ယေရှုက “လာခဲ့လော့” ဟု မိန့်တော်မူသော် ပေတရုသည် လှေပေါ်မှဆင်း၍ ရေပေါ်သို့လျှောက်ကာ ယေရှုထံသို့ လှမ်းသွားလေ၏။
လုကာ 17:6 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သခင်ဘုရားက “သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ပေါက်လျက်ရှိသော ဤပိုးစာပင်အား ‘အမြစ်မကျန်ကျွတ်၍ ပင်လယ်ထဲ၌ စိုက်စေ’ ဟု အမိန့်ပေးလျှင် ထိုအပင်သည် သင်တို့စကားကို နာခံလိမ့်မည်။ Common Language Bible သခင်ဘုရားက ``သင်တို့တွင်ယုံကြည်ခြင်း မုန်ညင်းစေ့မျှလောက်ရှိပါမူ ဤပိုးစာပင် အား `အမြစ်ပါကျွတ်၍ပင်လယ်ထဲမှာစိုက် လျက်နေလော့' ဟုဆိုလျှင် ထိုအပင်သည်သင် တို့ဆိုသည့်အတိုင်းပြုလိမ့်မည်။ Garrad Bible အ ရှင် ဘု ရား က၊ သင် တို့ တွင် မုံ ညင်း စေ့ ခန့် မျှ ယုံ ကြည် ခြင်း ရှိ လျှင် ဤ ပိုး စာ ပင် အား အ မြစ် ပါ ကျွတ် ၍ ပင် လယ် ထဲ၌ ပေါက် လော့ ဟု ဆို သော် နား ထောင် လိမ့် မည်။ Judson Bible သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနုတ်၍ ပင်လယ်၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း သခင်ဘုရားကလည်း“သင်တို့တွင် မုန်ညင်းနက်စေ့ခန့်မျှယုံကြည်ခြင်းရှိပါက ဤပိုးစာပင်အား ‘အမြစ်ပါကျွတ်၍ ပင်လယ်ထဲမှာစိုက်လျက်နေလော့’ဟု ပြောလျှင် ၎င်းသည် သင်တို့ကိုနာခံလိမ့်မည်။ မြန်မာ သခင်ဘုရားက၊ သင်တို့သည် မုန်ညင်းစေ့ခန့်မျှလောက်သော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို၊ အချင်းအပင်၊ သင်သည် အမြစ်နှင့်တကွနုတ်၍ ပင်လယ်၌ စိုက်လျက်နေလော့ဟု ဆိုကြသော် သင်တို့စကားကို နားထောင်လိမ့်မည်။ |
ယေရှုက “လာခဲ့လော့” ဟု မိန့်တော်မူသော် ပေတရုသည် လှေပေါ်မှဆင်း၍ ရေပေါ်သို့လျှောက်ကာ ယေရှုထံသို့ လှမ်းသွားလေ၏။
ယေရှုက “သင်တို့၏ ယုံကြည်ခြင်းသည် အားနည်းသောကြောင့်ဖြစ်၏။ သင်တို့အား ငါအမှန်ဆို၏။ သင်တို့တွင် မုန်ညင်းစေ့ခန့်မျှသော ယုံကြည်ခြင်းရှိပါက ဤတောင်ကို ‘ဤနေရာမှ ထိုနေရာသို့ ရွေ့လော့’ ဟု ဆိုလျှင် ရွေ့လိမ့်မည်။ ယုံကြည်ခြင်းရှိပါက သင်တို့မတတ်နိုင်သောအရာမရှိ။
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့သည် သံသယကင်းသော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို ငါပြုသကဲ့သို့ သင်တို့ပြုနိုင်မည်။ ထိုမျှမက ဤတောင်အား ‘ဤနေရာမှ ရွေ့ကာ ပင်လယ်သို့ ကျလော့’ ဟု ပြောလျှင် ပြောသည့်အတိုင်း ဖြစ်လိမ့်မည်။
ကောင်းကင်နိုင်ငံတော်သည် မြေတွင် စိုက်ထားသောမုန်ညင်းစေ့နှင့် တူ၏။ မုန်ညင်းစေ့သည် မျိုးစေ့များအနက် အသေးငယ်ဆုံးဖြစ်၏။
ယေရှုက “ ‘ငါတတ်နိုင်လျှင်’ ဟု အဘယ်ကြောင့်ဆိုသနည်း။ ယုံကြည်သောသူဖြစ်လျှင် အရာခပ်သိမ်းသည် ဖြစ်နိုင်၏” ဟု မိန့်တော်မူ၏။
သေးငယ်သော မုန်ညင်းစေ့နှင့်တူ၏။ လူတစ်ဦးသည် ထိုအစေ့ကိုယူ၍ ခြံ၌စိုက်သော် ထိုအစေ့သည် အပင်ပေါက်၍ ကြီးထွားသဖြင့် ထိုအပင်၏အကိုင်းအခက်တို့တွင် ငှက်တို့သည် အသိုက်ဆောက်ကြ၏” ဟု မိန့်တော်မူ၏။
သင်တို့၏အစေအပါးသည် လယ်ထွန်ရာမှဖြစ်စေ၊ သိုးကျောင်းရာမှဖြစ်စေ ပြန်လာသောအခါ ‘အလျင်အမြန်လာပြီး ငါနှင့်အတူ စားသောက်လော့’ ဟု သင်တို့တွင် မည်သူပြောမည်နည်း။
ထို့ကြောင့် သူသည် ယေရှုကို မြင်နိုင်ရန် ယေရှုကြွတော်မူမည့်လမ်းအတိုင်း ရှေ့သို့ကြိုပြေးသွား၍ သဖန်းပင်ပေါ်သို့ တက်လေ၏။
ယေရှုသည် မုဆိုးမကို မြင်သောအခါ သနားစိတ်ရှိတော်မူသဖြင့် “မငိုနှင့်” ဟု မိန့်တော်မူ၏။
ယေရှုထံတော်သို့စေလွှတ်၍ “အရှင်သည် အကျွန်ုပ်တို့စောင့်မျှော်နေသော ခရစ်တော်မှန်သလော။ သို့မဟုတ် အကျွန်ုပ်တို့သည် အခြားသူကို စောင့်မျှော်ရပါမည်လော” ဟု မေးလျှောက်စေ၏။
ကျွန်ုပ်သည် ပရောဖက်ပြုဟောပြောနိုင်စွမ်းရှိသည်ဖြစ်စေ၊ လျှို့ဝှက်နက်နဲသောအရာရှိသမျှနှင့် အသိပညာရှိသမျှကို နားလည်သည်ဖြစ်စေ၊ တောင်များကို ရွှေ့နိုင်သောယုံကြည်ခြင်းရှိသည်ဖြစ်စေ မေတ္တာမရှိလျှင် အချည်းနှီးဖြစ်၏။