ယေရှုသည် ရောမဘုရင်ခံ ပိလတ်မင်းရှေ့၌ ရပ်တော်မူရာ ပိလတ်မင်းက “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုကလည်း “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ဖြေတော်မူ၏။
လုကာ 23:3 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့ကြောင့် ပိလတ်မင်းက ယေရှုအား “သင်သည် ဂျူးတို့၏ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုက “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ပြန်၍ ဖြေတော်မူ၏။ Common Language Bible ပိလတ်မင်းကကိုယ်တော်အား ``သင်သည်ယုဒ ဘုရင်ပေလော'' ဟုမေး၏။ ကိုယ်တော်က ``မင်းကြီးမေးသည်အတိုင်းမှန် သည်'' ဟုမိန့်တော်မူ၏။ Garrad Bible ပိ လတ် မင်း က သင် သည် ယု ဒ လူ မျိုး တို့ ဘု ရင် လော ဟု မေး ရာ သင် ဆို သည့် အ တိုင်း တည်း ဟု ပြန်၍ မိန့် တော် မူ သော်၊ Judson Bible ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ပိလတ်မင်းကလည်း “သင်သည် ဂျူးလူမျိုးတို့၏ဘုရင်လော”ဟု ကိုယ်တော်အား မေးလျှင် ကိုယ်တော်က“သင်ပြောသည့်အတိုင်းပေတည်း”ဟု ပြန်ဖြေတော်မူ၏။ မြန်မာ ပိလတ်မင်းက၊ သင်သည် ယုဒရှင်ဘုရင်မှန်သလောဟု ယေရှုကိုမေးလျှင်၊ မင်းကြီးမေးသည်အတိုင်း မှန်သည်ဟု မိန့်တော်မူ၏။- |
ယေရှုသည် ရောမဘုရင်ခံ ပိလတ်မင်းရှေ့၌ ရပ်တော်မူရာ ပိလတ်မင်းက “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုကလည်း “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ဖြေတော်မူ၏။
ပိလတ်မင်းက ယေရှုအား “သင်သည် ဂျူးတို့၏ ရှင်ဘုရင်ဖြစ်သလော” ဟု မေးလေ၏။ ယေရှုက “မင်းကြီးဆိုသည့်အတိုင်း မှန်ပါသည်” ဟု ပြန်၍ ဖြေတော်မူ၏။
အစ္စရေးတို့၏ရှင်ဘုရင်ဟူသော ခရစ်တော်သည် လက်ဝါးကပ်တိုင်မှ ဆင်းလာပါစေ။ ဆင်းသည်ကို ငါတို့မြင်လျှင် ယုံကြည်မည်” ဟု အော်ဟစ်၍ ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။ ကိုယ်တော်နှင့်အတူ လက်ဝါးကပ်တိုင်ပေါ်တွင် ရိုက်ထားခြင်းခံရသောဓားပြများကလည်း ကိုယ်တော်ကို ပြက်ရယ်ပြုကြ၏။
ထိုအခါ သူတို့အားလုံးက “သို့ဖြစ်လျှင် သင်သည် ဘုရားသားဖြစ်သလော” ဟု မေးကြ၏။ ယေရှုက “သင်တို့ဆိုသည့်အတိုင်း မှန်သည်” ဟု မိန့်တော်မူ၏။
ဦးခေါင်းတော်အထက်တွင် “ဤသူသည် ဂျူးတို့၏ရှင်ဘုရင်ဖြစ်၏” ဟု ကမ္ပည်းရေးထိုးထား၏။
ထိုအခါ နာသနေလက “ဆရာတော်… ဆရာတော်သည် ဘုရားသခင်၏ သားတော်ဖြစ်တော်မူ၏၊ အစ္စရေးတို့၏ ရှင်ဘုရင်လည်း ဖြစ်တော်မူ၏” ဟု လျှောက်၏။
ထို့ကြောင့် ဘုရင်ခံပိလတ်မင်းသည် ထိုသူတို့ ရှိရာသို့ ထွက်လာ၍ “သင်တို့သည် ဤလူ အပေါ်၌ မည်သည့်စွဲချက်ကို တင်ကြသနည်း” ဟု မေး၏။
ထို့နောက် သူတို့သည် ကိုယ်တော်ထံသို့ ချဉ်းကပ်၍ “ဂျူးတို့၏ရှင်ဘုရင် ဘုန်းကြီးပါစေ” ဟု ပြက်ရယ်ပြုလျက် ပါးတော်ကို ရိုက်ကြ၏။
အရာအားလုံးကိုအသက်ရှင်စေတော်မူသည့်ဘုရားသခင်၏ ရှေ့တော်၌လည်းကောင်း၊ ပုန္တိပိလတ်မင်း၏ ရှေ့၌ ကောင်းသောဝန်ခံချက်ဖြင့် သက်သေခံတော်မူသော ယေရှုခရစ်တော်၏ ရှေ့တော်၌လည်းကောင်း တိုင်တည်၍ ကျွန်ုပ် သင့်ကို ညွှန်ကြားလိုက်၏။