Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




မဿဲ 12:15 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

15 ယေရှု​သည် ဖာရိရှဲတို့​၏ အကြံအစည်​ကို သိတော်မူ​သဖြင့် ထို​အရပ်​မှ ထွက်ခွာတော်မူ၏။ လူများစွာတို့​သည် နောက်တော်​သို့ လိုက်ကြ၏။ ယေရှု​သည် ထို​သူတို့​အထဲမှ ဖျားနာသူ​ရှိသမျှ​ကို ကျန်းမာစေတော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

15 ယင်း​သို့​ကြံ​စည်​ကြောင်း​ကို​သ​ခင်​ယေ​ရှု​ကြား သိ​တော်​မူ​သော​အ​ခါ ထို​အ​ရပ်​မှ​ကြွ​သွား​တော် မူ​၏။ များ​စွာ​သော​လူ​တို့​သည်​နောက်​တော်​သို့​လိုက် ကြ​၏။ ကိုယ်​တော်​သည်​ဖျား​နာ​သူ​တို့​၏​ရော​ဂါ များ​ကို​ပျောက်​ကင်း​စေ​တော်​မူ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

15 ယေ ရှု သိ၍ ထို အ ရပ် မှ ထွက် ကြွ တော် မူ၏။ လူ အ များ တို့ လိုက် သွား ကြ ရာ သူ နာ ရှိ သ မျှ ကို ကျန်း မာ စေ လျက်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

15 ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

15 ယေရှု​သည် ဤ​အကြောင်း​ကို​သိ​၍ ထို​အရပ်​မှ ထွက်ခွာ​သွား​တော်မူ​ရာ များစွာ​သော​လူထု​ပရိသတ်​တို့​သည် နောက်​တော်​သို့​လိုက်​ကြ​သဖြင့် သူ​တို့​အားလုံး​ကို ကျန်းမာ​စေ​တော်မူ​ပြီးလျှင်

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

15 ယေ​ရှု​သည် သိ​တော်​မူ​လျှင်၊ အ​ခြား​သို့​ပြောင်း​ကြွ၍ များ​စွာ​သော လူ​အ​ပေါင်း​တို့​သည် နောက်​တော်​သို့ လိုက်​ကြ​သ​ဖြင့်၊ သူ​တို့၏ အ​နာ​ရော​ဂါ​ရှိ​သ​မျှ​တို့​ကို ငြိမ်း​စေ​တော်​မူ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 12:15
15 ပူးပေါင်းရင်းမြစ်များ  

မြို့​တစ်မြို့​တွင် သင်တို့​ကို ညှဉ်းပန်းနှိပ်စက်​သောအခါ အခြား​တစ်မြို့​သို့ ပြေးကြလော့။ သင်တို့​အား ငါ​အမှန်​ဆို၏။ အစ္စရေးမြို့များ​ကို သင်တို့​နှံ့စပ်အောင်​မရောက်​မီ လူသား​သည် ကြွလာ​လိမ့်မည်။


လူအုပ်ကြီး​သည်လည်း နောက်တော်​သို့ လိုက်ကြ​သဖြင့် ထို​အရပ်​တွင် ယေရှု​သည် ဖျားနာသောသူများ​ကို ကျန်းမာစေတော်မူ၏။


လူတို့​သည် ကိုယ်တော်​ကြွတော်မူသည့် မြို့၊ ရွာ၊ ကျေးလက်ဒေသ​တိုင်း​၌ မကျန်းမာသူများ​ကို ဈေးအရပ်တို့​တွင် ချထားကြ၏။ ထို​သူတို့​က မကျန်းမာသူများ​အား ဝတ်ရုံတော်​၏ အမြိတ်​ကို​မျှ တို့ထိခွင့်​ပေး​ရန် တောင်းပန်ကြ၏။ တို့ထိသော​သူ​တိုင်း​လည်း ကျန်းမာလာကြ၏။


ယေရှု​သည် ထို​သူတို့ မည်သို့​တွေးတောနေကြသည်​ကို သိတော်မူ​သဖြင့် “သင်တို့​စိတ်​ထဲ၌ အဘယ်ကြောင့် ဤသို့​တွေးတော​နေကြသနည်း။


ထို​နေ့ရက်များ​၌ ကိုယ်တော်​သည်​ဆုတောင်း​ရန် တောင်ပေါ်​သို့​တက်ကြွတော်မူ​၍ တစ်ည​လုံး​ဘုရားသခင်​ထံ ဆုတောင်းတော်မူ၏။


ကိုယ်တော်​ကြွတော်မူကြောင်း​ကို လူထု​ပရိသတ်တို့​သည် ကြားသိ​သဖြင့် နောက်တော်​သို့ လိုက်ကြ၏။ ယေရှု​သည် ထို​သူတို့​အား ကြိုဆို​၍ ဘုရားသခင်​၏​နိုင်ငံတော်​အကြောင်း​ကို ဟောပြော​သွန်သင်တော်မူ၏။ ဖျားနာသောသူများ​ကိုလည်း ကျန်းမာစေတော်မူ၏။


ထို့ကြောင့် ယေရှု​သည် ဂျူးလူမျိုးတို့​အကြား ထင်ရှားစွာ​မသွားလာတော့ဘဲ ထို​အရပ်​မှ ထွက်ခွာ​၍ တောကန္တာရ​အနီး ဧဖရိမ်​ဟု ခေါ်သော မြို့​သို့ ကြွ​၍ တပည့်တော်တို့​နှင့်အတူ နေတော်မူ၏။


ထို့နောက် ယေရှု​သည် ဂါလိလဲပြည်​၌ လှည့်လည်တော်မူ၏။ ဂျူး​ခေါင်းဆောင်တို့​သည် ကိုယ်တော်​ကို သတ်​ရန် ရှာကြံ​လျက်​ရှိ​သောကြောင့် ကိုယ်တော်​သည် ယုဒပြည်​၌ လှည့်လည်​ရန် အလို​ရှိတော်မမူပေ။


ငါ့​ကို စေလွှတ်တော်မူသော​အရှင်​၏ အမှုကိစ္စတို့​ကို နေ့အချိန်​၌ လုပ်ဆောင်ကြရမည်။ မည်သူမျှ မလုပ်ဆောင်​နိုင်သော​ညအချိန် ရောက်လာ​လိမ့်မည်။


စိတ်မပျက် အားမလျော့ဘဲ ကောင်းသော​အမှု​ကို ဆက်​၍ ပြုကြစို့။ စိတ်မပျက်​လျှင် အချိန်တန်​သောအခါ အသီးအပွင့်​ကို ရိတ်သိမ်းရ​လိမ့်မည်။


ထိုသို့ ဒုက္ခ​ဆင်းရဲ​ခံရ​လျှင်ပင် ကောင်းမှု​ပြုရန် သင်တို့​ကို ဘုရားသခင်​ရွေးကောက်တော်မူ၏။ ခရစ်တော်​သည်လည်း သင်တို့​ကိုယ်စား ဆင်းရဲဒုက္ခ​ခံ​၍ မိမိ​ခြေရာတော်​ကို သင်တို့​လိုက်​နိုင်ရန် စံနမူနာ​ထားခဲ့တော်မူ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ