Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




လုကာ 9:42 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

42 ထို​သူငယ်​လာ​စဉ် နတ်ဆိုး​သည် သူ့​အား မြေပေါ်​သို့ လှဲ​၍ တက်စေ၏။ သို့သော်လည်း ယေရှု​က ထို​နတ်ဆိုး​အား ဆုံးမ​၍ ထို​သူငယ်​ကို ကျန်းမာစေတော်မူ​ပြီးလျှင် ဖခင်​ထံသို့ ပြန်အပ်ပေးတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

42 သူ​ငယ်​လာ​နေ​စဉ်​ပင်​နတ်​မိစ္ဆာ​သည်​သူ့​အား​မြေ ပေါ်​သို့​လှဲ​၍​တုန်​တက်​စေ​၏။ သ​ခင်​ယေ​ရှု​သည် နတ်​မိစ္ဆာ​အား​အ​မိန့်​ပေး​၍​သူ​ငယ်​ကို​ကျန်း​မာ စေ​တော်​မူ​ပြီး​နောက်​ဖ​ခင်​အား​ပြန်​လည်​ပေး အပ်​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

42 လာ စဉ် ပင် နတ် သည် သူ ငယ် ကို လှဲ ချ ၍ ပြင်း စွာ တုန် တက် စေ၏။ ထို အ ခါ ယေ ရှု သည် ထို နတ် ဆိုး ကို ဆုံး မ၍ သူ ငယ် ကို ကျန်း မာ စေ ပြီး လျှင် အ ဘ ထံ ပြန် အပ် တော် မူ ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

42 သူ​ငယ်​လာ​စဉ်​ပင် နတ်​ဆိုး​သည် မြေ​ပေါ်​မှာ​လှဲ၍ တောင့်​မာ​စေ၏။ ယေ​ရှု​သည် ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ ထို​သူ​ငယ်​ကို ချမ်း​သာ​စေ​ပြီး​မှ အ​ဘ​အား အပ်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

42 သူငယ်​လာ​နေ​စဉ်တွင် နတ်ဆိုး​သည် သူ့​ကို​လှဲချ​ကာ တက်​စေ​၏။ ယေရှု​သည် ညစ်ညူး​သော​နတ်​ကို​ဆုံးမ​၍ သူငယ်​ကို​ကျန်းမာ​စေ​ပြီးလျှင် သူ့​ကို ဖခင်​ထံ ပြန်အပ်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

42 သူ​ငယ်​လာ​စဉ်​ပင် နတ်​ဆိုး​သည် မြေ​ပေါ်​မှာ​လှဲ၍ တောင့်​မာ​စေ၏။ ယေ​ရှု​သည် ညစ်​ညူး​သော​နတ်​ကို ဆုံး​မ၍ ထို​သူ​ငယ်​ကို ချမ်း​သာ​စေ​ပြီး​မှ အ​ဘ​အား အပ်​ပေး​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 9:42
12 ပူးပေါင်းရင်းမြစ်များ  

ထိုအခါ သူတို့​သည် သူငယ်​ကို ခေါ်ဆောင်လာကြ၏။ နတ်ဆိုး​သည် ယေရှု​ကို မြင်သည်​နှင့်​တစ်ပြိုင်နက် သူငယ်​ကို ပြင်းထန်​စွာ တက်စေ​သဖြင့် သူသည် မြေပေါ်​တွင် လှဲ​လျက် ပါးစပ်​မှလည်း​အမြှုပ်များ​ထွက်​ကာ လူးလိမ့်နေလေ၏။


ထို​လူသေ​သည် ထထိုင်​၍ စကားပြောလေ၏။ ယေရှု​ကလည်း ထို​သူ​ကို မိခင်​ထံသို့ အပ်ပေးလေ၏။


နတ်ဆိုး​ဝင်ပူး​သဖြင့် သူ​သည် ရုတ်တရက်​အော်ဟစ်တတ်ပါ၏။ သူ​၏ ပါးစပ်​မှ အမြှုပ်များ​ထွက်သည်​တိုင်အောင် နတ်ဆိုး​သည် သူ့​ကို တက်စေပါ၏။ သူ့​ကို ကုတ်ဖဲ့နာကျင်စေ​ပြီး သူ့​အထဲ​မှ အလွန်​ထွက်ခဲပါ၏။


ယေရှု​က “အို ယုံကြည်ခြင်း​မဲ့​၍ ဖောက်ပြန်သော​အမျိုး… ငါ​သည် သင်တို့​နှင့် မည်မျှ​ကြာကြာ အတူ​နေရမည်နည်း။ ငါ​သည် သင်တို့​ကို မည်မျှ​ကြာကြာ သည်းခံရမည်နည်း။ သင်​၏​သား​ကို ငါ့​ထံသို့​ခေါ်ဆောင်ခဲ့ကြလော့” ဟု မိန့်တော်မူ၏။


လူ​အပေါင်း​သည် ဘုရားသခင်​၏​အံ့ဖွယ်​တန်ခိုးတော်​ကို မြင်တွေ့ရ​၍ အံ့သြချီးမွမ်းကြ၏။ လူ​အပေါင်းတို့​သည် ယေရှု​ပြုတော်မူသော အခြင်းအရာ​ခပ်သိမ်း​တို့​ကို အံ့သြ​လျက်​နေကြ​စဉ် ယေရှု​က တပည့်တော်တို့​အား


သုံးလေးမိုင်​ခန့် လှော်ခတ်ပြီး​သောအခါ ယေရှု​သည် ရေပေါ်​တွင် လမ်းလျှောက်​လျက် လှေ​ရှိရာသို့ ကြွလာသည်​ကို သူတို့ မြင်​၍ ကြောက်လန့်​ကြကုန်၏။


ပေတရု​သည် မိမိ​လက်​ကို​ကမ်း​၍ သူ့​ကို​ဆွဲထူပြီး​လျှင် ယုံကြည်သူများ​နှင့် မုဆိုးမများ​ကို​ခေါ်​ကာ အသက်ရှင်လျက်ရှိသော​တဗိသ​ကို သူတို့​အား အပ်လေ၏။


ထို့ကြောင့် ကောင်းကင်ဘုံ​နှင့် ကောင်းကင်ဘုံ​၌ စံမြန်းသော​သူတို့… ရွှင်လန်း​ဝမ်းမြောက်ကြလော့။ သို့သော် ဤ​ကမ္ဘာ​မြေကြီး​နှင့် ပင်လယ်​တို့​သည် အမင်္ဂလာ​ရှိကြ၏။ အဘယ်ကြောင့်ဆိုသော် မာရ်နတ်​သည် မိမိ​၌ အချိန်​အနည်းငယ်​သာ ရှိကြောင်း​ကို သိ​၍ ဒေါသ​ကြီးစွာ သင်တို့​ထံသို့ ဆင်းလာ​သောကြောင့်​ဖြစ်၏” ဟု ပြောသည်​ကို ကျွန်ုပ်​ကြားရ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ