လုကာ 5:34 - Common Language Bible34 ကိုယ်တော်က ``မင်္ဂလာဆောင်ပွဲတွင်သတို့သား ရှိနေသည့်ကာလဧည့်သည်များအားအစာ ရှောင်ခိုင်းနိုင်ပါမည်လော။- အခန်းကိုကြည့်ပါ။Garrad Bible34 ယေ ရှု က၊ မင်္ဂ လာ ဆောင် သ တို့ သား အ တူ ရှိ နေ စဉ် လူ ပျို ရံ တို့ ကို အ စာ ရှောင် စေ နိုင် ကြ သ လော။ အခန်းကိုကြည့်ပါ။Judson Bible34 ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း34 ယေရှုကလည်း“သတို့သား၏ဆွေမျိုးမိတ်သင်္ဂဟများသည် သတို့သားနှင့်အတူရှိနေစဉ် သူတို့ကို အစာရှောင်စေနိုင်မည်လော။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း34 ထိုအခါ ယေရှုက “သတို့သား၏မိတ်ဆွေအပေါင်းအသင်းများကို ထိုသတို့သားနှင့်အတူရှိနေစဉ် အစာရှောင်စေနိုင်မည်လော။ အခန်းကိုကြည့်ပါ။မြန်မာ34 ကိုယ်တော်ကလည်း၊ မင်္ဂလာဆောင်လုလင်သည် မိမိအပေါင်းအဖော်တို့နှင့် အတူရှိစဉ်အခါ သူတို့ကို အစာရှောင်စေနိုင်သလော။- အခန်းကိုကြည့်ပါ။ |
သင့်ကိုဖန်ဆင်းတော်မူသောအရှင်သည်၊ သင်၏ခင်ပွန်းပမာသင့်အားကြည့်ရှုစောင့်ရှောက် တော်မူလိမ့်မည်။ ထိုအရှင်၏နာမတော်ကား၊အနန္တတန်ခိုးရှင် ထာဝရဘုရားပင်ဖြစ်သတည်း။ ဣသရေလအမျိုးသားတို့၏သန့်ရှင်း မြင့်မြတ်သော ဘုရားသခင်သည်သင့်ကိုကယ်တင်တော်မူလိမ့်မည်။ ကိုယ်တော်သည်ကမ္ဘာလောကကို အစိုးရတော်မူပါသည်တကား။
သင်၏ဘုရားသခင်ထာဝရဘုရား သည် သင်နှင့်အတူရှိတော်မူ၏။ ကိုယ်တော်၏တန်ခိုးတော်အားဖြင့် သင်သည်အောင်ပွဲကိုရလိမ့်မည်။ ထာဝရဘုရားသည်သင့်အပေါ်ဝမ်း မြောက်အားရမှု ရှိတော်မူလိမ့်မည်။ ကိုယ်တော်၏မေတ္တာတော်သည်လည်းသင့်အား ဘဝသစ်ကိုပေးတော်မူလိမ့်မည်။ ကိုယ်တော်သည်သင်၏အတွက်ကြည်နူးပျော် ရွှင်ကာ သီချင်းကူးဧတော်မူလိမ့်မည်။''
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-