မာရိသည် ထိုစကားကို ကြားလျှင် စိတ်ရှုပ်ထွေး၍ ကောင်းကင်တမန်၏စကားသည် မည်သို့ဆိုလိုသနည်းဟု တွေးတောနေ၏။
လုကာ 24:5 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ အမျိုးသမီးတို့သည် ကြောက်ရွံ့၍ မိမိတို့၏မျက်နှာများကို မြေပြင်သို့ ငုံ့ထားကြ၏။ ထိုလူနှစ်ဦးက “အသက်ရှင်သောသူကို လူသေများရှိသည့်နေရာတွင် အဘယ်ကြောင့် ရှာဖွေကြသနည်း။ Common Language Bible အမျိုးသမီးများသည်ကြောက်ရွံ့၍ပျပ်ဝပ် လျက်နေကြ၏။ ထိုသူနှစ်ယောက်က``သင်တို့သည် အဘယ်ကြောင့်အသက်ရှင်သူကိုသေသူများ ရှိရာအရပ်တွင်ရှာကြသနည်း။- Garrad Bible ကြောက် ရွံ့၍ ပျပ် ဝပ် သော ထို မိန်း မ တို့ အား သူ ရှင် ကို သူ သေ တို့ ဘောင် တွင် အ ဘယ့် ကြောင့် ရှာ ကြ သ နည်း။ Judson Bible ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း အမျိုးသမီးတို့သည် ကြောက်လန့်၍ ခေါင်းကို အောက်သို့ငုံ့လျက်နေကြရာ ထိုသူတို့က “သင်တို့သည် သေသောသူတို့တွင် အသက်ရှင်သောသူကို အဘယ်ကြောင့်ရှာကြသနည်း။ မြန်မာ ထိုမိန်းမတို့သည် ကြောက်လန့်သောစိတ်နှင့် ငုံ့၍နေစဉ်တွင်၊ ထိုသူတို့က၊ သင်တို့သည် အသေကောင်ရှိရာအရပ်၌ အသက်ရှင်သောသူကို အဘယ်ကြောင့် ရှာကြသနည်း။- |
မာရိသည် ထိုစကားကို ကြားလျှင် စိတ်ရှုပ်ထွေး၍ ကောင်းကင်တမန်၏စကားသည် မည်သို့ဆိုလိုသနည်းဟု တွေးတောနေ၏။
ထိုအတွက်ကြောင့် ဇဝေဇဝါဖြစ်နေကြစဉ် တောက်ပသောအဝတ်ကို ဝတ်ဆင်ထားသောလူနှစ်ဦးသည် ရုတ်တရက်ပေါ်လာ၍ သူတို့အနားတွင် ရပ်လေ၏။
ထိုအရှင်သည် ဤနေရာတွင် မရှိ။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ ဂါလိလဲပြည်၌ ရှိတော်မူစဉ် အရှင်က သင်တို့အား ‘လူသားသည် အပြစ်သားများလက်သို့ အပ်နှံခြင်းကို ခံရမည်။ လက်ဝါးကပ်တိုင်တွင် သတ်ခြင်းခံရမည်။ ထို့နောက် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်မည်’ ဟူ၍ မိန့်တော်မူသည်ကို သတိရကြလော့” ဟု ဆိုကြ၏။
သို့သော်လည်း ဘုရားသခင်သည် ထိုအရှင်ကို သေခြင်းမှရှင်ပြန်ထမြောက်စေတော်မူ၍ သေခြင်းနှင့်ဆိုင်သောဝေဒနာမှ ကင်းလွတ်စေတော်မူ၏။ အဘယ်ကြောင့်ဆိုသော် သေခြင်းတန်ခိုးသည် ထိုအရှင်ကို အစဉ်ချုပ်နှောင်ထားရန် မဖြစ်နိုင်သောကြောင့်ပင်။
ဆယ်ပုံတစ်ပုံကို ခံယူသော လေဝိအနွယ်ယဇ်ပုရောဟိတ်တို့သည် သေတတ်သောလူများဖြစ်ကြသော်လည်း ဆယ်ပုံတစ်ပုံကို ခံယူသော ဤမေလခိဇေဒက်မှာ အသက်ရှင်ကြောင်း သက်သေထင်ရှား၏။
ငါသည် အသက်ရှင်သောသူဖြစ်၏။ ငါသည် သေခဲ့၏။ ယခုတွင်မူ အစဉ်ထာဝရအသက်ရှင်၏။ ငါသည် သေခြင်းတရားနှင့် မရဏနိုင်ငံကို အစိုးရ၏။
စမုရနမြို့၌ရှိသော အသင်းတော်၏ကောင်းကင်တမန်ထံသို့ စာရေးလော့။ အစဦးဆုံးနှင့် နောက်ဆုံးဖြစ်သောသူ၊ အသေခံပြီး အသက်ပြန်ရှင်လာသောသူက ဤသို့မိန့်တော်မူ၏။