သင်တို့အား ငါပြောမည်။ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့အား လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
လုကာ 23:42 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုအား “အရှင်ယေရှု… ကိုယ်တော်၏နိုင်ငံတော်ထဲသို့ ဝင်တော်မူသောအခါ အကျွန်ုပ်ကို သတိရတော်မူပါ” ဟု လျှောက်လေ၏။ Common Language Bible ထိုနောက်သခင်ယေရှုအား ``အရှင်အုပ်စိုးရန် ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိ ရတော်မူပါ'' ဟုလျှောက်၏။- Garrad Bible အို ယေ ရှု၊ နိုင် ငံ တော် သို့ ကြွ လာ သော် ကျွန် တော် ကို သ တိ ရ တော် မူ ပါ ဟု လျှောက် သည့် ကာ လ၊ Judson Bible သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် “ယေရှု၊ ကိုယ်တော်၏နိုင်ငံတော်သို့ ကိုယ်တော်ကြွလာတော်မူသောအခါ အကျွန်ုပ်ကိုသတိရတော်မူပါ”ဟု လျှောက်လေ၏။ မြန်မာ သခင်၊ ကိုယ်တော်သည် နိုင်ငံတော်တည်လျက် ကြွလာတော်မူသောအခါ အကျွန်ုပ်ကို အောက်မေ့တော်မူပါဟု ယေရှုကို လျှောက်ဆို၏။- |
သင်တို့အား ငါပြောမည်။ လူတို့ရှေ့တွင် ငါ့ကို ထုတ်ဖော်ဝန်ခံသူ ရှိသမျှတို့အား လူသားသည်လည်း ဘုရားသခင်၏ကောင်းကင်တမန်များရှေ့တွင် ထုတ်ဖော်ဝန်ခံမည်။
အခွန်ကောက်သူမှာ အဝေးမှ ရပ်လျက် ကောင်းကင်သို့ မမျှော်ကြည့်ဝံ့ဘဲ ရင်ဘတ်ကို လက်ဖြင့် ထု၍ ‘ဘုရားသခင်… အပြစ်သားဖြစ်သော အကျွန်ုပ်ကို သနားတော်မူပါ’ ဟု ဆုတောင်း၏။
ငါတို့သည် အမှန်ပင် ကိုယ့်ပြစ်မှုများအတိုင်း ထိုက်သင့်သည့်ပြစ်ဒဏ်ကို တရားစွာခံရကြ၏။ သို့သော် ဤသူသည် မည်သည့်ပြစ်မှုကိုမျှ မကျူးလွန်ပါ” ဟု ပြောဆိုဆုံးမ၏။
ထိုအခါ ယေရှုက “သင့်အား ငါအမှန်ဆို၏။ ယနေ့ သင်သည် ငါနှင့်အတူ ပရဒိသုဘုံတွင်ရှိလိမ့်မည်” ဟု မိန့်တော်မူ၏။
ခရစ်တော်သည် ဤဒုက္ခများကို ခံ၍ မိမိ၏ဘုန်းတော်သို့ စံမြန်းရမည်မဟုတ်လော” ဟု မိန့်တော်မူ၏။
ထိုအခါ နာသနေလက “ဆရာတော်… ဆရာတော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ အစ္စရေးတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
ပေါလုနှင့်သိလတို့ကလည်း “သခင်ယေရှုကို ယုံကြည်လော့။ သင်နှင့် သင်၏အိမ်သားအားလုံးတို့သည် ကယ်တင်ခြင်းခံရမည်” ဟု ပြောကြ၏။
နောင်တရ၍ ဘုရားသခင်ထံတော်သို့ ပြန်လာကြစေရန်နှင့် ကျွန်ုပ်တို့၏သခင်ယေရှုကို ယုံကြည်စေရန် ဂျူးလူမျိုးများနှင့် ဂရိလူမျိုးများကို လေးနက်စွာ ဟောပြောခဲ့၏။
ထိုပရောဖက်တို့ထဲ၌ ရှိသော ခရစ်တော်၏ဝိညာဉ်သည် ခရစ်တော်၏ ဆင်းရဲဒုက္ခများအကြောင်းကိုလည်းကောင်း၊ ထိုဆင်းရဲဒုက္ခခံရပြီးနောက် စံစားရမည့်ဘုန်းအသရေအကြောင်းကိုလည်းကောင်း ကြိုတင်သက်သေခံသောအခါ မည်သည့်အချိန်နှင့် မည်သည့်အခြေအနေ၌ဖြစ်ပျက်မည်ကို ရည်ညွှန်းကြောင်း ထိုပရောဖက်တို့က စူးစမ်းခဲ့ကြ၏။
ယေရှုသည် ခရစ်တော်ဖြစ်တော်မူကြောင်းကို ယုံကြည်သောသူတိုင်းသည် ဘုရားသခင်ထံမှ ဖြစ်ပွားလာသောသူဖြစ်ပြီး အဖဘုရားသခင်ကိုချစ်သောသူတိုင်းသည် အဖဘုရားသခင်၏သားသမီးများကိုလည်း ချစ်တတ်၏။