သားငယ်ဖြစ်သူက ဖခင်အား ‘အဖေ… ကျွန်ုပ်ရထိုက်သော အမွေပစ္စည်းများကို ခွဲဝေပေးပါ’ ဟု ပြော၏။ ထိုအခါ ဖခင်သည်လည်း သူ၏စည်းစိမ်ဥစ္စာများကို သူတို့နှစ်ဦးအား ခွဲဝေပေးလေ၏။
လုကာ 15:13 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ရက်အနည်းငယ်ကြာသော် သားငယ်သည် မိမိပိုင်ဆိုင်သမျှကို ထုပ်ပိုးကာ ဝေးသောတိုင်းပြည်သို့ ထွက်သွား၏။ ထိုပြည်သို့ ရောက်သောအခါ သူသည် ပျော်ပါးသောက်စား၍ အသက်ရှင်လျက် ယူဆောင်လာသမျှ စည်းစိမ်များကို ဖြုန်းတီးလေ၏။ Common Language Bible ထိုနောက်ရက်အနည်းငယ်ကြာသောအခါ သား ငယ်သည်မိမိ၏ဥစ္စာပစ္စည်းအားလုံးရောင်းချ ၍ရသောငွေကိုယူပြီးလျှင် ဝေးလံရပ်ခြား တိုင်းတစ်ပါးသို့ထွက်သွား၏။ သူသည်ထိုပြည် တွင်အပျော်အပါးလိုက်စားကာ မိမိ၏ငွေကို ဖြုန်းတီးပစ်၏။- Garrad Bible ထို နောက် ရက် များ စွာ မ ကြာ မီ သား ငယ် သည် ဆိုင် သ မျှ ကို သိမ်း ယူ ပြီး လျှင် ဝေး ကွာ ရာ ပြည် သို့ ထွက် သွား၍ ပျော် ပါး နေ ထိုင် လျက် ပ စ္စည်း ကို ဖြုန်း တီး သ ဖြင့်၊ Judson Bible ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ရက်များမကြာမီ သားငယ်သည် မိမိ၌ရှိသမျှတို့ကိုစုစည်းပြီးလျှင် ဝေးလံသောတိုင်းပြည်သို့ခရီးထွက်၍ ထိုအရပ်၌ အထိန်းအကွပ်မရှိအသက်ရှင်လျက် မိမိ၏အမွေပစ္စည်းများကို ဖြုန်းတီးလေ၏။ မြန်မာ ထိုနောက်များမကြာ၊ သားအငယ်သည် မိမိဥစ္စာများကို သိမ်းယူ၍ ဝေးစွာသောပြည်သို့ သွားပြီးလျှင်၊ ထိုပြည်မှာ ကာမဂုဏ်၌ လွန်ကျူးသောအားဖြင့် ဥစ္စာပြုန်းတီး၍၊- |
သားငယ်ဖြစ်သူက ဖခင်အား ‘အဖေ… ကျွန်ုပ်ရထိုက်သော အမွေပစ္စည်းများကို ခွဲဝေပေးပါ’ ဟု ပြော၏။ ထိုအခါ ဖခင်သည်လည်း သူ၏စည်းစိမ်ဥစ္စာများကို သူတို့နှစ်ဦးအား ခွဲဝေပေးလေ၏။
ဥစ္စာပစ္စည်းရှိသမျှကို သုံး၍ ကုန်သောအခါ ထိုပြည်၌ ပြင်းထန်သောအစာခေါင်းပါးခြင်းဘေး ဆိုက်ရောက်သဖြင့် သူသည် ငတ်ပြတ်လေ၏။
သို့သော် အဖေ့ထံမှ ဥစ္စာများကို ယူလျက် မိန်းမရွှင်များနှင့် ပျော်ပါးဖြုန်းတီးပြီးမှ ပြန်လာသောသားငယ်အတွက် ဆူဖြိုးသောနွားကလေးကို သတ်ပေးပါပြီ’ ဟု ပြောလေ၏။
ယေရှုသည် တပည့်တော်တို့အား “တစ်ခါက သူဌေးတစ်ဦးတွင် စီမံခန့်ခွဲသူတစ်ဦးရှိ၏။ ထိုသူသည် သူဌေး၏ဥစ္စာပစ္စည်းများကို ဖြုန်းတီးလျက် နေကြောင်းကို အခြားသူများက သူဌေးအား တိုင်ကြားကြ၏။
တစ်ခါက သူဌေးတစ်ဦးရှိ၏။ သူသည် အဖိုးတန် ခရမ်းရောင်ပိတ်ချောအဝတ်ကို ဝတ်ဆင်ကာ စည်းစိမ်ခံစား၍ နေ့တိုင်း ပျော်ပါးလျက်နေ၏။
တစ်ချိန်က ဘုရားသခင်နှင့် ဝေးကွာခဲ့သော်လည်း ယခုအခါတွင် သင်တို့သည် ယေရှုခရစ်တော်နှင့် တပေါင်းတစည်းတည်း ဖြစ်ကြသောကြောင့် ခရစ်တော်၏ အသွေးတော်ဖြင့် အနီးသို့ရောက်လာပြီ ဖြစ်၏။
ကိုယ်တော်သည် ကြွလာ၍ ဘုရားသခင်နှင့် ဝေးကွာသော လူမျိုးခြား သင်တို့ကိုလည်းကောင်း၊ နီးသော ဂျူးလူမျိုးတို့ကိုလည်းကောင်း ငြိမ်းချမ်းခြင်းနှင့်ဆိုင်သော သတင်းကောင်းကို ဟောပြောတော်မူ၏။
သူတို့ပြုခဲ့သော မတရားမှုအတွက် မတရားမှုဖြင့် ပြန်လည်ပြုမူခံရလိမ့်မည်။ သူတို့သည် နေ့အချိန်၌ လွန်ကြူးစွာ ပျော်ပါးသောက်စားခြင်းကို ပျော်ရွှင်မှုဟု ထင်မှတ်ကြ၏။ သင်တို့နှင့်အတူ ချစ်ခြင်းမေတ္တာပွဲတွင် စားသောက်ကြသော်လည်း လှည့်စားမှု၌ ပျော်မွေ့ကြ၍ သူတို့သည် အစွန်းအထင်း အပြစ်အနာအဆာသဖွယ် ဖြစ်ကြ၏။