ယခု သင်တို့သည် ပေတရု အပါအဝင်၊ တပည့်တော်တို့ထံသို့ သွား၍ ‘ယေရှုသည် သင်တို့ထက်ဦးစွာ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ အသေခံတော်မမူမီ မိန့်တော်မူသည့်အတိုင်း သင်တို့သည် သူ့ကို ထိုနေရာ၌ တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။
လုကာ 24:34 - ခေတ်သစ်မြန်မာ သမ္မာကျမ်း စုရုံးနေကြသောသူများက “သခင်သည် အမှန်တကယ် ရှင်ပြန်ထမြောက်တော်မူပြီ။ ရှိမုန်ကိုလည်းကိုယ်ထင်ပြတော်မူပြီ” ဟု ဆိုကြလေ၏။ Common Language Bible စုရုံးလျက်နေသောသူတို့က ``အကယ်ပင်သခင် ဘုရားသေခြင်းမှရှင်ပြန်ထမြောက်တော်မူပြီ။ ကိုယ်တော်သည်ပေတရုအားကိုယ်ထင်ပြတော် မူပြီ'' ဟုဆိုကြ၏။ Judson Bible စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီဟု ပြောဆိုလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုသူအပေါင်းတို့က “သခင်ဘုရားသည် အမှန်ပင်ထမြောက်တော်မူ၍ ရှိမုန်ထံထင်ရှားပြတော်မူပြီ”ဟု ပြောဆိုနေကြ၏။ မြန်မာ စုဝေးသောသူတို့ကလည်း၊ သခင်ဘုရားသည် အမှန်ထမြောက်တော်မူပြီ။ ရှိမုန်အား ကိုယ်ကိုပြတော်မူပြီဟု ပြောဆိုလျှင်၊- |
ယခု သင်တို့သည် ပေတရု အပါအဝင်၊ တပည့်တော်တို့ထံသို့ သွား၍ ‘ယေရှုသည် သင်တို့ထက်ဦးစွာ ဂါလိလဲပြည်သို့ ကြွတော်မူမည်။ အသေခံတော်မမူမီ မိန့်တော်မူသည့်အတိုင်း သင်တို့သည် သူ့ကို ထိုနေရာ၌ တွေ့မြင်ကြရလိမ့်မည်’ ဟူ၍ ပြောကြလော့” ဟု ဆို၏။
ထိုအရှင်သည် ဤနေရာတွင် မရှိ။ သေခြင်းမှ ရှင်ပြန်ထမြောက်တော်မူပြီ။ ဂါလိလဲပြည်၌ ရှိတော်မူစဉ် အရှင်က သင်တို့အား ‘လူသားသည် အပြစ်သားများလက်သို့ အပ်နှံခြင်းကို ခံရမည်။ လက်ဝါးကပ်တိုင်တွင် သတ်ခြင်းခံရမည်။ ထို့နောက် သုံးရက်မြောက်သောနေ့၌ သေခြင်းမှ ထမြောက်မည်’ ဟူ၍ မိန့်တော်မူသည်ကို သတိရကြလော့” ဟု ဆိုကြ၏။
ယေရှုသည် မုဆိုးမကို မြင်သောအခါ သနားစိတ်ရှိတော်မူသဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။
ယေရှုထံတော်သို့စေလွှတ်၍ “အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
အသေခံတော်မူပြီးနောက် ယေရှုသည် မိမိအသက်ရှင်လျက်ရှိကြောင်း ခိုင်မာသောသက်သေအထောက်အထားများဖြင့် ရက်ပေါင်းလေးဆယ်အတွင်း တမန်တော်တို့အား ကိုယ်ထင်ပြ၍ ဘုရားသခင်၏နိုင်ငံတော်အကြောင်းကို ဟောပြောတော်မူ၏။
ပေတရုအား ကိုယ်ထင်ပြတော်မူပြီးမှ တမန်တော်ဆယ့်နှစ်ပါးတို့အား ပြတော်မူသည့်အကြောင်းတို့ဖြစ်၏။