ထိုအခါ လူထုပရိသတ်တို့သည် အံ့သြ၍ “ယေရှုသည် ခရစ်တော်ဟူသော ဒါဝိဒ်မင်း၏သားတော် ဖြစ်နိုင်မည်လော” ဟု ဆိုကြ၏။
လုကာ 5:26 - ခေတ်သစ်မြန်မာ သမ္မာကျမ်း လူထုပရိသတ်တို့သည် အလွန်အံ့သြ ကြောက်ရွံ့၍ ဘုရားသခင်၏ဂုဏ်တော်ကိုချီးမွမ်းလျက် “ငါတို့သည် ယနေ့ထူးဆန်းအံ့ဖွယ်သောအရာများကို မြင်ခဲ့ကြပြီ” ဟု ပြောဆိုကြ၏။ Common Language Bible လူအပေါင်းတို့သည်လွန်စွာအံ့သြကြောက်ရွံ့ လျက် ``အံ့ဖွယ်သောအရာများကိုငါတို့ ယနေ့တွေ့မြင်ရလေပြီ'' ဟုပြောဆို၍ဘုရား သခင်၏ဂုဏ်တော်ကိုချီးကူးကြ၏။ Garrad Bible ထို သူ ရှိ သ မျှ လည်း ကြောက် ရွံ့ ထိတ် လန့် အံ့ အား သင့်၍ ငါ တို့ သည် အ ထူး အ ဆန်း ကို ယ နေ့ မြင် ရ ပြီ ဟု ဆို လျက် ဘု ရား သခင့် ဘုန်း တော် ကို ချီး မြှောက် ကြ၏။ Judson Bible ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဖွယ်သောအမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ မြန်မာ့စံမီသမ္မာကျမ်း လူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ဘုရားသခင်၏ဘုန်းတော်ကိုချီးမွမ်းကာ “ယနေ့ ငါတို့သည် အံ့ဖွယ်သောအမှုကို မြင်ရကြပြီ”ဟု အလွန်ထိတ်လန့်အံ့ဩသောစိတ်ဖြင့်ပြောဆိုကြ၏။ မြန်မာ ထိုသူအပေါင်းတို့သည် မိန်းမောတွေဝေ၍ ကြောက်ရွံ့အားကြီးသည်နှင့်၊ ငါတို့သည် အံ့ဖွယ်သောအမှုအရာကို ယနေ့မြင်ခဲ့ပြီဟုပြောဆို၍ ဘုရားသခင်၏ ဂုဏ်တော်ကို ချီးမွမ်းကြ၏။ |
ထိုအခါ လူထုပရိသတ်တို့သည် အံ့သြ၍ “ယေရှုသည် ခရစ်တော်ဟူသော ဒါဝိဒ်မင်း၏သားတော် ဖြစ်နိုင်မည်လော” ဟု ဆိုကြ၏။
အမျိုးသမီးတို့သည် ကြောက်လန့်ကြသော်လည်း အလွန်ဝမ်းသာ၍ သင်္ချိုင်းဂူမှ အမြန်ထွက်လာကြ၏။ ထို့နောက် ကောင်းကင်တမန်၏ စကားကို တပည့်တော်တို့အား ပြောပြရန် ပြေးသွားကြ၏။
ထိုအဖြစ်အပျက်ကို မြင်သော် လူထုပရိသတ်တို့သည် အလွန်ကြောက်ရွံ့ကြ၏။ ထိုကဲ့သို့သောအခွင့်အာဏာကို လူတို့အား ပေးတော်မူသည့် ဘုရားသခင်၏ ဂုဏ်တော်ကိုလည်း ချီးမွမ်းကြ၏။
ထိုသူသည် ချက်ချင်း ထ၍ ထမ်းစင်ကို ယူကာ လူထုကြားမှ ထွက်သွားလေ၏။ လူတို့သည် အံ့အားသင့်လျက် “ဤသို့သောအဖြစ်အပျက်မျိုးကို မည်သည့်အခါမျှ မမြင်ဖူးပါ” ဟု ပြောဆိုကာ ဘုရားသခင်ကို ချီးမွမ်းကြ၏။
ထိုအရပ်တွင် နေထိုင်သောသူတို့သည် အံ့သြကြောက်ရွံ့လျက် ထိုသတင်းသည် ယုဒပြည်တောင်ပေါ်ဒေသတစ်လျှောက်လုံး ပျံ့နှံ့သွားလေ၏။
ထိုအဖြစ်အပျက်ကို မြင်သောအခါ ရှိမုန်ပေတရုသည် ယေရှု၏ခြေတော်ရင်း၌ ဒူးထောက်ပြီးလျှင် “သခင်… အကျွန်ုပ်သည် အပြစ်များသောသူဖြစ်သောကြောင့် အကျွန်ုပ်ထံမှ ထွက်ခွာသွားတော်မူပါ” ဟု လျှောက်လေ၏။
လူအပေါင်းတို့သည်လည်း အံ့သြထိတ်လန့်၍ “ငါတို့အထဲတွင် ထူဆန်းသောပရောဖက်တစ်ပါး ပေါ်ထွန်းလေပြီ။ ဘုရားသခင်သည် မိမိလူမျိုးအား အကူအညီပေးတော်မူရန် ကြွလာတော်မူပြီ” ဟူ၍ ဘုရားသခင်၏ဂုဏ်တော်ကို ချီးမွမ်းကြ၏။
ဂါရစပြည်သားအပေါင်းတို့သည် အလွန်ကြောက်ရွံ့ကြသောကြောင့် သူတို့ထံမှ ထွက်ခွာသွားတော်မူရန် တောင်းပန်ကြ၏။ ယေရှုသည်လည်း လှေပေါ်သို့ တက်၍ အိုင်တစ်ဖက်သို့ ပြန်ကြွတော်မူ၏။
တရားလွှတ်တော်အဖွဲ့ဝင်တို့သည်လည်း တမန်တော်တို့ကို ထပ်မံခြိမ်းခြောက်သတိပေး၍ လွှတ်လိုက်ကြ၏။ လူအပေါင်းတို့သည် ဖြစ်ပျက်ခဲ့သောအရာအတွက် ဘုရားသခင်ကို ချီးမွမ်းကြသောကြောင့် တရားလွှတ်တော်အဖွဲ့ဝင်တို့သည် တမန်တော်တို့အား ပြစ်ဒဏ်ပေးရန် နည်းလမ်းရှာမတွေ့ကြပေ။