ယေရှုက “သင်တို့သည် မည်သည့်အရာ တောင်းသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ဒုက္ခဝေဒနာခွက်ကို သင်တို့သောက်နိုင်မည်လော” ဟု ထိုသားနှစ်ဦးအား မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။
လုကာ 22:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ ပေတရုက ယေရှုအား “သခင်… အကျွန်ုပ်သည် သခင်နှင့်အတူ ထောင်ထဲသို့ဖြစ်စေ၊ အသေခံရန်ဖြစ်စေ လိုက်ပါရန်အသင့်ရှိပါသည်” ဟု လျှောက်လေ၏။ Common Language Bible ပေတရုက ``အရှင်၊ အကျွန်ုပ်သည်ထောင်ထဲသို့ လည်းကောင်း၊ သေရွာသို့လည်းကောင်းကိုယ်တော် ရှင်နှင့်အတူလိုက်ရန်အသင့်ရှိပါ၏'' ဟု လျှောက်၏။ Garrad Bible ထို ကာ လ ရှိ မုန် က အ ရှင် ဘု ရား၊ တ ပည့် တော် သည် ထောင် ကျ ရာ သို့လည်း ကောင်း၊ အ သေ ခံ ရာ သို့လည်း ကောင်း၊ ကိုယ် တော် နှင့် လိုက် ရန် အ သင့် ရှိ ပါ သည် ဟု ပြန် လျှောက် ရာ၊ Judson Bible ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်းကောင်း လိုက်ခြင်းငှာ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ပေတရုက “သခင်၊ အကျွန်ုပ်သည် ထောင်ထဲသို့ဖြစ်စေ၊ သေခြင်းအထိဖြစ်စေ ကိုယ်တော်နှင့်အတူလိုက်ရန် အသင့်ရှိပါသည်”ဟု လျှောက်လေ၏။ မြန်မာ ပေတရုက၊ သခင်၊ အကျွန်ုပ်သည် ကိုယ်တော်နှင့်အတူ ထောင်ထဲသို့လည်းကောင်း၊ အသေသတ်ခြင်းသို့လည်းကောင်း လိုက်ခြင်းငှာ အသင့်ရှိပါ၏ဟု လျှောက်လေသော်၊- |
ယေရှုက “သင်တို့သည် မည်သည့်အရာ တောင်းသည်ကို သင်တို့မသိကြ။ ငါသောက်မည့်ဒုက္ခဝေဒနာခွက်ကို သင်တို့သောက်နိုင်မည်လော” ဟု ထိုသားနှစ်ဦးအား မေးတော်မူလျှင် သူတို့က “အကျွန်ုပ်တို့ သောက်နိုင်ပါသည်” ဟု လျှောက်ကြ၏။
ထိုအခါ ပေတရုက “အခြားသူအပေါင်းတို့သည် သခင့်ကို စွန့်ခွာကြလျှင်လည်း အကျွန်ုပ်သည် မည်သည့်အခါမျှ စွန့်ခွာမည်မဟုတ်ပါ” ဟု လျှောက်လေ၏။
ပေတရုက “အကျွန်ုပ်သည် သခင်နှင့်အတူ သေရမည်ဆိုလျှင်ပင် သခင့်ကို အကျွန်ုပ် မည်သည့်အခါမျှ ငြင်းပယ်မည်မဟုတ်” ဟု အလေးအနက်လျှောက်လေ၏။ အခြားတပည့်တော်တို့သည်လည်း ထိုနည်းတူလျှောက်ကြ၏။
ယေရှုက “ပေတရု၊ သင့်အားငါပြောဆိုသည်မှာ ယနေ့ပင် ကြက်မတွန်မီ သင်သည် ငါ့ကိုမသိဟူ၍ သုံးကြိမ် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုက “ငါ့အတွက် အသက်စွန့်မည်လော။ သင့်အား ငါအမှန်ဆို၏။ ကြက်မတွန်မီ သင်သည် ငါ့ကို မသိဟု သုံးကြိမ်တိုင်အောင် ငြင်းဆိုလိမ့်မည်” ဟု မိန့်တော်မူ၏။
သို့ရာတွင် ပေါလုက “သင်တို့သည် ငိုကြွေးလျက် ကျွန်ုပ်စိတ်နှလုံးကို ပူဆွေးဝမ်းနည်းစေရန် အဘယ်ကြောင့် ပြုကြသနည်း။ ကျွန်ုပ်သည် ဂျေရုဆလင်မြို့၌ ထောင်ကျခံရန်မျှသာမက သခင်ယေရှု၏အမည်နာမအတွက် အသေခံရန်ပင် အသင့်ရှိပါ၏” ဟု ပြန်ပြောလေ၏။