၁ ကော 11:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း20 သင်တို့သည် စုဝေးကြသောအခါ သခင်ဘုရား၏ ပွဲတော်ကို စားကြသည်ဟု ထင်မှတ်သော်လည်း အမှန်တွင် ထိုသို့မဟုတ်။ အခန်းကိုကြည့်ပါ။Common Language Bible20 သင်တို့သည်စုရုံးကြသောအခါသခင် ဘုရား၏ပွဲတော်မင်္ဂလာဝင်ရန်အတွက်မဟုတ်။- အခန်းကိုကြည့်ပါ။Garrad Bible20 သင် တို့ သည် စည်း ဝေး စု ရုံး ကြ သော် ထို အ တွက် ကြောင့် အ ရှင် ဘု ရား ၏ ပွဲ တော် ကို စား ရာ မ ရောက် နိုင် ကြ။ အခန်းကိုကြည့်ပါ။Judson Bible20 သင်တို့သည် အတူစည်းဝေးကြသောအခါ၊ သခင်ဘုရား၏ ပွဲတော်ကို စားအံ့သောငှာ စည်းဝေးကြသည်မဟုတ်။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 သို့ဖြစ်၍ သင်တို့သည် အတူတကွစုဝေးကြသောအခါ သခင်ဘုရား၏ပွဲတော်ကိုစားသောက်ရန် စုဝေးကြသည်မဟုတ်။ အခန်းကိုကြည့်ပါ။ |
သူတို့ပြုခဲ့သော မတရားမှုအတွက် မတရားမှုဖြင့် ပြန်လည်ပြုမူခံရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ လွန်ကြူးစွာ ပျော်ပါးသောက်စားခြင်းကို ပျော်ရွှင်မှုဟု ထင်မှတ်ကြ၏။ သင်တို့နှင့်အတူ ချစ်ခြင်းမေတ္တာပွဲတွင် စားသောက်ကြသော်လည်း လှည့်စားမှု၌ ပျော်မွေ့ကြ၍ သူတို့သည် အစွန်းအထင်း အပြစ်အနာအဆာသဖွယ် ဖြစ်ကြ၏။
သူတို့သည် သင်တို့၏ ချစ်ခြင်းမေတ္တာပွဲတွင် သင်တို့နှင့်အတူ စားသောက်သောအခါ မရှက်ကြောက်ဘဲ ကိုယ့်အဖို့သာ ဂရုစိုက်၍ ပွဲ၌ အန္တရာယ်ရှိသောငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့သည် လေတိုက်၍ လွင့်သည့် မိုးရေမပါသော တိမ်များနှင့်တူ၏။ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါပြန်သေရသော အသီးမသီးသည့်ဆောင်းဦးသစ်ပင်နှင့်တူ၏။