ယေရှုသည် သနားတော်မူသဖြင့် သူတို့၏မျက်စိကို လက်နှင့်တို့ထိတော်မူ၏။ သူတို့သည် ချက်ချင်းပင် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။
လုကာ 8:44 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအမျိုးသမီးသည် ယေရှုနောက်တော်သို့ ချဉ်းကပ်၍ ဝတ်ရုံတော်၏အမြိတ်ကို တို့ထိလိုက်သော် သူ၏သွေးသွန်ရောဂါသည် ချက်ချင်းပျောက်ကင်းလေ၏။ Common Language Bible ထိုအမျိုးသမီးသည်ကိုယ်တော်၏နောက်က ကပ်လိုက်လျက်အဝတ်တော်ပန်းဖွားကိုတို့ထိ လေ၏။ ထိုခဏ၌သွေးသွန်နာပျောက်သွား၏။- Garrad Bible နောက် က လာ၍ အ ဝတ် တော် ပန်း ပွား ကို တို့ လျှင် တို့ ခြင်း သွေး သွန် နာ ရပ် လေ၏။ Judson Bible နောက်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ပန်းပွားကို တို့သဖြင့်၊ ထိုခဏချင်းတွင် သွေးသွန်အနာပျောက်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏နောက်တော်သို့ချဉ်းကပ်လျက် ဝတ်ရုံတော်၏ပန်းဖွားကိုတို့ထိလေ၏။ ထိုခဏချင်းတွင် သူခံစားရသောသွေးသွန်ခြင်းသည် ရပ်သွားလေ၏။ မြန်မာ နောက်တော်သို့ ချဉ်းကပ်၍ အဝတ်တော်၏ပန်းပွားကို တို့သဖြင့်၊ ထိုခဏချင်းတွင် သွေးသွန်အနာပျောက်လေ၏။- |
ယေရှုသည် သနားတော်မူသဖြင့် သူတို့၏မျက်စိကို လက်နှင့်တို့ထိတော်မူ၏။ သူတို့သည် ချက်ချင်းပင် မျက်စိမြင်၍ နောက်တော်သို့လိုက်ကြ၏။
ယေရှုသည်လည်း လက်တော်ကို ဆန့်၍ ထိုသူကို တို့ထိတော်မူပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထိုခဏအတွင်း၌ ထိုသူ၏ရောဂါသည်လည်း ပျောက်ကင်းလေ၏။
ထိုစဉ် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲသော အမျိုးသမီးတစ်ဦးသည် ယေရှုနောက်တော်သို့ ချဉ်းကပ်၍
လူတို့သည် ကိုယ်တော်ကြွတော်မူသည့် မြို့၊ ရွာ၊ ကျေးလက်ဒေသတိုင်း၌ မကျန်းမာသူများကို ဈေးအရပ်တို့တွင် ချထားကြ၏။ ထိုသူတို့က မကျန်းမာသူများအား ဝတ်ရုံတော်၏ အမြိတ်ကိုမျှ တို့ထိခွင့်ပေးရန် တောင်းပန်ကြ၏။ တို့ထိသောသူတိုင်းလည်း ကျန်းမာလာကြ၏။
ထိုအမျိုးသမီးအပေါ်၌ လက်တော်ကိုတင်တော်မူ၏။ ထိုအခါ အမျိုးသမီးသည် ချက်ချင်းပင် တည့်မတ်စွာရပ်နိုင်သဖြင့် ဘုရားသခင်အား ချီးမွမ်းလေ၏။
သူသည် ကိုယ်တော်၏နောက်ဘက်ခြေတော်ရင်း၌ ရပ်၍ ငိုကြွေးလျက် ခြေတော်ကို မျက်ရည်ဖြင့် ဆေးကာ သူ၏ဆံပင်ဖြင့် သုတ်၏။ ထို့နောက် ကိုယ်တော်၏ခြေတော်ကို အဆက်မပြတ်နမ်းရှုပ်လျက် ဆီမွှေးဖြင့် သုတ်လိမ်းပေးလေ၏။
ထိုအချိန်၌ အမျိုးသမီးတစ်ဦးသည် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲ၍ ဥစ္စာရှိသမျှကို ဆရာဝန်များအား ပေးလျက် ကုသသော်လည်း မည်သည့်ဆရာဝန်မျှ မတတ်နိုင်ဘဲရှိလေ၏။
ထို့နောက် ယေရှုက “ငါ့ကို မည်သူတို့ထိသနည်း” ဟု မေးတော်မူလျှင် လူအပေါင်းတို့သည် ငြင်းဆိုကြ၏။ ပေတရုကလည်း “သခင်… လူအများတို့သည် တိုးဝှေ့၍ ထိမိကြပါပြီ” ဟု လျှောက်ဆို၏။
သို့သော် မည်သူဖြစ်ကြောင်းကို သူသည် မသိ။ အဘယ်ကြောင့်ဆိုသော် ယေရှုသည် လူအုပ်ထဲသို့ မထင်မရှား ကြွသွားတော်မူသောကြောင့်ဖြစ်၏။
ပေါလုသုံးသော လက်ကိုင်ပဝါ၊ သို့မဟုတ် ခါးစည်းအဝတ်ကို ဖျားနာသူများအပေါ် တင်သောအခါ သူတို့၏အနာရောဂါများ ပျောက်ကင်းကြ၏။ နတ်ဆိုးများလည်း ထွက်သွားကြကုန်၏။
လူတို့သည် အနာရောဂါရှိသောသူများကို လမ်းနံဘေးသို့ သယ်ဆောင်လာ၍ ခုတင်နှင့် ဖျာပေါ်တွင် ထားကြ၏။ ဤသည်မှာ ပေတရုဖြတ်သွားသောအခါ တချို့လူနာများအပေါ်သို့ သူ၏အရိပ်ကျရောက်စေရန် ဖြစ်၏။