သို့ရာတွင် ဘုရားသခင်က ‘အို လူမိုက်… ယနေ့ညပင် သင်သည် သေရလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသမျှသော စည်းစိမ်ဥစ္စာများသည် မည်သူ့အတွက် ဖြစ်မည်နည်း’ ဟု မိန့်တော်မူ၏။
လုကာ 6:25 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယခု ဝလင်စွာစားရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဆာလောင်ငတ်မွတ်ရမည့်အချိန်ကာလ ရောက်လာမည်ဖြစ်သောကြောင့်ပင်။ ယခုရယ်မောသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် ဝမ်းနည်းငိုကြွေးရမည်ဖြစ်သောကြောင့်ပင်။ Common Language Bible ``ယခုအခါဝစွာစားသောက်ရသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ဆာငတ်ရမည့်အချိန်ရောက်လိမ့်မည်။ ယခုအခါရယ်မောကြသူတို့၊ သင်တို့သည်အမင်္ဂလာရှိကြ၏။ သင်တို့ပူဆွေးငိုယိုရမည့်အချိန်ရောက်လိမ့်မည်။ Garrad Bible ယ ခု ဝ ပြော သော သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် မွတ် သိပ် ရ ကြ လ တ္တံ့။ ယ ခု ရယ် မော သော သင် တို့၌ အ မင်္ဂ လာ ရှိ၏။ သင် တို့ သည် မြည် တမ်း ငို ကြွေး ရ ကြ လ တ္တံ့။ Judson Bible ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတ္တံ့။ ယခု ရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်းတွားငိုကြွေးရကြလတ္တံ့။- မြန်မာ့စံမီသမ္မာကျမ်း ယခု ဝလင်စွာစားရသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဆာလောင်ကြလိမ့်မည်။ ယခု ရယ်မောသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား သင်တို့သည် ဝမ်းနည်းကြေကွဲလျက် ငိုကြွေးကြလိမ့်မည်။ မြန်မာ ဝစွာစားရသော သင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ငတ်မွတ်ခြင်းသို့ ရောက်ရကြလတ္တံ့။ ယခု ရယ်တတ်သောသင်တို့သည် အမင်္ဂလာရှိကြ၏။ အကြောင်းမူကား၊ သင်တို့သည် ညည်းတွားငိုကြွေးရကြလတ္တံ့။- |
သို့ရာတွင် ဘုရားသခင်က ‘အို လူမိုက်… ယနေ့ညပင် သင်သည် သေရလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသမျှသော စည်းစိမ်ဥစ္စာများသည် မည်သူ့အတွက် ဖြစ်မည်နည်း’ ဟု မိန့်တော်မူ၏။
အာဗြဟံ၊ ဣဇာက်၊ ယာကုပ်နှင့် ပရောဖက် အားလုံးတို့သည် ဘုရားသခင်၏နိုင်ငံတော်ထဲ၌ ရှိနေသည်ကို မြင်ရသော်လည်း သင်တို့သည် အပြင်သို့ နှင်ထုတ်ခြင်းခံရကြမည်။ ထိုနေရာ၌ သင်တို့သည် အံကြိတ်၍ ငိုကြွေးရလိမ့်မည်။
သို့ရာတွင် ချမ်းသာသောသင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် သင်တို့သည် မိမိတို့ခံစားရမည့် နှစ်သိမ့်မှုကို ရရှိပြီးဖြစ်သောကြောင့်ပင်။
လူတို့သည် သင်တို့ကို ချီးမွမ်းကြသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့်ဆိုသော် ထိုသူတို့၏ဘိုးဘေးများသည် ပရောဖက်အတုအယောင်များကို ထိုနည်းတူချီးမွမ်းခဲ့ကြသောကြောင့်ဖြစ်၏။
မိန်းကလေးသည် သေဆုံးပြီးဖြစ်ကြောင်းကို ထိုသူတို့သည် သိသောကြောင့် ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။
မဖွယ်မရာစကား၊ အနှစ်သာရမရှိသောစကား၊ ညစ်ညမ်းသောပြက်လုံးတို့သည်လည်း မသင့်လျော်သဖြင့် မပြောဆိုကြနှင့်။ ဘုရားသခင်အား ကျေးဇူးတင်သောစကားများကိုသာ ပြောဆိုကြလော့။
လူတို့က “ငြိမ်းချမ်း၍ လုံခြုံသည်” ဟု ပြောနေသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး ရုတ်တရက် ဝေဒနာခံစားရသကဲ့သို့ ဘေးဒုက္ခသည် သူတို့အပေါ် ရုတ်တရက် ကျရောက်လာပြီး သူတို့သည် လွတ်မြောက်ကြမည်မဟုတ်။
ဝမ်းနည်း၍ ညည်းတွားမြည်တမ်းလျက် ငိုကြွေးကြလော့။ ရယ်မောနေမည့်အစား ညည်းတွားမြည်တမ်းကြလော့။ ဝမ်းမြောက်နေမည့်အစား ဝမ်းနည်းပူဆွေးကြလော့။
သင်က ‘ငါသည် ချမ်းသာ၍ ကြွယ်ဝသောကြောင့် မည်သည့်အရာကိုမျှ မလို’ ဟု ဆို၏။ သို့သော် သင်သည် စက်ဆုပ်ရွံရှာဖွယ်ကောင်းသူ၊ သနားစရာကောင်းသူ၊ ဆင်းရဲသောသူ၊ မျက်စိမမြင်သောသူ၊ အဝတ်မပါသောသူဖြစ်ကြောင်းကို မသိ။