ငါ့တပည့်၏ မျက်နှာကိုထောက်၍ ဤအသေးနုပ်ဆုံးသောသူထဲမှ တစ်ဦးအား ရေအေးတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏” ဟု ညွှန်ကြားလျက် မိန့်တော်မူ၏။
လုကာ 6:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ပေးကမ်းကြလော့။ ထိုသို့ပြုလျှင် သင်တို့သည်လည်း ပေးကမ်းခြင်းခံရလိမ့်မည်။ ပြည့်ရုံမက ပိုလျှံသည့်တိုင်အောင် သင်တို့အား ပေးကမ်းကြလိမ့်မည်။ သင်တို့ချိန်တွယ်ပေးသည့် ပမာဏအတိုင်း သင်တို့အား တိုင်းတာချိန်တွယ်ပေးကြလိမ့်မည်” ဟူ၍ ဖြစ်၏။ Common Language Bible သူတစ်ပါးတို့အားရက်ရောစွာပေးကြလော့။ သို့မှသာဘုရားသခင်သည်သင်တို့အားရက် ရောစွာပေးတော်မူလိမ့်မည်။ သိပ်နှိပ်လှုပ်ခါ ပြည့်လျှံသောတောင်းပမာဏဖြင့်သင်တို့၏ လက်ထဲသို့ပေးတော်မူလိမ့်မည်။ သင်တို့သည် သူတစ်ပါးအားချိန်တွယ်ပေးသည့်တောင်း ပမာဏအတိုင်းဘုရားသခင်သည်သင်တို့ အားပေးတော်မူလိမ့်မည်'' ဟုမိန့်တော်မူ၏။ Garrad Bible ပေး ကမ်း ကြ လော့။ သင် တို့ လည်း ပေး ကမ်း ခြင်း ကို ခံ ရ ကြ လိမ့် မည်။ ကိုယ် ချိန် ပေး သည့် ပ မာ ဏ အ တိုင်း ခံ ရ သည့် ပြင် သိပ် နှိပ် လှုပ် ခါ ပြည့် လျှံ သော ပ မာ ဏ ကို သင် တို့ ရင် ခွင်၌ အ ထူး ခံ ရ ကြ လ တ္တံ့ ဟု မိန့် တော် မူ ၏။ Judson Bible သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ မြန်မာ့စံမီသမ္မာကျမ်း ပေးကမ်းကြလော့။ သို့ပြုလျှင် သင်တို့ကိုလည်း ပေးကမ်းလိမ့်မည်။ အလျှံပယ်သိပ်လျက်၊ ခါလျက်၊ ပြည့်လျှံအောင် သင်တို့အိတ်ထဲသို့ ထည့်ပေးကြလိမ့်မည်။ အကြောင်းမူကား သင်တို့တိုင်းတာခြင်တွယ်သည့်စံနှုန်းအတိုင်း သင်တို့အတွက် တိုင်းတာခြင်တွယ်ပေးကြလိမ့်မည်”ဟု မိန့်တော်မူ၏။ မြန်မာ သူတစ်ပါးအား ပေးကြလော့။ ပေးလျှင် သူတစ်ပါးသည် သင်တို့အားပေးကြလိမ့်မည်။ အမှန်ခြင်ရုံမျှမက၊ သိပ်နှက်လျက်၊ လှုပ်လျက်၊ လျှံလျက်ရှိခြင်းနှင့် သင်တို့ရင်ခွင်၌ ပေးကြလိမ့်မည်။ အကြောင်းမူကား၊ အကြင်ချိန်၊ တင်းပမာဏနှင့် သင်တို့သည် သူတစ်ပါးအားပေး၏၊ ထိုပမာဏအတိုင်း ကိုယ်ခံရကြမည်။ |
ငါ့တပည့်၏ မျက်နှာကိုထောက်၍ ဤအသေးနုပ်ဆုံးသောသူထဲမှ တစ်ဦးအား ရေအေးတစ်ခွက်ကို တိုက်သောသူသည် အကျိုးကျေးဇူးကို မခံစားဘဲမနေရဟု ငါအမှန်ဆို၏” ဟု ညွှန်ကြားလျက် မိန့်တော်မူ၏။
သူတစ်ပါးတို့ကို သင်တို့အပြစ်စီရင်သည့်အတိုင်း သင်တို့သည်လည်း အပြစ်စီရင်ခံရလိမ့်မည်။ သူတစ်ပါးကို အပြစ်စီရင်သောစံနှုန်းနှင့်အညီ သင်တို့သည်လည်း အပြစ်စီရင်ခံရလိမ့်မည်။
ထို့နောက် ယေရှုက “သင်တို့ ကြားနာရသည့်အရာကို အာရုံစိုက်ကြလော့။ သူတစ်ပါးကို ပေးသောစံနှုန်းနှင့်အညီ သင်တို့သည်လည်း ပြန်ရလိမ့်မည်။ ထိုထက်မက သင်တို့လက်ခံရရှိလိမ့်မည်။
သင့်ထံမှ တောင်းသောသူတို့အား ပေးကမ်းလော့။ သင့်ပစ္စည်းများကို ယူသောသူတို့ထံမှ ပြန်၍ မတောင်းနှင့်။
ကရုဏာကင်းမဲ့သောသူသည် ကရုဏာကင်းမဲ့စွာ တရားစီရင်ခြင်း ခံရမည်။ ကရုဏာထားသောသူသည် ဘုရားသခင်တရားစီရင်မည့်နေ့တွင် ကြောက်ရွံ့နေရန် မလိုပေ။