ယေရှုသည် ဗေသနိရွာ၌ရှိသော အနာကြီးရောဂါစွဲကပ်ဖူးသူ ရှိမုန်၏အိမ်၌ ရှိတော်မူစဉ်
လုကာ 5:12 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် မြို့တစ်မြို့၌ ရှိနေတော်မူ၏။ ထိုမြို့၌ တစ်ကိုယ်လုံး အနာကြီးရောဂါပြင်းထန်စွာ ခံစားနေရသောသူတစ်ဦးရှိ၏။ သူသည် ယေရှုကိုမြင်သောအခါ ဝပ်တွားခယလျက် “သခင်… သခင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုစင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။ Common Language Bible တစ်နေ့သ၌ကိုယ်တော်သည်မြို့ကြီးတစ်မြို့တွင် ရှိနေတော်မူ၏။ ထိုမြို့တွင်တစ်ကိုယ်လုံးအရေ ပြားရောဂါစွဲကပ်နေသူတစ်ယောက်ရှိ၏။ သူ သည်သခင်ယေရှုကိုမြင်လျှင်ပျပ်ဝပ်လျက် ``အရှင် အလိုတော်ရှိလျှင်အကျွန်ုပ်ကိုသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်၏။ Garrad Bible မြို့ တစ် မြို့ တွင် ရှိ နေ တော် မူ စဉ် တစ် ကိုယ် လုံး နူ နာ စွဲ သူ တစ် ယောက် သည် ယေ ရှု ကို မြင် သော် ပျပ် ဝပ် လျက် အ ရှင် ဘု ရား၊ အ လို တော် ရှိ လျှင် ကျွန် တော် ကို သန့် စေ တော် မူ နိုင် ပါ သည် ဟု လျှောက် ထား ရာ၊ Judson Bible ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ်၊ တစ်ကိုယ်လုံးနူနာစွဲသော သူတစ်ယောက်သည် ကိုယ်တော်ကို မြင်လျှင် ပျပ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။- မြန်မာ့စံမီသမ္မာကျမ်း ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ် တစ်ကိုယ်လုံးအနာကြီးရောဂါစွဲကပ်နေသူတစ်ဦးသည် ယေရှုကိုမြင်လျှင် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လေ၏။ မြန်မာ ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ်၊ တစ်ကိုယ်လုံးနူနာစွဲသော သူတစ်ယောက်သည် ကိုယ်တော်ကို မြင်လျှင် ပျပ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။- |
ယေရှုသည် ဗေသနိရွာ၌ရှိသော အနာကြီးရောဂါစွဲကပ်ဖူးသူ ရှိမုန်၏အိမ်၌ ရှိတော်မူစဉ်
ယေရှုသည် အိမ်ထဲသို့ဝင်တော်မူသောအခါ မျက်မမြင်နှစ်ယောက်သည် ကိုယ်တော်ထံသို့ လာကြ၏။ ယေရှုက “ငါသည်သင်တို့ကို မြင်စေနိုင်မည်ဟု ယုံကြည်ကြသလော” ဟူ၍ မေးတော်မူ၏။ သူတို့က “ယုံကြည်ပါ၏ သခင်” ဟု လျှောက်ကြ၏။
“အကျွန်ုပ်၏ သမီးငယ်သည် သေလုနီးပါးဖြစ်နေပါ၏။ သူသည် ကျန်းမာ၍ အသက်ရှင်နိုင်ရန် အရှင်သည် ကြွလာ၍ သူ့အပေါ် လက်တော်ကို တင်တော်မူပါ” ဟု အနူးအညွှတ်တောင်းပန်လေ၏။
သူသည် ယေရှု၏ခြေတော်ရင်း၌ ဝပ်တွားခယလျက် ကျေးဇူးတင်လေ၏။ ထိုသူသည် ရှမာရိလူမျိုးဖြစ်၏။
ယေရှုသည် လက်ကို ဆန့်၍ ထိုသူကို တို့ပြီးလျှင် “ငါအလိုရှိ၏။ စင်ကြယ်စေ” ဟု မိန့်တော်မူ၏။ ထိုခဏအတွင်း၌ ထိုသူ၏ရောဂါသည်လည်း ပျောက်ကင်းလေ၏။
ထို့ကြောင့် ကိုယ်တော်သည် မိမိကိုအမှီပြု၍ ဘုရားသခင်ထံသို့ ချဉ်းကပ်လာသူများကို အပြည့်အဝကယ်တင်နိုင်တော်မူ၏။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် သူတို့အတွက် အသနားခံပေးရန် ထာဝရအသက်ရှင်နေသောကြောင့်ဖြစ်၏။