ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
လုကာ 7:17 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသတင်းတော်သည် ယုဒပြည်နှင့် ပတ်ဝန်းကျင် ဒေသအသီးသီးသို့ ပျံ့နှံ့လေ၏။ Common Language Bible ကိုယ်တော်၏သတင်းတော်သည်ယုဒပြည်တစ် လျှောက်လုံးနှင့်ပတ်ဝန်းကျင်တွင်ပျံ့နှံ့သွားတော့ ၏။ Garrad Bible ထို သ တင်း တော် သည် ယု ဒ ပြည် လုံး နှံ့ ပတ် ဝန်း ကျင် အ ရပ် ရပ် ကြေ ငြာ လေ၏။ Judson Bible ထိုသတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်၏သတင်းသည်လည်း ယုဒနယ်တစ်လျှောက်လုံးနှင့် ပတ်ဝန်းကျင်တစ်ခုလုံးသို့ ပျံ့နှံ့သွားလေ၏။ မြန်မာ ထိုသတင်းတော်သည် ယုဒပြည်မှစ၍ ပတ်ဝန်းကျင်အရပ်တို့၌ အနှံ့အပြား ကျော်စောလေ၏။ |
ဟေရုဒ်မင်းလက်ထက် ယုဒပြည် ဗက်လင်မြို့တွင် ယေရှုမွေးဖွားလာတော်မူ၏။ ထိုအချိန်ကာလ၌ အရှေ့ပြည်မှ ပညာရှိများသည် ဂျေရုဆလင်မြို့သို့ ရောက်လာ၍
ကိုယ်တော်၏သတင်းသည် ဆီးရီးယားပြည်တစ်လျှောက်လုံးသို့ ပျံ့နှံ့သွား၏။ ထို့ကြောင့် လူတို့သည် ဖျားနာသူများ၊ ရောဂါဝေဒနာအမျိုးမျိုး ခံစားနေရသူများ၊ နတ်ဆိုးပူးနေသူများ၊ ဝက်ရူးပြန်နေသူများနှင့် လေဖြတ်နေသူများကို ခေါ်ဆောင်လာကြ၏။ ကိုယ်တော်သည် ထိုသူတို့အားလုံး၏ ရောဂါများကို ပျောက်ကင်းစေတော်မူ၏။
သို့သော်လည်း သူတို့သည် ထွက်သွား၍ ယေရှု၏သတင်းတော်ကို ထိုနယ်တစ်ခွင်လုံး၌ ပျံ့နှံ့စေကြ၏။
ထို့နောက် ကိုယ်တော်၏သတင်းတော်သည် ဂါလိလဲပြည်တစ်ခွင်လုံးသို့ လျင်မြန်စွာ ပျံ့နှံ့သွားလေ၏။
ယေရှု၏ သတင်းတော်သည် ကျော်ကြားလာသဖြင့် ဟေရုဒ်မင်းကြားလေ၏။ လူတချို့က “ဤသူသည် သေရာမှပြန်ရှင်လာသော နှစ်ခြင်းဆရာယောဟန် ဖြစ်၏။ ထို့ကြောင့် အံ့ဖွယ်တန်ခိုးများကို ပြနိုင်ခြင်းဖြစ်သည်” ဟု ပြောဆိုကြ၏။
ထို့နောက် ယေရှုသည် ဝိညာဉ်တော်တန်ခိုးနှင့် ပြည့်ဝလျက်ဂါလိလဲပြည်သို့ ပြန်ကြွတော်မူ၏။ ယေရှု၏သတင်းတော်သည်လည်း ထိုအရပ်ဒေသတစ်လျှောက်လုံးတွင် ပျံ့နှံ့သွား၏။
ထို့နောက် ယေရှုက အနီးသို့ ချဉ်းကပ်၍ အလောင်းစင်ကိုတို့တော်မူလျှင် အလောင်းထမ်းသူများသည်ရပ်လျက်နေကြ၏။ ယေရှုကလည်း “အို လူငယ်… သင့်အား ငါအမိန့်ပေးသည်။ ထလော့” ဟု မိန့်တော်မူ၏။