ယေရှုက “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ဘုရင်တစ်ပါးသည် မိမိသားအတွက် မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေး၏။
လုကာ 5:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ယေရှုက “သတို့သား၏မိတ်ဆွေအပေါင်းအသင်းများကို ထိုသတို့သားနှင့်အတူရှိနေစဉ် အစာရှောင်စေနိုင်မည်လော။ Common Language Bible ကိုယ်တော်က ``မင်္ဂလာဆောင်ပွဲတွင်သတို့သား ရှိနေသည့်ကာလဧည့်သည်များအားအစာ ရှောင်ခိုင်းနိုင်ပါမည်လော။- Garrad Bible ယေ ရှု က၊ မင်္ဂ လာ ဆောင် သ တို့ သား အ တူ ရှိ နေ စဉ် လူ ပျို ရံ တို့ ကို အ စာ ရှောင် စေ နိုင် ကြ သ လော။ Judson Bible ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် သူတို့ကို အစာရှောင်စေနိုင်မည်လော။ မြန်မာ ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။- |
ယေရှုက “ကောင်းကင်နိုင်ငံတော်၏ သဘောသဘာဝသည် ဤအဖြစ်အပျက်နှင့် တူ၏။ ဘုရင်တစ်ပါးသည် မိမိသားအတွက် မင်္ဂလာဧည့်ခံပွဲကို ကျင်းပပေး၏။
ထိုအခါ ယေရှုက “သတို့သား၏ မိတ်ဆွေအပေါင်းအသင်းများသည် ထိုသတို့သားနှင့်အတူရှိနေစဉ် ဝမ်းနည်းပူဆွေးတတ်ကြသလော။ သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ သူတို့သည် အစာရှောင်ကြလိမ့်မည်။
လူတချို့က “နှစ်ခြင်းဆရာယောဟန်၏တပည့်များနှင့် ဖာရိရှဲတို့၏တပည့်များသည် မကြာခဏ အစာရှောင်ခြင်းနှင့် ဆုတောင်းခြင်းတို့ကို ပြုလေ့ရှိ၏။ သို့ရာတွင် ဆရာတော်၏တပည့်များမှာ စားသောက်လျက်သာ နေကြသည်” ဟူ၍ လျှောက်ကြ၏။
သို့သော်လည်း သတို့သားကို သူတို့ထံမှ ခေါ်ယူသွားမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအခါ ထိုသူတို့သည် အစာရှောင်ကြလိမ့်မည်” ဟု မိန့်တော်မူ၏။
သတို့သမီးကို လက်ထပ်သောသူသည် သတို့သားဖြစ်၏။ အနားတွင် ရပ်လျက်ရှိသောသတို့သား၏ မိတ်ဆွေသည် သတို့သား၏အသံကို ကြားသောအခါ အလွန်ဝမ်းမြောက်၏။ ထိုကဲ့သိုပင် ငါသည်လည်း အပြည့်အဝ ဝမ်းမြောက်လျက်ရှိ၏။
ကျွန်ုပ်သည် ဘုရားသခင်၏ သဝန်တိုခြင်းမျိုးဖြင့် သင်တို့ကို သဝန်တို၏။ ကျွန်ုပ်သည် သင်တို့ကို စင်ကြယ်သောအပျိုစင်အဖြစ် တစ်ဦးတည်းသောခင်ပွန်းဟူသော ခရစ်တော်ထံ အပ်နှင်းရန် ကတိပြုထား၏။