Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 15:43 - ခေတ်သစ်​မြန်မာ သမ္မာကျမ်း

43 ဂုဏ်သရေရှိသော​တရားလွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ဖြစ်ပြီး ဘုရားသခင်​၏​နိုင်ငံတော်​ကို စောင့်မျှော်နေသော အရိမဿဲမြို့သား ယောသပ်​သည် ပိလတ်မင်း​ထံသို့ ရဲရင့်​စွာ သွား​၍ ယေရှု​၏ အလောင်းတော်​ကို တောင်းလေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

43 ဘု ရား သ ခင့် နိုင် ငံ တော် ကို စောင့် မျှော် သူ ကျက် သ ရေ ဆောင် လွှတ် တော် အ ရာ ရှိ အ ရိ မ သဲ မြို့ သား ယော သပ် သည် လာ၍ ပိလတ် မင်း ထံ တိုး ဝင် ပြီး လျှင် ယေ ရှု၏ အ လောင်း တော် ကို တောင်း ရာ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

43 အ​သ​ရေ​ရှိ​သော လွှတ်​အ​ရာ​ရှိ၊ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​သည်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော​သူ ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့ ရဲ​ရင့်​စွာ​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

43 ဂုဏ်သရေ​ကြီးမြင့်​သော လွှတ်တော်​အဖွဲ့ဝင်​တစ်​ဦး​ဖြစ်ပြီး ဘုရားသခင်​၏​နိုင်ငံ​တော်​ကို စောင့်မျှော်​နေ​သူ​လည်း​ဖြစ်​သော အရိမသဲ​မြို့သား​ယောသပ်​သည်​ရောက်လာ​၍ ပိလတ်​မင်း​ထံသို့ ရဲရင့်​စွာ​ဝင်​ကာ ယေရှု​၏​အလောင်း​တော်​ကို တောင်း​လေ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

43 အ​သ​ရေ​ရှိ​သော လွှတ်​အ​ရာ​ရှိ၊ အ​ရိ​မဿဲ​မြို့​သား ယော​သပ်​သည်၊ ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်​ကို မျှော်​လင့်​သော​သူ ဖြစ်​သည်​နှင့်၊ ပိ​လတ်​မင်း​ထံ​သို့ ရဲ​ရင့်​စွာ​ဝင်၍ ယေ​ရှု၏​အ​လောင်း​တော်​ကို တောင်း​လေ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 15:43
16 ပူးပေါင်းရင်းမြစ်များ  

သို့ရာတွင် ယခု အကြီးမြတ်ဆုံးသောသူ​များ​သည် အသေးနုပ်ဆုံး​ဖြစ်​လိမ့်မည်။ ယခု​အသေးနုပ်ဆုံးသော​သူများ​သည် အကြီးမြတ်ဆုံး​ဖြစ်​လိမ့်မည်။


ထို့ကြောင့် ယခု အကြီးမြတ်ဆုံးသော​သူတို့​သည် အသေးနုပ်ဆုံး​ဖြစ်​လိမ့်မည်။ ယခု​အသေးနုပ်ဆုံးသော​သူတို့​သည် အကြီးမြတ်ဆုံး​ဖြစ်​လိမ့်မည်” ဟု မိန့်တော်မူ၏။


ညနေစောင်း​သောအခါ အရိမဿဲမြို့​မှ သူဌေး​တစ်ဦး​ဖြစ်ပြီး ယေရှု​၏ တပည့်တော်​လည်း​ဖြစ်သော ယောသပ်​သည်


ထို​အချိန်​တွင် ပေတရု​သည် ယဇ်ပုရောဟိတ်မင်း​၏ ရုံးတော်ဝင်း​တိုင်အောင် မလှမ်းမကမ်း​မှ လိုက်လေ၏။ သူ​သည် အတွင်း​သို့ ဝင်​၍ အစောင့်တပ်သားများ​နှင့်အတူ ထိုင်​ကာ မီးလှုံ​လျက် နေ၏။


ယေရှု​အသက်​ချုပ်တော်မူပြီ​ဖြစ်ကြောင်း​ကို ပိလတ်မင်း​သည် ကြား​သောအခါ အံဩ​၍ ရောမ​တပ်မှူး​ကို ခေါ်​ကာ အသက်​ချုပ်တော်မူသည်​မှာ ဟုတ်မဟုတ် မေးမြန်း၏။


ထို​အချိန်​၌ ဂျေရုဆလင်မြို့​တွင် ရှိမောင်​ဟု ခေါ်သော လူ​တစ်ဦး​ရှိ၏။ သူ​သည် သူတော်ကောင်း​တစ်ဦး​ဖြစ်ပြီး ဘုရားတရား​ကိုင်းရှိုင်းသူ​လည်း ဖြစ်၏။ အစ္စရေးလူမျိုးတို့​အား နှစ်သိမ့်တော်မူမည့် ကယ်တင်ရှင်​ကြွလာမည်​ကို စောင့်မျှော်နေ​သူ ဖြစ်​၍ သန့်ရှင်းသော​ဝိညာဉ်တော်​သည်လည်း သူ့​အပေါ်​၌ တည်နေ၏။


ရှိမောင်​သည် မာရိ​နှင့် ယောသပ်​တို့​အား စကားပြော​နေချိန်​တွင် အန္န​သည် ရောက်လာ​ကာ ထာဝရဘုရား​၏​ကျေးဇူးတော်​ကို ချီးမွမ်းလေ၏။ ထို့နောက် ဂျေရုဆလင်မြို့ ရွေးနုတ်ကယ်တင်​ခံရမည်​ကို စောင့်မျှော်​လျက်​ရှိသော​သူ​အပေါင်းတို့​အား ထို​သူငယ်​အကြောင်း​ကို ပြောလေ၏။


ထို​အချိန်​တွင် ဖြောင့်မတ်​၍ သူတော်ကောင်း​ဖြစ်သော ယုဒပြည် အရိမဿဲမြို့သား ယောသပ်​ဟု ခေါ်သည့်​သူ​တစ်ဦး​ရှိ၏။ သူသည် တရားလွှတ်တော်​အဖွဲ့ဝင်​တစ်ဦး​ဖြစ်ပြီး


လွှတ်တော်​အဖွဲ့​၏​ဆုံးဖြတ်ချက်​နှင့် လုပ်ဆောင်ချက်​ကို လက်မခံသော​သူ​ဖြစ်၏။ ဘုရားသခင်​၏​နိုင်ငံတော်​ကို စောင့်မျှော်နေသော​သူ​လည်း ဖြစ်၏။


ထို့နောက် အရိမဿဲမြို့သား​ယောသပ်​သည် ယေရှု​၏​အလောင်းတော်​ကို လက်ဝါးကပ်တိုင်​မှ ယူသွားခွင့်​ပြု​ရန် ပိလတ်မင်း​ထံ ခွင့်တောင်း၏။ ယောသပ်​သည် ဂျူးခေါင်းဆောင်များ​ကို ကြောက်ရွံ့​သဖြင့် ယေရှု​၏​တပည့်​အဖြစ် လူသိ​မခံရဲပေ။ ပိလတ်မင်း​သည်လည်း ခွင့်ပြု​သဖြင့် ယောသပ်​သည် လာ​၍ အလောင်းတော်​ကို ယူဆောင်သွား၏။


သို့သော် ဂျူးတို့​သည် ဘုရားတရား​ကိုင်းရှိုင်းသော ဂုဏ်သရေရှိ​အမျိုးသမီးများ​နှင့် မြို့​၌​အရေးပါသော​အမျိုးသားများ​အား လှုံ့ဆော်​ကာ ပေါလု​နှင့် ဗာနဗ​ကို ဆန့်ကျင်​၍ ညှဉ်းပန်းနှိပ်စက်​စေပြီး သူတို့​ကို မိမိတို့​၏​နယ်များ​မှ နှင်ထုတ်ကြ၏။


ထိုသို့​အားဖြင့် ဂျူးလူမျိုး​များစွာတို့​သည် ယုံကြည်​သက်ဝင်လာကြ၏။ ဂုဏ်သရေရှိ​ဂရိ​အမျိုးသား၊ အမျိုးသမီးတို့​သည်လည်း ယုံကြည်​သက်ဝင်လာကြ၏။


ကျွန်ုပ်​အကျဉ်းချခံရခြင်း​ကြောင့် အများစုသော ညီအစ်ကို​မောင်နှမတို့​သည် သခင်ဘုရား​အပေါ် စိတ်ချယုံကြည်​လျက် မကြောက်ရွံ့ဘဲ သတင်းကောင်း​ကို ဟောပြော​ရန် ပိုမို​ရဲရင့်လာကြ၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ