Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




၁ ကော 11:22 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

22 ထိုသို့ စားသောက်​ရန်အတွက် သင်တို့​တွင် ကိုယ်ပိုင်​အိမ် မရှိသလော။ သို့မဟုတ် သင်တို့​သည် ဘုရားသခင်​၏ အသင်းတော်​ကို မထီမဲ့မြင်ပြု​၍ ဆင်းရဲသားတို့​ကို အရှက်ခွဲ​လို​သောကြောင့်လော။ ကျွန်ုပ် မည်သို့​ပြောရမည်နည်း။ သင်တို့​ကို ချီးမွမ်း​ရမည်လော။ ဤ​ကိစ္စ​တွင် သင်တို့​ကို ကျွန်ုပ်​မချီးမွမ်းနိုင်ပါ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

22 သင်​တို့​တွင်​စား​သောက်​ရန်​နေ​အိမ်​မ​ရှိ​သ​လော။ သို့​တည်း​မ​ဟုတ်​ဘု​ရား​သ​ခင်​၏​အ​သင်း​တော် ကို​ရှုတ်​ချ​၍ ဆင်း​ရဲ​သူ​တို့​အား​အ​ရှက်​ခွဲ​လို ကြ​သ​လော။ သင်​တို့​အား​အ​ဘယ်​သို့​ငါ​ပြော​ရ မည်​နည်း။ သင်​တို့​ကို​ချီး​ကူး​ရ​မည်​လော။ ဤ ကိစ္စ​တွင်​အ​ဘယ်​နည်း​နှင့်​မျှ​မ​ချီး​ကူး​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

22 စား သောက် မှု ပြု ရန် အိမ် များ မ ရှိ ကြ လော။ ဘု ရား သ ခင့် အ သင်း တော် ကို မ ထီ လေး စား ပြု၍ ဆင်း ရဲ သား တို့ အား အ ရှက် ခွဲ ရာ သ လော၊ ငါ မည် သို့ ဆို ရ အံ့ နည်း။ သင် တို့ ကို ချီး မွမ်း ရ မည် လော။ ဤ အ ချက်၌ မ ချီး မွမ်း ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

22 သင်​တို့​သည် စား​သောက်​ရာ​ဖို့ ကိုယ်​အိမ်​မ​ရှိ​သ​လော။ သို့​မ​ဟုတ်​လျှင်၊ ဘု​ရား​သ​ခင်၏ အ​သင်း​တော်​ကို မ​ထီ​မဲ့​မြင်​ပြု၍၊ ဆင်း​ရဲ​သော​သူ​တို့​ကို ရှက်​ကြောက် စေ​သ​လော။ အ​ဘယ်​သို့ ငါ​ဆို​ရ​မည်​နည်း။ ဤ​အ​မှု​မှာ သင်​တို့​ကို ချီး​မွမ်း​ရ​မည်​လော။ မ​ချီး​မွမ်း​ရ။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

22 သင်​တို့​၌ စား​သောက်​ရန် အိမ်​မ​ရှိ​သလော။ သို့မဟုတ် သင်​တို့​သည် ဘုရားသခင်​၏​အသင်းတော်​ကို မထီမဲ့မြင်​ပြု​၍ မ​ရှိ​ဆင်းရဲ​သား​တို့​ကို အရှက်ခွဲ​ကြ​သလော။ ငါ​သည် သင်​တို့​ကို မည်သို့​ပြော​ရ​မည်နည်း။ သင်​တို့​ကို ချီးမွမ်း​ရ​မည်​လော။ ဤ​အမှု​၌ ငါ​မ​ချီးမွမ်း​နိုင်။

အခန်းကိုကြည့်ပါ။ ကော်ပီ




၁ ကော 11:22
10 ပူးပေါင်းရင်းမြစ်များ  

ထို့ကြောင့် သင်တို့​သည် မိမိကိုယ်ကိုယ်​လည်းကောင်း၊ သိုးစု​အားလုံး​ကို​လည်းကောင်း ကြည့်ရှုပြုစုကြလော့။ သားတော်​၏​အသွေးတော်​နှင့် ရွေးဝယ်ထားသော​ဘုရားသခင်​၏​အသင်းတော်​ကို ထိန်းသိမ်းစောင့်ရှောက်​ရန် ထို​သိုးစုများ​ကို ကြည့်ရှုပြုစုသူများ​အဖြစ် သန့်ရှင်းသော​ဝိညာဉ်တော်​သည် သင်တို့​အား ခန့်ထားတော်မူ၏။


ကျွန်ုပ်​သည် လူများစွာ ကယ်တင်ခံရ​စေလို​သောကြောင့် ကိုယ်ကျိုး​ကို​မရှာဘဲ အများ​အကျိုး​ကိုသာ ရှာ​လျက် လုပ်ဆောင်လေ​ရာရာ​တွင် လူတိုင်း​၏ ကျေနပ်​နှစ်သက်မှု​ကို ရ​စေရန် ကြိုးစား၏။ သင်တို့​သည်လည်း ကျွန်ုပ်​ကဲ့သို့ ပြုကြလော့။ ဂျူးလူမျိုး၊ လူမျိုးခြား၊ ဘုရားသခင်​၏​အသင်းတော် စသည်တို့​ကို ထိမိ​၍ လဲစရာ မဖြစ်​စေရန် ကြိုးစားကြလော့။


သို့ရာတွင် ယခု​ပေးမည့်​ညွှန်ကြားချက်​တွင် သင်တို့​ကို ကျွန်ုပ်​မချီးမွမ်းနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် သင်တို့​စုဝေးကြ​သောအခါ ကောင်းကျိုး​ထက် ဆိုးကျိုး​ကို ဖြစ်စေ​သောကြောင့်​ပင် ဖြစ်၏။


သင်တို့​သည် ကျွန်ုပ်​ကို အစဉ်​သတိရ​၍ ကျွန်ုပ်​လက်ဆင့်ကမ်းခဲ့သော သွန်သင်ချက်များ​ကို လိုက်နာကြ​သောကြောင့် သင်တို့​ကို ကျွန်ုပ်​ချီးမွမ်း၏။


တစ်စုံတစ်ယောက်​သည် ဆာလောင်​ပါက အိမ်​၌ စားခဲ့လော့။ သို့မှသာ သင်တို့​စုဝေးကြ​သောအခါ ဘုရားသခင်​၏​ပြစ်ဒဏ်စီရင်ခြင်း ကင်းလွတ်မည်​ဖြစ်၏။ ကျန်သည့် ကိစ္စရပ်များ​ကို ကျွန်ုပ်​ရောက်လာ​သောအခါ ညွှန်ကြားမည်။


ကျွန်ုပ်​သည် တမန်တော်​ထဲတွင် အသေးနုပ်ဆုံးသောသူ ဖြစ်၏။ ဘုရားသခင်​၏ အသင်းတော်​ကို ညှဉ်းပန်းနှိပ်စက်ခဲ့သူ​ဖြစ်​သောကြောင့် တမန်တော်​ဟု ပင် ခေါ်ဝေါ်ခြင်း​ကို မခံထိုက်ပါ။


သို့မှသာ ကျွန်ုပ်​၏​ခရီး ကြန့်ကြာနေခဲ့လျှင်​လည်း ဘုရားသခင်​၏ အိမ်တော်​တွင် မည်သို့ ပြုမူရမည်​ကို သင်​သိနိုင်မည်။ ထို​အိမ်တော်​သည် အသက်ရှင်သော​ဘုရားသခင်​၏ အသင်းတော်​ဖြစ်ပြီး သမ္မာတရား​၏ မဏ္ဍိုင်​နှင့် အုတ်မြစ်​လည်း ဖြစ်၏။


မိမိ​အိမ်ထောင်​ကို ဦးမဆောင်​မစီမံနိုင်​လျှင် ဘုရားသခင်​၏ အသင်းတော်​ကို မည်သို့ ပြုစု​စောင့်ရှောက်​နိုင်မည်နည်း။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ