သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
လုကာ 17:2 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် ဤကလေးငယ်များထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစရာအကြောင်း ဖြစ်စေခြင်းထက် လည်၌ ကြိတ်ဆုံကျောက်ကို ဆွဲလျက် ပင်လယ်ထဲသို့ ပစ်ချခံရခြင်းသည် သူ့အတွက် ပို၍ကောင်း၏။ Common Language Bible ထိုသူသည်ဤသို့သောကလေးသူငယ်တစ်စုံ တစ်ယောက်ကိုမှောက်မှားလမ်းလွဲစေမည့်အစား မိမိ၏လည်တွင်ကြိတ်ဆုံကျောက်ကြီးကိုဆွဲ လျက်ပင်လယ်ထဲသို့အချခံရသော်မှသူ့ အဖို့ကောင်းသေး၏။- Garrad Bible ထို သူ သည် ဤ သူ ငယ် တစ် ယောက် ယောက် ကို တိုက် လဲ စေ သည် ထက် လည် တွင် ကြိတ် ဆုံ ကျောက် ဆွဲ လျက် ပင် လယ်၌ ပစ် ချ ခံ ရ လျှင် ကောင်း သေး ၏။ Judson Bible ဤသူငယ်တစ်စုံတစ်ယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ ချခြင်းကို ခံရလျှင် အနေသာ၍ကောင်း၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် ဤငယ်သောသူများထဲမှ တစ်စုံတစ်ဦးကို မှားယွင်းစေသည်ထက် ကြိတ်ဆုံကျောက်ကို မိမိလည်ပင်း၌ဆွဲလျက် ပင်လယ်ထဲသို့ပစ်ချခံရလျှင် သူ့အတွက် သာ၍ကောင်း၏။ မြန်မာ ဤသူငယ်တစ်စုံတစ်ယောက်ကို မှားယွင်းစေသည်ထက်၊ လည်ပင်း၌ ကြိတ်ဆုံကျောက်ကိုဆွဲ၍ ပင်လယ်၌ ချခြင်းကို ခံရလျှင် အနေသာ၍ကောင်း၏။- |
သို့သော်လည်း သူတို့စိတ်အနှောင့်အယှက်မဖြစ်စေရန် အိုင်သို့ သွား၍ ငါးမျှားလော့။ အဦးဆုံးရသောငါးကို ယူ၍ ပါးစပ်ကို ဖွင့်လျှင် ငွေဒင်္ဂါးတစ်ပြားကို တွေ့လိမ့်မည်။ ထိုငွေကိုယူ၍ ငါနှင့် သင့်အတွက် အခွန်ကို ပေးဆောင်လော့” ဟု မိန့်တော်မူ၏။
ကလေးငယ်တစ်ဦးတစ်ယောက်အပေါ်၌ မထီမဲ့မြင်မပြုမိစေရန် သတိပြုကြလော့။ ကောင်းကင်ဘုံတွင်ရှိသော ထိုကလေးငယ်တို့၏ ကောင်းကင်တမန်များသည် ကောင်းကင်ဘုံ၌ ရှိတော်မူသော ငါ့ခမည်းတော်၏ မျက်နှာတော်ကို အစဉ်မပြတ် ဖူးမြော်ကြရသည်ဟု သင်တို့အား ငါပြောဆို၏။
ထိုကဲ့သို့ပင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် ဤကလေးငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။
ကျမ်းစာ၌ ရေးထားသည့်အတိုင်း လူသားသည် အသေခံရမည်။ သို့ရာတွင် လူသားကို သစ္စာဖောက်သောသူသည် အမင်္ဂလာရှိ၏။ ထိုသူသည် မွေးဖွားမလာခဲ့လျှင် ပို၍ကောင်းသည်” ဟု မိန့်တော်မူ၏။
သို့သော် ငါ့ကိုယုံကြည်သော ကလေးငယ်တစ်စုံတစ်ယောက်ကို မှားယွင်းစေသောသူသည် ကြီးသောကြိတ်ဆုံကျောက်ကို လည်၌ ဆွဲလျက် နက်သောပင်လယ်ထဲသို့ ပစ်ချခံရလျှင် ပို၍ကောင်း၏။
နံနက်စာစားသောက်ကြပြီးနောက် ယေရှုက “ယောဟန်၏သားရှိမုန်… အခြားတပည့်တော်များ ငါ့ကို ချစ်သည်ထက် သင်သည် ငါ့ကို ပို၍ ချစ်သလော” ဟု ရှိမုန်ပေတရုကို မေးတော်မူ၏။ ပေတရုက “ချစ်ပါ၏ သခင်။ အကျွန်ုပ်သည် သခင့်ကို ချစ်ကြောင်း သခင်သိပါ၏” ဟု လျှောက်၏။ ယေရှုက “သို့ဖြစ်လျှင် ငါ့သိုးတို့ကို ကျွေးမွေးလော့” ဟု မိန့်တော်မူ၏။
သို့သော်လည်း ကျွန်ုပ်သည် ထိုအခွင့်အရေးကို တစ်ခါမျှ မယူခဲ့ဖူးပေ။ ထိုအခွင့်အရေးကို သင်တို့ပေးမည်ဟု မျှော်လင့်၍ ဤစာကို ရေးရခြင်းလည်း မဟုတ်ပါ။ အမှန်တွင် အခကြေးငွေမယူဘဲ ဟောပြောခြင်းကြောင့် ဂုဏ်ယူဝင့်ကြွားရသောအခွင့်ကို ဆုံးရှုံးသည်ထက် သေသွားခဲ့လျှင်ပင် ပို၍ ကောင်းလိမ့်မည်။
အားနည်းသောသူတို့နှင့်အတူရှိစဉ်က အားနည်းသောသူတို့ကို ကယ်တင်နိုင်ရန် အားနည်းသောသူဖြစ်လာ၏။ တတ်နိုင်သမျှ လူတချို့ကို ကယ်တင်နိုင်ရန် ထိုသူတို့နှင့် တူသောအချက်ကို ရှာ၍ နေထိုင်၏။