ထိုသို့ လူထုအား ဟောပြောနေစဉ် မယ်တော်နှင့် ညီတော်တို့သည် ယေရှုကို စကားပြောလို၍ အပြင်တွင် ရပ်စောင့်လျက်နေကြ၏။
လုကာ 2:51 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူ နာဇရက်မြို့သို့ ပြန်သွား၍ သူတို့၏စကားကို နားထောင်လျက် နေလေ၏။ မိခင်သည် ဖြစ်ပျက်ခဲ့သမျှကို စိတ်နှလုံးထဲ၌ မှတ်ထားလေ၏။ Common Language Bible ထိုနောက်သူငယ်တော်သည်မိဘတို့နှင့်အတူ လိုက်၍ နာဇရက်မြို့သို့ရောက်သော်မိဘတို့၏ စကားကိုနာခံလျက်နေ၏။ မယ်တော်သည်ဤ အဖြစ်အပျက်အလုံးစုံတို့ကိုစိတ်နှလုံးထဲ မှာမှတ်ကျုံးထား၏။- Garrad Bible ထို နောက် ကိုယ် တော် သည် သူ တို့ နှင့် လိုက် လျက် နာ ဇ ရက် မြို့ သို့ ရောက် ရာ သူ တို့ အ အုပ် အ ချုပ် အောက်၌ နေ တော် မူ၏။ ထို အ ချင်း အ ရာ ခပ် သိမ်း ကို မယ် တော် သည် နှ လုံး သွင်း လေ ၏။ Judson Bible ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နားထောင်လျက် နေလေ၏။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ယေရှုသည် မိဘတို့နှင့်အတူပြန်သွား၍ နာဇရက်မြို့သို့ရောက်သောအခါ သူတို့ကိုနာခံလျက်နေတော်မူ၏။ မယ်တော်မူကား ဤအကြောင်းအရာအလုံးစုံတို့ကို မိမိစိတ်နှလုံးထဲ၌မှတ်ကျုံးထားလေ၏။ မြန်မာ ထိုနောက် ယေရှုသည် မိဘတို့နှင့်အတူသွားသဖြင့် နာဇရက်မြို့သို့ရောက်၍ သူတို့စကားကို နားထောင်လျက် နေလေ၏။ ထိုအကြောင်းအရာ အလုံးစုံတို့ကို မယ်တော်သည် နှလုံးထဲ၌ မှတ်ကျုံးလေ၏။- |
ထိုသို့ လူထုအား ဟောပြောနေစဉ် မယ်တော်နှင့် ညီတော်တို့သည် ယေရှုကို စကားပြောလို၍ အပြင်တွင် ရပ်စောင့်လျက်နေကြ၏။
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ထိုအချိန်ကာလတွင် ယေရှုသည် ဂါလိလဲပြည် နာဇရက်မြို့မှ ကြွလာတော်မူ၍ ဂျော်ဒန်မြစ်တွင် ယောဟန်ထံ၌ နှစ်ခြင်းမင်္ဂလာခံယူတော်မူ၏။
သူသည် လက်သမားမဟုတ်လော။ မာရိ၏သား မဟုတ်လော။ ယာကုပ်၊ ယောသပ်၊ ယုဒနှင့် ရှိမုန်တို့၏အစ်ကို မဟုတ်လော။ သူ၏ နှမတို့သည်လည်း ငါတို့နှင့် တစ်ရပ်တည်းသားများပင် မဟုတ်လော” ဟု ပြောဆို၍ ကိုယ်တော်အပေါ် ဘဝင်မကျဖြစ်ကာ မယုံကြည်ဘဲနေကြ၏။
သို့သော်လည်း မာရိသည် ဤဖြစ်ပျက်သမျှအကြောင်းအရာအားလုံးကို မိမိစိတ်နှလုံးထဲတွင် မှတ်သား၍ စဉ်းစားဆင်ခြင်လျက်နေ၏။
သူငယ်၏မိဘတို့သည် ထာဝရဘုရား၏ပညတ်တရားနှင့်အညီ ပြုလုပ်ရမည့်အရာအားလုံးကို ဆောင်ရွက်ပြီးသောအခါ သူငယ်ကို ခေါ်၍ ဂါလိလဲပြည် နာဇရက်မြို့သို့ ပြန်သွားကြ၏။
ထို့နောက် ယေရှုသည် မိမိကြီးပြင်းခဲ့သည့် နာဇရက်မြို့သို့ကြွတော်မူ၏။ ဥပုသ်နေ့ရောက်လာသောအခါ ဓလေ့ထုံးစံရှိသည့်အတိုင်း ဂျူးဝတ်ပြုဆောင်သို့ သွား၍ ကျမ်းစာဖတ်ရန် ရပ်တော်မူ၏။
ယေရှုကလည်း “သင်တို့က ‘ဆရာဝန်… သင်သည် မိမိရောဂါကို မိမိပြန်၍ ပျောက်ကင်းအောင်ကုသလော့’ ဟူသော စကားပုံနှင့်အညီ ‘ကပေရနောင်မြို့၌ သင်ပြုသည့်အံ့ဖွယ်အမှုများကို ငါတို့ကြားခဲ့ရသည့်အတိုင်း သင်၏နေရပ်မြို့ဖြစ်သော ဤနေရာ၌လည်း ပြုလော့’ ဟု ငါ့ကို ဧကန်မုချပြောဆိုကြလိမ့်မည်။
ထိုသို့ ဒုက္ခဆင်းရဲခံရလျှင်ပင် ကောင်းမှုပြုရန် သင်တို့ကို ဘုရားသခင်ရွေးကောက်တော်မူ၏။ ခရစ်တော်သည်လည်း သင်တို့ကိုယ်စား ဆင်းရဲဒုက္ခခံ၍ မိမိခြေရာတော်ကို သင်တို့လိုက်နိုင်ရန် စံနမူနာထားခဲ့တော်မူ၏။