အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြ၏။ သို့သော် ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။
လုကာ 21:4 - ခေတ်သစ်မြန်မာ သမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြသော်လည်း ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။ Common Language Bible ထိုသူတို့သည်မိမိတို့၏ငွေပိုငွေလျှံထဲမှ ပေးလှူကြ၏။ ဤအမျိုးသမီးမူကားဆင်းရဲ လျက်နှင့်မိမိ၏ချွေးနှဲစာရှိသမျှကိုပင် ပေးလှူပြီ'' ဟုမိန့်တော်မူ၏။ Garrad Bible ထို သူ အ ပေါင်း တို့ သည် စည်း စိမ် ပို မို ရာ မှ အ လှူ ထည့် သွင်း ကြ၏။ ဤ မိန်း မ မူ ကား ဆင်း ရဲ ငတ် မွတ် ရာ မှ အ သက် မွေး ရန် ရှိ သ မျှ ကို ထည့် သွင်း ပြီ တ ကား ဟု မိန့် တော် မူ ၏။ Judson Bible အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဤသူအားလုံးတို့သည် မိမိတို့၏ကြွယ်ဝပြည့်စုံမှုထဲမှ အလှူငွေကိုထည့်ကြ၏။ ဤမုဆိုးမမူကား မိမိ၏ဆင်းရဲချို့တဲ့မှုထဲမှ သူ၌ရှိသောအသက်မွေးစရာအားလုံးကို ထည့်လေပြီ”ဟု မိန့်တော်မူ၏။ မြန်မာ အကြောင်းမူကား၊ ထိုသူအပေါင်းတို့သည် မိမိတို့ကြွယ်ဝသော စည်းစိမ်ထဲကနုတ်၍ ဘုရားသခင်၏ အလှူတော်စုထဲသို့ သွင်းချကြ၏။ ထိုမိန်းမမူကား၊ အလွန်ဆင်းရဲလျက်ပင် မိမိအသက်မွေးစရာ ဥစ္စာရှိသမျှကို သွင်းချလေပြီဟု မိန့်တော်မူ၏။ |
အခြားသောသူတို့သည် မိမိတို့ပိုလျှံသည့်ငွေကြေးထဲက လှူဒါန်းကြ၏။ သို့သော် ဤအမျိုးသမီးမှာ ဆင်းရဲလျက်နှင့်ပင် အသက်မွေးစရာ ရှိသမျှငွေကို လှူလေပြီ” ဟု မိန့်တော်မူ၏။
သားငယ်ဖြစ်သူက ဖခင်အား ‘အဖေ… ကျွန်ုပ်ရထိုက်သော အမွေပစ္စည်းများကို ခွဲဝေပေးပါ’ ဟု ပြော၏။ ထိုအခါ ဖခင်သည်လည်း သူ၏စည်းစိမ်ဥစ္စာများကို သူတို့နှစ်ဦးအား ခွဲဝေပေးလေ၏။
ထိုအခါ ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ ဤဆင်းရဲသောမုဆိုးမသည် အခြားသောသူတို့ထက် ပို၍ လှူဒါန်းပြီ။
ထိုအချိန်၌ အမျိုးသမီးတစ်ဦးသည် ဆယ့်နှစ်နှစ်ပတ်လုံး သွေးသွန်ရောဂါစွဲ၍ ဥစ္စာရှိသမျှကို ဆရာဝန်များအား ပေးလျက် ကုသသော်လည်း မည်သည့်ဆရာဝန်မျှ မတတ်နိုင်ဘဲရှိလေ၏။
ထိုသူတို့တွင် ဆင်းရဲချို့တဲ့သောသူ တစ်ယောက်မျှမရှိ။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်အိမ်ခြံမြေများပိုင်ဆိုင်သောသူတို့သည် ပိုင်ဆိုင်သောအရာများကို ရောင်းပြီးလျှင် ရသောငွေများကို ယူဆောင်လာ၍
သင်တို့လှူဒါန်းရန် စေတနာစိတ်ရှိလျှင် ဘုရားသခင်သည် သင်တို့၌ မရှိသောအရာကို မထောက်ဘဲ ရှိသောအရာကို ထောက်၍ သင်တို့၏ လှူဒါန်းခြင်းကို လက်ခံတော်မူလိမ့်မည်။