ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
လုကာ 9:11 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်ကြွတော်မူကြောင်းကို လူထုပရိသတ်တို့သည် ကြားသိသဖြင့် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အား ကြိုဆို၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောသွန်သင်တော်မူ၏။ ဖျားနာသောသူများကိုလည်း ကျန်းမာစေတော်မူ၏။ Common Language Bible လူပရိသတ်တို့သည်ထိုသို့ကြွသွားကြောင်းကို ကြားသိကြသောအခါနောက်တော်သို့လိုက် ကြ၏။ ကိုယ်တော်သည်ထိုသူတို့အားကြိုဆို လက်ခံပြီးလျှင် ဘုရားသခင်၏နိုင်ငံတော် အကြောင်းကိုဟောပြောသွန်သင်တော်မူ၏။ မကျန်းမာသူကိုလည်းကျန်းမာစေတော်မူ၏။ Garrad Bible လူ ပ ရိ သတ် သိ ကြ သ ဖြင့် လိုက် သွား ကြ ရာ ကိုယ် တော် သည် လက် ခံ၍ ဘု ရား သ ခင့် နိုင် ငံ တော် အ ကြောင်း ဟော ပြော လျက် သူ နာ တို့ ကို ကျန်း မာ စေ တော် မူ၏။ Judson Bible ထိုလူများကို လက်ခံတော်မူလျက်၊ ဘုရားသခင့် နိုင်ငံတော်၏အကြောင်းကို ဟောပြော၍၊ နာသောသူတို့ကို ချမ်းသာပေးတော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သို့သော် လူထုပရိသတ်များသည် သိကြသဖြင့် နောက်တော်သို့လိုက်ကြ၏။ ထိုအခါ ကိုယ်တော်သည် သူတို့ကိုကြိုဆိုလျက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။ ကျန်းမာခြင်းလိုအပ်သောသူတို့ကိုလည်း ကျန်းမာစေတော်မူ၏။ မြန်မာ ထိုလူများကို လက်ခံတော်မူလျက်၊ ဘုရားသခင့် နိုင်ငံတော်၏အကြောင်းကို ဟောပြော၍၊ နာသောသူတို့ကို ချမ်းသာပေးတော်မူ၏။ |
ယေရှုသည် ဖာရိရှဲတို့၏ အကြံအစည်ကို သိတော်မူသဖြင့် ထိုအရပ်မှ ထွက်ခွာတော်မူ၏။ လူများစွာတို့သည် နောက်တော်သို့ လိုက်ကြ၏။ ယေရှုသည် ထိုသူတို့အထဲမှ ဖျားနာသူရှိသမျှကို ကျန်းမာစေတော်မူ၏။
ယေရှုသည် လှေပေါ်မှဆင်းသောအခါ လူအုပ်ကြီးကို တွေ့မြင်တော်မူလျှင် သနားစိတ်ရှိတော်မူသဖြင့် ဖျားနာသူများကို ကျန်းမာစေတော်မူ၏။
ထိုသားနှစ်ဦးတို့တွင် မည်သူသည် ဖခင်စကားကို နားထောင်သနည်း” ဟု မေးတော်မူ၏။ တပည့်တော်တို့က “သားကြီး ဖြစ်ပါသည်” ဟု ဖြေကြ၏။ ယေရှုက သူတို့အား “ငါအမှန်ဆိုရလျှင် အကျင့်ပျက်သောအခွန်ကောက်သူများနှင့် ပြည့်တန်ဆာများသည် ဘုရားသခင်၏ နိုင်ငံတော်သို့ သင်တို့ထက်အလျင် ဝင်ကြလိမ့်မည်။
ထို့ကြောင့် သင်တို့အား ငါပြောဆိုသည်မှာ ဘုရားသခင်၏နိုင်ငံတော်ကို သင်တို့ထံမှ သိမ်းယူ၍ နိုင်ငံတော်၏အသီးကို သီးသည့်လူများထံသို့ ပေးအပ်တော်မူလိမ့်မည်။
ဆာလောင်မွတ်သိပ်သောသူတို့ကို ကောင်းမွန်စွာကျွေးမွေး၍ ချမ်းသာကြွယ်ဝသောသူတို့ကို လက်ဗလာဖြင့် ပြန်လွှတ်တော်မူ၏။
ယေရှုက “ကျန်းမာသောသူတို့သည် ဆရာဝန်ကိုမလိုအပ်ပါ။ ဖျားနာသောသူတို့သာလျှင် လိုအပ်ကြ၏။
ထို့နောက် ယေရှုသည် မြို့ရွာအသီးသီးသို့ ကြွတော်မူ၍ ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။ တပည့်တော်ဆယ့်နှစ်ပါးတို့သည်လည်း ကိုယ်တော်နှင့်အတူ လိုက်ပါလာကြ၏။
ကိုယ်တော်က “သင်တို့သည် ဘုရားသခင်၏နိုင်ငံတော်နှင့်ဆိုင်သော လျှို့ဝှက်နက်နဲသည့်အကြောင်းအရာများကို သိခွင့်ရကြ၏။ သို့သော် အခြားသောသူတို့သည် ‘ကြည့်သော်လည်း မမြင်စေရန် နားထောင်သော်လည်း နားမလည်စေရန်’ ပုံဥပမာအားဖြင့် ပြောရခြင်းဖြစ်၏။
တမန်တော်တို့သည် ပြန်လာ၍ မိမိတို့လုပ်ဆောင်ခဲ့သမျှကို ပြန်၍ လျှောက်ကြ၏။ ထို့နောက် ယေရှုသည် သူတို့ကို ခေါ်၍ ဗက်ဇဲဒမြို့သို့ တိတ်တဆိတ် ကြွတော်မူ၏။
ညနေခင်းရောက်သောအခါ တပည့်တော်ဆယ့်နှစ်ပါးတို့သည် ယေရှုထံသို့ ချဉ်းကပ်၍ “ဤနေရာသည် လူသူကင်းဝေးသည့်နေရာဖြစ်၏။ သို့ဖြစ်၍ လူထုပရိသတ်တို့သည် ပတ်ဝန်းကျင်အနီးရှိ ကျေးလက်ဒေသများသို့ သွား၍ တည်းခိုရာနေရာနှင့် အစားအသောက် ရှာနိုင်ရန် သူတို့အား ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။
ထို့နောက် ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောစေရန်နှင့် ဖျားနာသောသူများအား ကျန်းမာစေရန် တပည့်တော်တို့ကို စေလွှတ်တော်မူ၏။
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ငါ့ကို ခမည်းတော်ပေးအပ်တော်မူသော သူတို့သည် ငါ့ထံသို့ လာကြလိမ့်မည်။ ငါ့ထံသို့ လာသောသူကို ငါသည် ငြင်းပယ်မည်မဟုတ်ပါ။
ပေါလုသည် ဘုရားသခင်၏နိုင်ငံတော်အကြောင်းနှင့် သခင်ယေရှုခရစ်တော်အကြောင်းကို အတားအဆီးမရှိဘဲ ရဲရင့်စွာဟောပြောသွန်သင်လျက် နေလေ၏။ ရှင်လုကာရေးသားထားသော တမန်တော်ဝတ္ထု ပြီးပါပြီ။
သို့သော် ထိုအရှင်ကို မယုံကြည်လျှင် ထိုအရှင်ထံ မည်သို့ ဆုတောင်းနိုင်မည်နည်း။ ထိုအရှင်၏ အကြောင်းကို မကြားဖူးလျှင် ထိုအရှင်ကို မည်သို့ ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူ မရှိလျှင် မည်သို့ ကြားနိုင်မည်နည်း။
ထို့ကြောင့် ယုံကြည်ခြင်းသည် သတင်းကောင်းဟူသော ခရစ်တော်၏ အကြောင်းကို ကြားနာခြင်းမှ ဖြစ်လာ၏။
ကျမ်းစာ၌ “ကိုယ်တော်ကို ကဲ့ရဲ့သောသူတို့၏ ကဲ့ရဲ့ခြင်းသည် ကျွန်ုပ်အပေါ်၌လည်း သက်ရောက်ပါ၏” ဟု ရေးသားထားသည့်အတိုင်း ခရစ်တော် ကိုယ်တိုင်ပင်လျှင် မိမိစိတ်ကြိုက် ပြုတော်မမူခဲ့ပေ။
အခွင့်အခါသင့်သည်ဖြစ်စေ၊ မသင့်သည်ဖြစ်စေ အဆင်သင့်ဖြစ်၍ နှုတ်ကပတ်တရားတော်ကို ဟောပြောလော့။ အလွန်စိတ်ရှည်စွာ သွန်သင်၍ အပြစ်ကို ဖော်ပြခြင်း၊ ဆုံးမခြင်း၊ အားပေးတိုက်တွန်းခြင်းတို့ကို ပြုလော့။
ထို့ကြောင့် ကျွန်ုပ်တို့သည် ကရုဏာတော်နှင့် ကျေးဇူးတော်ကို ခံစားလျက် လိုအပ်သည့်အချိန်၌ ကူညီမစတော်မူခြင်းခံရရန် ဘုရားသခင်၏ ကျေးဇူးတော်ရာဇပလ္လင်သို့ ရဲရင့်စွာ ချဉ်းကပ်ကြကုန်စို့။