Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




လုကာ 5:26 - မြန်မာ

26 ထို​သူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍ ကြောက်​ရွံ့​အား​ကြီး​သည်​နှင့်၊ ငါ​တို့​သည် အံ့​ဖွယ်​သော​အ​မှု​အ​ရာ​ကို ယ​နေ့​မြင်​ခဲ့​ပြီ​ဟု​ပြော​ဆို၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

26 လူ​အ​ပေါင်း​တို့​သည်​လွန်​စွာ​အံ့​သြ​ကြောက်​ရွံ့ လျက် ``အံ့​ဖွယ်​သော​အ​ရာ​များ​ကို​ငါ​တို့ ယ​နေ့​တွေ့​မြင်​ရ​လေ​ပြီ'' ဟု​ပြော​ဆို​၍​ဘု​ရား သ​ခင်​၏​ဂုဏ်​တော်​ကို​ချီး​ကူး​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

26 ထို သူ ရှိ သ မျှ လည်း ကြောက် ရွံ့ ထိတ် လန့် အံ့ အား သင့်၍ ငါ တို့ သည် အ ထူး အ ဆန်း ကို ယ နေ့ မြင် ရ ပြီ ဟု ဆို လျက် ဘု ရား သခင့် ဘုန်း တော် ကို ချီး မြှောက် ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

26 ထို​သူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ၍ ကြောက်​ရွံ့​အား​ကြီး​သည်​နှင့်၊ ငါ​တို့​သည် အံ့​ဖွယ်​သော​အ​မှု​အ​ရာ​ကို ယ​နေ့​မြင်​ခဲ့​ပြီ​ဟု​ပြော​ဆို၍ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

26 လူ​အပေါင်း​တို့​သည် မိန်းမော​တွေဝေ​၍ ဘုရားသခင်​၏​ဘုန်း​တော်​ကို​ချီးမွမ်း​ကာ “ယနေ့ ငါ​တို့​သည် အံ့ဖွယ်​သော​အမှု​ကို မြင်​ရ​ကြ​ပြီ”​ဟု အလွန်​ထိတ်လန့်​အံ့ဩ​သော​စိတ်​ဖြင့်​ပြောဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

26 လူထု​ပရိသတ်တို့​သည် အလွန်​အံ့သြ ကြောက်ရွံ့​၍ ဘုရားသခင်​၏​ဂုဏ်တော်​ကို​ချီးမွမ်း​လျက် “ငါတို့​သည် ယနေ့​ထူးဆန်း​အံ့ဖွယ်သော​အရာများ​ကို မြင်ခဲ့ကြပြီ” ဟု ပြောဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




လုကာ 5:26
13 ပူးပေါင်းရင်းမြစ်များ  

လူ​အ​စု​အ​ဝေး​တို့​သည် မြင်​လျှင် အံ့​ဩ​ခြင်း​ရှိ၍၊ လူ​တို့​အား ဤ​သို့​သော​အ​ခွင့်​ကို အပ်​ပေး​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-


လူ​အ​ပေါင်း​တို့​သည် ကြောက်​ရွံ့​ခြင်း​သို့​ရောက်၍၊ ကြီး​စွာ​သော​ပ​ရော​ဖက်​သည် ငါ​တို့​တွင်​ပေါ်​ထွန်း​ပြီ။ ဘု​ရား​သ​ခင်​သည် မိ​မိ​လူ​မျိုး​ကို အ​ကြည့်​အ​ရှု ကြွ​လာ​တော်​မူ​ပြီ ဟူ၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။-


ဂါ​ဒ​ရ​ပြည်​သူ​ပြည်​သား အ​ပေါင်း​တို့​သည် အ​လွန်​ကြောက်​လန့်​သော​စိတ်​စွဲ၍၊ မိ​မိ​တို့​ပြည်​က ထွက်​သွား​တော်​မူ​မည်​အ​ကြောင်း တောင်း​ပန်​ကြ​လျှင်၊ ကိုယ်​တော်​သည် လှေ​ထဲ​သို့ ဝင်၍​ပြန်​တော်​မူ၏။


ရှိ​မုန်​ပေ​တ​ရု​သည် မြင်​လျှင်၊ ယေ​ရှု၏ ပု​ဆစ်​တော်​ကို ဦး​တိုက်၍၊ သ​ခင်၊ အ​ကျွန်ုပ်​သည် အ​ပြစ်​များ​သော​သူ ဖြစ်​ပါ၏။ အ​ကျွန်ုပ်​ဆီ​မှ ကြွ​သွား​တော်​မူ​ပါ​ဟု လျှောက်​လေ၏။-


ထို​သူ​သည်​လည်း ချက်​ချင်း​ထ၍ အိပ်​ရာ​ကို​ဆောင်​လျက် လူ​အ​ပေါင်း​တို့​ရှေ့​မှာ ထွက်​သွား၏။ ထို​လူ​အ​ပေါင်း​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ၍၊ ဤ​ကဲ့​သို့ တစ်​ခါ​မျှ​မ​မြင်​စ​ဖူး​ဟု ပြော​ဆို၍ ဘု​ရား​သ​ခင်၏​ဂုဏ်​တော်​ကို ချီး​မွမ်း​ကြ၏။


ထို​မိန်း​မ​တို့​သည်​လည်း ကြောက်​ရွံ့​သ​ဖြင့်​လည်း​ကောင်း၊ အ​လွန်​ဝမ်း​မြောက်​သ​ဖြင့်​လည်း​ကောင်း၊ သင်္ချိုင်း​တော်​မှ အ​လျင်​အ​မြန်​သွား၍ တ​ပည့်​တော်​တို့​အား ထို​သ​တင်း​စ​ကား​ကို ကြား​ပြော​ခြင်း​ငှာ ပြေး​ကြ၏။-


လူ​အ​စု​အ​ဝေး​အ​ပေါင်း​တို့​သည်​မိန်း​မော​တွေ​ဝေ၍ ဤ​သူ​သည် ဒါ​ဝိဒ်၏​သား​တော် ဖြစ်​လိမ့်​မည်​လော​ဟု ပြော​ဆို​ကြ၏။-


အိမ်​နီး​ချင်း​ရှိ​သ​မျှ​တို့​သည် ကြောက်​ရွံ့​ခြင်း​ရှိ​ကြ၍ ထို​အ​မှု​အ​ရာ​များ​သည် ယု​ဒ​ပြည်​တောင်​ကြား​အ​ရပ်​တို့၌ အ​နှံ့​အ​ပြား ကျော်​စော​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ