လေးလံသောဝန်ကိုထမ်း၍ ပင်ပန်းနေသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်းအေးချမ်းသာမှုကို ပေးမည်။
လုကာ 9:41 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “အို ယုံကြည်ခြင်းမဲ့၍ ဖောက်ပြန်သောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။ Common Language Bible သခင်ယေရှုက ``ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန် တတ်သောခေတ်လူတို့၊ ငါသည်သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍သည်းခံရမည်နည်း'' ဟု မိန့်တော်မူ၏။ ထိုနောက်ထိုသူအား ``သင်၏သား ကိုခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ Garrad Bible ယေ ရှု က ယုံ ကြည် ခြင်း ကင်း ၍ ကောက် ကျစ် သော အို လူ မျိုး၊ ငါ သည် သင် တို့ နှင့် မည် မျှ ကြာ ရှိ နေ၍ သည်း ခံ ရ မည် နည်း။ သား ကို ယူ ခဲ့ ဟု မိန့် တော် မူ သည့် အ တိုင်း၊ Judson Bible ယေရှုကလည်း၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“အို ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်လမ်းလွဲသောမျိုးဆက်၊ ငါသည် သင်တို့နှင့်အတူ မည်မျှကြာအောင်နေ၍ သင်တို့ကိုသည်းခံရမည်နည်း။ သင်၏သားကို ဤနေရာသို့ခေါ်ခဲ့လော့”ဟု မိန့်တော်မူ၏။ မြန်မာ ယေရှုကလည်း၊ ယုံကြည်ခြင်းမရှိ၊ ဖောက်ပြန်သောအမျိုး၊ ငါသည်သင်တို့နှင့်အတူ အဘယ်မျှ ကာလပတ်လုံး နေရမည်နည်း။ သင်တို့ကို အဘယ်မျှကာလပတ်လုံး သည်းခံရမည်နည်း။ သင်၏သားကို ငါ့ထံသို့ ယူခဲ့ဟု မိန့်တော်မူ၏။- |
လေးလံသောဝန်ကိုထမ်း၍ ပင်ပန်းနေသောသူအပေါင်းတို့ ငါ့ထံသို့လာကြလော့။ ငါသည် သင်တို့အား ငြိမ်းအေးချမ်းသာမှုကို ပေးမည်။
သို့ရာတွင် ယေရှုက “ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်။
ထိုအခါ နတ်ဆိုးသည် သွား၍ မိမိထက်ဆိုးညစ်သောနတ်ဆိုးခုနစ်ကောင်တို့ကို ခေါ်ပြီးလျှင် ထိုလူအထဲသို့ ဝင်၍ နေကြ၏။ ထိုလူ၏အခြေအနေသည်လည်း မူလထက် ပို၍ဆိုးသွမ်းလေ၏။ ဤဆိုးညစ်သောမျိုးဆက်သည်လည်း ထိုနည်းတူ ဖြစ်လိမ့်မည်” ဟု မိန့်တော်မူ၏။
ဆိုးညစ်၍ ဘုရားသခင်ကို မယုံကြည်သောမျိုးဆက်သည် နိမိတ်လက္ခဏာကို တောင်းတတ်၏။ သို့သော် ငါသည် ပရောဖက်ယောန၏နိမိတ်လက္ခဏာမှလွဲ၍ မည်သည့်နိမိတ်လက္ခဏာကိုမျှ ပြမည်မဟုတ်” ဟု မိန့်တော်မူ၏။ ထို့နောက် ယေရှုသည် သူတို့ထံမှ ထွက်ခွာ၍ ကြွတော်မူ၏။
ယေရှုက “အို ယုံကြည်ခြင်းမဲ့၍ ဖောက်ပြန်သောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံ ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
သင်တို့အား ငါအမှန်ဆို၏။ ဤစီရင်မှုရှိသမျှသည် ယခုရှိသောမျိုးဆက်များအပေါ် ကျရောက်လိမ့်မည်။
ဖာရိရှဲများနှင့် ဇဒ္ဒုကဲတို့သည်လည်း နှစ်ခြင်းမင်္ဂလာခံယူရန် ရောက်လာကြသည်ကို ယောဟန်မြင်သောအခါ “အို မြွေဆိုးအမျိုးတို့… ကျရောက်လာမည့် ဘုရားသခင်၏ အမျက်တော်မှ ထွက်ပြေးရန် သင်တို့ကို မည်သူက သတိပေးခဲ့သနည်း။
ယေရှုသည် ထိုအခြင်းအရာကို မြင်သောအခါ တပည့်တော်တို့ကို အမျက်တော်ထွက်၍ “ကလေးငယ်များ ငါ့ထံလာပါစေ။ သူတို့ကို မတားကြနှင့်။ ဘုရားသခင်၏နိုင်ငံတော်သည် ထိုသို့သောသူတို့၏ နိုင်ငံတော်ဖြစ်၏။
ယေရှုသည် အော်သံကို ကြားတော်မူသောအခါ ရပ်တော်မူ၍ “သူ့ကို ခေါ်ခဲ့လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့က “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်သည် သင့်ကို ခေါ်တော်မူသည်” ဟု ဆိုကြ၏။
ယေရှုက တပည့်တော်တို့အား “အို ယုံကြည်ခြင်းမရှိသောအမျိုး… ငါသည် သင်တို့နှင့် မည်မျှကြာကြာ အတူနေရမည်နည်း။ ငါသည် သင်တို့ကို မည်မျှကြာကြာ သည်းခံရမည်နည်း။ သူငယ်ကို ငါ့ထံသို့ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။
ကိုယ်တော်က သူတို့အား “သင်တို့၏ ယုံကြည်ခြင်းသည် အဘယ်မှာနည်း” ဟု မိန့်တော်မူ၏။ တပည့်တော်တို့သည် ကြောက်ရွံ့၍ အံ့အားသင့်လျက် “ဤသူသည် မည်သူနည်း။ သူအမိန့်ပေးသောအခါ လေနှင့်လှိုင်းတံပိုးတို့ပင်လျှင် သူ့ကို နာခံကြသည်” ဟု အချင်းချင်းပြောဆိုကြ၏။
အကျွန်ုပ်သည် ဆရာတော်၏တပည့်တော်များအား ထိုနတ်ဆိုးကို နှင်ထုတ်ပေးပါရန် တောင်းပန်သော်လည်း သူတို့သည် မတတ်နိုင်ကြပါ” ဟု အော်ဟစ်၍ လျှောက်လေ၏။
ထိုသူငယ်လာစဉ် နတ်ဆိုးသည် သူ့အား မြေပေါ်သို့ လှဲ၍ တက်စေ၏။ သို့သော်လည်း ယေရှုက ထိုနတ်ဆိုးအား ဆုံးမ၍ ထိုသူငယ်ကို ကျန်းမာစေတော်မူပြီးလျှင် ဖခင်ထံသို့ ပြန်အပ်ပေးတော်မူ၏။
ယေရှုက “ဖိလိပ္ပု… ငါသည် သင်နှင့်အတူ အမြဲရှိနေခဲ့ပါလျက်နှင့် ငါမည်သူဖြစ်သည်ကို ယခုတိုင်အောင် မသိသေးသလော။ ငါ့ကို မြင်သောသူသည် ခမည်းတော်ကို မြင်၏။ သို့ဖြစ်လျှင် သင်သည် ခမည်းတော်ကို အကျွန်ုပ်တို့အား ပြပါဟု အဘယ်ကြောင့်ဆိုသနည်း။
ထို့နောက် ယေရှုသည် သောမအား “သင့်လက်ညှိုးဖြင့် ဤနေရာကို စမ်း၍ ငါ့လက်တို့ကို ကြည့်လော့။ သင့်လက်ဖြင့် ငါ့နံဘေးရှိ ဒဏ်ရာကိုလည်း စမ်းကြည့်လော့။ သံသယမဖြစ်နှင့်။ ယုံကြည်လော့” ဟု မိန့်တော်မူ၏။
ထို့နောက် ပေတရုသည် အခြားစကားများဖြင့် သက်သေခံဟောပြောပြီးနောက် “ပျက်စီးလျက်ရှိသောဤမျိုးဆက်မှ မိမိကိုယ်ကိုယ်ကယ်နုတ်ကြလော့” ဟု တိုက်တွန်းနိုးဆော်လေ၏။
သို့မဟုတ် ဘုရားသခင်၏ ကြင်နာခြင်းသည် သင့်ကို နောင်တရစေရန်ဖြစ်သည်ကို နားမလည်ဘဲ ကိုယ်တော်၏ ကြွယ်ဝသောကျေးဇူးပြုခြင်း၊ စိတ်ရှည်ခြင်းနှင့် သည်းခံခြင်းတို့ကို သင်သည် မထီမဲ့မြင်ပြုသလော။
သို့ဖြစ်၍ သူတို့သည် မယုံကြည်သောကြောင့် ဘုရားသခင်၏ စံမြန်းနားခိုရာထဲသို့ မဝင်နိုင်ကြသည်ကို ကျွန်ုပ်တို့သိ၏။
ထို့ကြောင့် ကျွန်ုပ်တို့သည် ထိုစံမြန်းနားခိုရာနေရာသို့ ဝင်ရန် ကြိုးစားကြစို့။ ထိုသို့မဟုတ်လျှင် တစ်ချိန်က အစ္စရေးလူမျိုးတို့သည် မနာခံသောကြောင့် ထိုစံမြန်းနားခိုရာနေရာသို့ မဝင်နိုင်ကြသကဲ့သို့ ကျွန်ုပ်တို့သည်လည်း ဝင်နိုင်ကြမည် မဟုတ်။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ထိုသူတို့နည်းတူ သတင်းကောင်းကို ကြားရသောကြောင့်ဖြစ်၏။ သူတို့မှာမူ ကြားရသော်လည်း မယုံကြည်သောကြောင့် သူတို့အတွက် အကျိုးမရှိ။
ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။