သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။
လုကာ 2:40 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သူငယ်သည်လည်း ကြီးပြင်း၍ ကြံ့ခိုင်သန်စွမ်းလျက် ဉာဏ်ပညာနှင့်ပြည့်စုံ၏။ ဘုရားသခင်၏မျက်နှာသာပေးခြင်းကိုလည်း ခံရလေ၏။ Common Language Bible သူငယ်တော်သည်ကြီးပြင်းသန်စွမ်းလာ၏။ ဉာဏ်ပညာတိုးတက်လာ၏။ ဘုရားသခင်၏ ကျေးဇူးတော်ကိုခံစားလျက်နေ၏။ Garrad Bible သူ ငယ် တော် သည် ကြီး ပွား ခွန် အား တိုး တက်၍ ဉာဏ် ပ ညာ နှင့် ပြည့် လျက် ဘု ရား သ ခင့် ကျေး ဇူး တော် သည် ကိုယ် တော့် အ ပေါ်၌ တည်၏။ Judson Bible သူငယ်သည်လည်း ကြီးပွား၍ ပညာဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။ မြန်မာ့စံမီသမ္မာကျမ်း သူငယ်သည်လည်းကြီးထွား၍ ကြံ့ခိုင်သန်စွမ်းလာကာ ဉာဏ်ပညာနှင့်ပြည့်စုံ၏။ ဘုရားသခင်၏ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်လေ၏။ မြန်မာ သူငယ်သည်လည်း ကြီးပွား၍ ပညာဉာဏ်သတ္တိနှင့် ပြည့်စုံ၏။ ဘုရားသခင်၏ ကျေးဇူးတော်သည်လည်း သူ့အပေါ်၌တည်၏။ |
သူငယ်သည်လည်း ကြီးပြင်း၍ စိတ်ဝိညာဉ် ကြံ့ခိုင်သန်မာလာ၏။ သူသည် အမှုတော်လုပ်ငန်းကို အစ္စရေးလူမျိုးတို့အကြား လူသိရှင်ကြား စတင်ဆောင်ရွက်သည့် အချိန်မတိုင်မီအထိ တောကန္တာရ၌ နေထိုင်လေ၏။
ယေရှု၏စကားကို ကြားသောသူအပေါင်းတို့သည် သူ၏ဉာဏ်ပညာနှင့် ဖြေကြားချက်များကို အံ့သြကြ၏။
ယေရှုသည်လည်း ခန္ဓာကာယနှင့် ဉာဏ်ပညာဖွံ့ဖြိုး၍ ဘုရားသခင်ရှေ့၊ လူတို့ရှေ့တွင် မျက်နှာရတော်မူ၏။
နှုတ်ကပတ်တော်သည် လူသားအဖြစ် ခံယူ၍ ကျေးဇူးတော်၊ သစ္စာတော်တို့နှင့် ပြည့်ဝလျက် ကျွန်ုပ်တို့လူသားများအကြားတွင် စံမြန်းတော်မူ၏။ ကျွန်ုပ်တို့သည်လည်း ထိုအရှင်၏ ဘုန်းတော်ကို ဖူးမြင်ကြရ၏။ ထိုဘုန်းတော်သည် ခမည်းတော်၏ တစ်ပါးတည်းသောသားတော်အဖြစ် ခံယူရရှိသောဘုန်းတော်ဖြစ်၏။
သခင်ယေရှု၏ရှင်ပြန်ထမြောက်တော်မူခြင်းကို တမန်တော်တို့သည် ကြီးမြတ်သောတန်ခိုးနှင့် သက်သေခံကြသဖြင့် ဘုရားသခင်၏ကြီးမြတ်သောကျေးဇူးတော်သည်လည်း သူတို့အပေါ်တွင် ရှိလေ၏။
နိဂုံးချုပ်အားဖြင့် ဆိုရလျှင် သင်တို့သည် သခင်ဘုရားအားဖြင့်လည်းကောင်း၊ ကိုယ်တော်၏ သာလွန်ထူးကဲသောတန်ခိုးတော်အားဖြင့်လည်းကောင်း ကြံ့ခိုင်ကြလော့။
ကျွန်ုပ်၏သား တိမောသေ… ယေရှုခရစ်တော်ပေးတော်မူသော ကျေးဇူးတော်ဖြင့် ကြံ့ခိုင်လော့။