို့သည် မုန့်ကိုချိုးဖဲ့ရန် အတူတကွစုဝေးကြ၏။ ပေါလုသည် နောက်တစ်ရက်တွင် ထိုမြို့မှ ထွက်ခွာရန် ရည်ရွယ်ထားသောကြောင့် ညသန်းခေါင်အချိန်ထိ တရားတော်ကို ဟောပြောလျက်နေ၏။
နှစ်သိမ့်အားပေးခြင်းဖြစ်လျှင် နှစ်သိမ့်အားပေးကြရမည်။ ပေးကမ်းဝေမျှခြင်းဖြစ်လျှင် ရက်ရောစွာ ပေးကမ်းကြရမည်။ ဦးဆောင်ခြင်းဖြစ်လျှင် လုံ့လဝီရိယဖြင့် ဦးဆောင်ကြရမည်။ ကြင်နာမစခြင်းဖြစ်လျှင် စေတနာစိတ်နှင့် မစကြရမည်။
သင်တို့သည် စုဝေးကြသောအခါ သခင်ဘုရား၏ ပွဲတော်ကို စားကြသည်ဟု ထင်မှတ်သော်လည်း အမှန်တွင် ထိုသို့မဟုတ်။
ထို့ကြောင့် အသင်းတော်တစ်ခုလုံးစုဝေး၍ အခြားဘာသာစကားများဖြင့် ပြောဆိုနေကြစဉ် အကျွမ်းတဝင်မရှိသေးသောသူများနှင့် မယုံကြည်သူများ ဝင်လာလျှင် သင်တို့ကို ရူးနေကြပြီဟု ပြောကြမည်မဟုတ်လော။
ပရောဖက်ပြုဟောပြောသောသူကမူ လူတို့အား ဆောက်တည်စရာစကား၊ အားပေးစကား၊ နှစ်သိမ့်စကားတို့ကို ဟောပြော၏။
ထိုသူအသီးသီးတို့၏ လုပ်ဆောင်မှုသည် ပေါ်လာလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် တရားစီရင်ရာနေ့၌ ထိုသူတို့၏ လုပ်ဆောင်မှုကို မီးသည် ဖော်ပြမည်ဖြစ်သောကြောင့်ပင်။ ထိုမီးသည် လူအသီးသီးတို့၏ လုပ်ဆောင်မှုအရည်အသွေးရှိမရှိကို စစ်ဆေးလိမ့်မည်။
သင်တို့၏ ထောက်ထားညှာတာသော သဘောထားကို လူအပေါင်းတို့အား သိစေကြလော့။ သခင်ဘုရား ကြွလာမည့်အချိန် နီးပြီ။
ထို့ကြောင့် ယခု သင်တို့လုပ်ဆောင်နေသည့်အတိုင်း အချင်းချင်းအားပေးလျက် တည်ဆောက်ပေးကြလော့။
မေတ္တာထားရန်နှင့် ကောင်းမှုပြုရန် အချင်းချင်း မည်သို့နှိုးဆော်ရမည်ကို စဉ်းစားဆင်ခြင်ကြပါစို့။
အဘယ်ကြောင့်ဆိုသော် “ကြွလာတော်မူမည့် အရှင်သည် မနှောင့်နှေးဘဲ အချိန်အနည်းငယ်အတွင်း ကြွလာလိမ့်မည်။
ညီအစ်ကိုမောင်နှမတို့… ကျွန်ုပ်သည် သင်တို့ထံ အကျဉ်းချုံး ရေးလိုက်ခြင်းသာ ဖြစ်၍ ကျွန်ုပ်၏ အားပေးတိုက်တွန်းစကားကို နားထောင်ကြရန် ကျွန်ုပ်တိုက်တွန်းနိုးဆော်ပါ၏။
သင်တို့သည် အပြစ်၏လှည့်စားမှုကြောင့် ခေါင်းမာသူများမဖြစ်ရန် “ယနေ့” ဟု ခေါ်သော နေ့စဉ်နေ့တိုင်း အချင်းချင်းအားပေးတိုက်တွန်းကြလော့။
မကြာမီ သခင်ဘုရားကြွလာတော်မူမည် ဖြစ်သောကြောင့် သင်တို့သည်လည်း စိတ်ရှည်သည်းခံ၍ တည်ကြည်လျက် နေကြလော့။
အရာအားလုံး၏ နောက်ဆုံးချိန်သည် နီးကပ်လာသောကြောင့် ဆုတောင်းနိုင်ရန်အတွက် မိမိတို့စိတ်ကို ချုပ်တည်းလျက် သတိရှိကြလော့။
အရာအားလုံးသည် ဤနည်းအားဖြင့် ဖျက်ဆီးခံရမည်ဖြစ်သောကြောင့် သင်တို့သည် မည်သို့သောသူများ ဖြစ်သင့်သနည်း။ သန့်ရှင်းစွာ ပြုမူနေထိုင်လျက် ဘုရားတရားကိုင်းရှိုင်းခြင်းဖြင့်
ထို့ကြောင့် ချစ်ရသောသူတို့… သင်တို့သည် ဤအရာများကို မျှော်လင့်နေသည်ဖြစ်၍ ကိုယ်တော်၏ ရှေ့တော်၌ အစွန်းအထင်း၊ အပြစ်အနာအဆာကင်းလျက် ငြိမ်းချမ်းစွာ ရှိနိုင်ရန် ကြိုးစားအားထုတ်ကြလော့။
လူတချို့ ထင်မှတ်သကဲ့သို့ ထာဝရဘုရားသည် မိမိကတိတော်အတိုင်းပြုရန် နှောင့်နှေးတော်မူသည်မဟုတ်။ ကိုယ်တော်သည် မည်သူမျှ မပျက်စီးဘဲ လူတိုင်း နောင်တရစေရန် အလိုတော်ရှိ၍ သင်တို့အပေါ် စိတ်ရှည်တော်မူခြင်းသာဖြစ်၏။
ဤသူတို့သည် စိတ်ဝမ်းကွဲစေသောသူ၊ ဝိညာဉ်တော်ကို မရရှိသည့် လူ့ဗီဇစိတ်အလိုတိုင်းလိုက်သောသူများဖြစ်ကြ၏။