ဂုဏ်သရေရှိသောတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသော အရိမဿဲမြို့သား ယောသပ်သည် ပိလတ်မင်းထံသို့ ရဲရင့်စွာ သွား၍ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။
လုကာ 2:38 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရှိမောင်သည် မာရိနှင့် ယောသပ်တို့အား စကားပြောနေချိန်တွင် အန္နသည် ရောက်လာကာ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ထို့နောက် ဂျေရုဆလင်မြို့ ရွေးနုတ်ကယ်တင်ခံရမည်ကို စောင့်မျှော်လျက်ရှိသောသူအပေါင်းတို့အား ထိုသူငယ်အကြောင်းကို ပြောလေ၏။ Common Language Bible သူငယ်တော်ကိုဆက်ကပ်သည့်အချိန်၌ထို အမျိုးသမီးသည်ရောက်လာပြီးလျှင် ဘုရား သခင်၏ဂုဏ်ကျေးဇူးတော်ကိုချီးကူး၏။ ထို နောက်ယေရုရှလင်မြို့ကိုကယ်တင်တော်မူ လိမ့်မည်ဟု စောင့်မျှော်နေကြကုန်သောလူ အပေါင်းတို့အားသူငယ်တော်၏အကြောင်း ကိုပြောဆို၏။ Garrad Bible ထို အ ချိန် နာ ရီ တွင် ပင် ချဉ်း လာ၍ ဘု ရား သ ခင့် ကျေး ဇူး တော် ကို ချီး မွမ်း လျက် ယေ ရု ရှ လင် မြို့ ရွေး နုတ် ရာ ရွေး နုတ် ကြောင်း ကို စောင့် မျှော် သူ ခပ် သိမ်း တို့ အား သူ ငယ် တော့် အ ကြောင်း ပြော ဆို၏။ Judson Bible သူသည်လည်း ထိုခဏချင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။ မြန်မာ့စံမီသမ္မာကျမ်း သူသည်လည်း ထိုတစ်ချိန်တည်းမှာပင်ရောက်လာ၍ ဘုရားသခင်၏ကျေးဇူးတော်ကိုချီးမွမ်းကာ ဂျေရုဆလင်မြို့ရွေးနုတ်ကယ်တင်ခြင်းခံရမည်ကို စောင့်မျှော်နေသောသူအပေါင်းတို့အား ထိုသူငယ်၏အကြောင်းကိုပြောကြားလေ၏။ မြန်မာ သူသည်လည်း ထိုခဏချင်းတွင်ဝင်၍ ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းလေ၏။ ယေရုရှလင်မြို့၌ ရွေးနုတ်ခြင်းအရာကို မျှော်လင့်သောသူအပေါင်းတို့အား ထိုသူငယ်၏ အကြောင်းကို ပြောလေ၏။ |
ဂုဏ်သရေရှိသောတရားလွှတ်တော်အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသော အရိမဿဲမြို့သား ယောသပ်သည် ပိလတ်မင်းထံသို့ ရဲရင့်စွာ သွား၍ ယေရှု၏ အလောင်းတော်ကို တောင်းလေ၏။
“အစ္စရေးလူမျိုး၏ဘုရားသခင် ထာဝရဘုရားကို ချီးမွမ်းကြပါစေသော။ အဘယ်ကြောင့်ဆိုသော် ကိုယ်တော်သည် မိမိလူမျိုးထံသို့ကြွလာတော်မူ၍ ရွေးနုတ်ကယ်တင်တော်မူခဲ့သောကြောင့် ဖြစ်၏။
ထိုအချိန်၌ ဂျေရုဆလင်မြို့တွင် ရှိမောင်ဟု ခေါ်သော လူတစ်ဦးရှိ၏။ သူသည် သူတော်ကောင်းတစ်ဦးဖြစ်ပြီး ဘုရားတရားကိုင်းရှိုင်းသူလည်း ဖြစ်၏။ အစ္စရေးလူမျိုးတို့အား နှစ်သိမ့်တော်မူမည့် ကယ်တင်ရှင်ကြွလာမည်ကို စောင့်မျှော်နေသူ ဖြစ်၍ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း သူ့အပေါ်၌ တည်နေ၏။
ထိုနေရာ၌ အာရှာအနွယ်၊ ဖနွေလ၏သမီး အန္နဟု ခေါ်သော အသက်အရွယ်ကြီးရင့်သည့် ပရောဖက်အမျိုးသမီးတစ်ဦးရှိ၏။ ထိုအမျိုးသမီးသည် ငယ်ရွယ်စဉ်တွင် အိမ်ထောင်ကျ၏။ ခင်ပွန်းနှင့် ခုနစ်နှစ်ခန့်သာ ပေါင်းသင်းနေထိုင်ပြီးလျှင်
လွှတ်တော်အဖွဲ့၏ဆုံးဖြတ်ချက်နှင့် လုပ်ဆောင်ချက်ကို လက်မခံသောသူဖြစ်၏။ ဘုရားသခင်၏နိုင်ငံတော်ကို စောင့်မျှော်နေသောသူလည်း ဖြစ်၏။
သူသည် အစ္စရေးလူမျိုးများကို ကယ်တင်မည့်သူဖြစ်ကြောင်း ငါတို့မျှော်လင့်နေခဲ့ကြ၏။ ဤအကြောင်းအရာများ ဖြစ်ပျက်သည်မှာ ယခု သုံးရက်ရှိပါပြီ။
ကျွန်ုပ်တို့ကို ခရစ်တော်နှင့်တပေါင်းတစည်းတည်း ဖြစ်စေခြင်းအားဖြင့် ကောင်းကင်အရပ်ရှိ ဝိညာဉ်ရေးရာ ကောင်းချီးမင်္ဂလာများကို ပေးသနားတော်မူသော ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ အဖဘုရားသခင်သည် မင်္ဂလာရှိပါစေသော။