၁ ကော 11:21 - ခေတ်သစ်မြန်မာ သမ္မာကျမ်း21 အဘယ်ကြောင့်ဆိုသော် သင်တို့ထဲမှ တချို့သည် မိမိအစားအစာကို မည်သူ့ကိုမျှ မဝေမျှဘဲ မိမိဘာသာ စားနှင့်ကြသောကြောင့် ဆာသူကဆာ၊ မူးသူကမူး ဖြစ်နေကြ၏။ အခန်းကိုကြည့်ပါ။Common Language Bible21 သင်တို့တစ်ဦးစီသည်ကိုယ့်အစာကိုအလျင် စားကြသဖြင့်ဆာသူကဆာ၊ သေသောက်ကြူး သူကကြူးလျက်ရှိကြသည်။- အခန်းကိုကြည့်ပါ။Garrad Bible21 သင် တို့ စား သောက် ကြ သည် တွင် တစ် ဦး ထက် တစ် ဦး သည် ကိုယ့် အ စာ ကို တင် ရင် စား သောက် ကြ သ ဖြင့် တစ် ဦး ဆာ မွတ် လျက် တစ် ဦး ယစ် ဝ လျက် ရှိ လေ စွ တ ကား။ အခန်းကိုကြည့်ပါ။Judson Bible21 အကြောင်းမူကား၊ သင်တို့သည် စားကြသည်တွင် ကိုယ်စီကိုယ်စီ မိမိအစာကိုအရင်ယူ၍၊ တချို့ကား ဆာမွတ်လျက်၊ တချို့ကား စားသောက်ကြူးလျက်ရှိကြ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 အကြောင်းမူကား စားသောက်ကြရာတွင် အသီးသီးတို့သည် သူတစ်ပါးကိုမစောင့်ဘဲ မိမိညစာကို စားကြသောကြောင့် မူးသူကမူး၊ ဆာသူကဆာ ဖြစ်နေကြ၏။ အခန်းကိုကြည့်ပါ။ |
သူတို့ပြုခဲ့သော မတရားမှုအတွက် မတရားမှုဖြင့် ပြန်လည်ပြုမူခံရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ လွန်ကြူးစွာ ပျော်ပါးသောက်စားခြင်းကို ပျော်ရွှင်မှုဟု ထင်မှတ်ကြ၏။ သင်တို့နှင့်အတူ ချစ်ခြင်းမေတ္တာပွဲတွင် စားသောက်ကြသော်လည်း လှည့်စားမှု၌ ပျော်မွေ့ကြ၍ သူတို့သည် အစွန်းအထင်း အပြစ်အနာအဆာသဖွယ် ဖြစ်ကြ၏။
သူတို့သည် သင်တို့၏ ချစ်ခြင်းမေတ္တာပွဲတွင် သင်တို့နှင့်အတူ စားသောက်သောအခါ မရှက်ကြောက်ဘဲ ကိုယ့်အဖို့သာ ဂရုစိုက်၍ ပွဲ၌ အန္တရာယ်ရှိသောငုတ်ချွန်များ ဖြစ်ကြ၏။ သူတို့သည် လေတိုက်၍ လွင့်သည့် မိုးရေမပါသော တိမ်များနှင့်တူ၏။ အမြစ်မှ ဆွဲနှုတ်ခံရ၍ နှစ်ခါပြန်သေရသော အသီးမသီးသည့်ဆောင်းဦးသစ်ပင်နှင့်တူ၏။