လုကာ 5:12 - Common Language Bible12 တစ်နေ့သ၌ကိုယ်တော်သည်မြို့ကြီးတစ်မြို့တွင် ရှိနေတော်မူ၏။ ထိုမြို့တွင်တစ်ကိုယ်လုံးအရေ ပြားရောဂါစွဲကပ်နေသူတစ်ယောက်ရှိ၏။ သူ သည်သခင်ယေရှုကိုမြင်လျှင်ပျပ်ဝပ်လျက် ``အရှင် အလိုတော်ရှိလျှင်အကျွန်ုပ်ကိုသန့်စင်စေနိုင် ပါသည်'' ဟုလျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible12 မြို့ တစ် မြို့ တွင် ရှိ နေ တော် မူ စဉ် တစ် ကိုယ် လုံး နူ နာ စွဲ သူ တစ် ယောက် သည် ယေ ရှု ကို မြင် သော် ပျပ် ဝပ် လျက် အ ရှင် ဘု ရား၊ အ လို တော် ရှိ လျှင် ကျွန် တော် ကို သန့် စေ တော် မူ နိုင် ပါ သည် ဟု လျှောက် ထား ရာ၊ အခန်းကိုကြည့်ပါ။Judson Bible12 ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ်၊ တစ်ကိုယ်လုံးနူနာစွဲသော သူတစ်ယောက်သည် ကိုယ်တော်ကို မြင်လျှင် ပျပ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း12 ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ် တစ်ကိုယ်လုံးအနာကြီးရောဂါစွဲကပ်နေသူတစ်ဦးသည် ယေရှုကိုမြင်လျှင် ပျပ်ဝပ်လျက် “သခင်ဘုရား၊ ကိုယ်တော်အလိုရှိလျှင် အကျွန်ုပ်ကို စင်ကြယ်စေနိုင်ပါသည်”ဟု တောင်းပန်လေ၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း12 ယေရှုသည် မြို့တစ်မြို့၌ ရှိနေတော်မူ၏။ ထိုမြို့၌ တစ်ကိုယ်လုံး အနာကြီးရောဂါပြင်းထန်စွာ ခံစားနေရသောသူတစ်ဦးရှိ၏။ သူသည် ယေရှုကိုမြင်သောအခါ ဝပ်တွားခယလျက် “သခင်… သခင်အလိုတော်ရှိလျှင် အကျွန်ုပ်ကိုစင်ကြယ်စေနိုင်ပါသည်” ဟု လျှောက်လေ၏။ အခန်းကိုကြည့်ပါ။မြန်မာ12 ကိုယ်တော်သည် မြို့တစ်မြို့၌ရှိတော်မူစဉ်၊ တစ်ကိုယ်လုံးနူနာစွဲသော သူတစ်ယောက်သည် ကိုယ်တော်ကို မြင်လျှင် ပျပ်ဝပ်၍၊ သခင်၊ အလိုတော်ရှိလျှင် ကျွန်တော်ကို သန့်ရှင်းစေနိုင်တော်မူသည်ဟု တောင်းပန်လေ၏။- အခန်းကိုကြည့်ပါ။ |
ရှုရိတပ်မတော်ဗိုလ်ချုပ်နေမန်သည် ရှုရိဘုရင် ၏ရိုသေလေးစားမှုကိုများစွာခံရသူဖြစ်၏။ အဘယ်ကြောင့်ဆိုသော်နေမန်အားဖြင့် ထာဝရ ဘုရားသည်ရှုရိတပ်များကိုအောင်ပွဲခံစေတော် မူသောကြောင့်ဖြစ်၏။ နေမန်သည်သူရဲကောင်း ကြီးတစ်ဦးဖြစ်သော်လည်း ကြောက်ရွံ့ဖွယ်ဖြစ် သောအရေပြားရောဂါစွဲကပ်နေသူဖြစ်ပေ သည်။-
ကောင်းကင်တမန်သည်ယေရုရှလင်မြို့ကို ဖျက်ဆီးပစ်ရန် ဋ္ဌားကိုကိုင်ကာလေထဲတွင် ရပ်နေသည်ကိုဒါဝိဒ်မြင်လေ၏။ ထိုအခါ သူသည်ဣသရေလပြည်သားခေါင်းဆောင် များနှင့်အတူ မြေသို့တိုင်အောင်ဦးညွှတ် ပျပ်ဝပ်လိုက်၏။ သူတို့အားလုံးပင်လျှင် လျှော်တေအဝတ်ကိုဝတ်ဆင်ထားသတည်း။-
သို့ဖြစ်၍ကိုယ်တော်သည်မိမိကိုအမှီပြု၍ ဘုရားသခင်ထံတော်သို့ချဉ်းကပ်ကြသူ အပေါင်းတို့အား အခါခပ်သိမ်းကယ်တင်တော် မူနိုင်၏။ အဘယ်ကြောင့်ဆိုသော်ကိုယ်တော်သည် ထိုသူတို့အတွက်ဘုရားသခင်ထံတော်တွင် အသနားခံရန်ထာဝစဉ်အသက်ရှင်လျက် ရှိတော်မူသောကြောင့်တည်း။