လူတစ်ဦးသည် သိုးတစ်ကောင်ထက် များစွာအဖိုးတန်သည် မဟုတ်လော။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းမှုပြုခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသည်” ဟု မိန့်တော်မူ၏။
လုကာ 14:1 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဥပုသ်နေ့တစ်နေ့၌ ယေရှုသည် ညစာသုံးဆောင်ရန် ဖာရိရှဲခေါင်းဆောင်တစ်ဦး၏အိမ်သို့ ဝင်တော်မူ၏။ ထိုအခါ လူတို့သည် ယေရှုအား စောင့်ကြည့်နေကြ၏။ Common Language Bible ဥပုသ်နေ့တစ်နေ့၌ကိုယ်တော်သည်အစား အစာသုံးဆောင်တော်မူရန် ဖာရိရှဲအကြီး အကဲတစ်ဦး၏အိမ်သို့ဝင်တော်မူ၏။ ထို အခါသူတို့သည်ကိုယ်တော်ကိုချောင်း ကြည့်နေကြ၏။- Garrad Bible ဥ ပုသ် နေ့ တွင် သုံး ဆောင် ရန် ဖာ ရိ ရှဲ ဂိုဏ်း လူ ကြီး တစ် ဦး အိမ် သို့ ကြွ ဝင် တော် မူ သော် ကိုယ် တော် ကို စောင့် ကြည့် လျက် နေ ကြ စဉ်၊ Judson Bible တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှာ အရာရှိဖြစ်သော ဖာရိရှဲတစ်ယောက်၏အိမ်သို့ ဝင်တော်မူလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစားအစာသုံးဆောင်ရန် ဖာရိရှဲအကြီးအကဲတစ်ဦး၏အိမ်သို့ဝင်တော်မူလျှင် သူတို့သည် ကိုယ်တော်ကိုစောင့်ကြည့်နေကြ၏။ မြန်မာ တစ်နေ့သောဥပုသ်နေ့၌ ကိုယ်တော်သည် အစာကိုသုံးဆောင်ခြင်းငှာ အရာရှိဖြစ်သော ဖာရိရှဲတစ်ယောက်၏အိမ်သို့ ဝင်တော်မူလျှင်၊ ထိုသူတို့သည် ကိုယ်တော်ကို ချောင်းကြည့်ကြ၏။- |
လူတစ်ဦးသည် သိုးတစ်ကောင်ထက် များစွာအဖိုးတန်သည် မဟုတ်လော။ ထို့ကြောင့် ဥပုသ်နေ့၌ ကောင်းမှုပြုခြင်းသည် ပညတ်တော်နှင့် ကိုက်ညီသည်” ဟု မိန့်တော်မူ၏။
ဖာရိရှဲတို့သည် ယေရှုကို ပြစ်တင်စွပ်စွဲလိုသဖြင့် ယေရှုသည် ဥပုသ်နေ့တွင် ထိုသူအား ကုသမည်၊ မကုသမည်ကို စောင့်ကြည့်နေကြ၏။
ထိုသို့ဟောပြောတော်မူစဉ် ဖာရိရှဲတစ်ဦးသည် ကိုယ်တော်အား ညစာသုံးဆောင်ရန် ဖိတ်ခေါ်သဖြင့် ကိုယ်တော်သည် ထိုသူ၏အိမ်သို့ ကြွတော်မူ၍ ညစာစားပွဲ၌ ထိုင်တော်မူ၏။
တစ်နေ့သောအခါ ဖာရိရှဲတို့က “ဘုရားသခင်၏နိုင်ငံတော်သည် မည်သည့်အချိန်တွင် ပေါ်ထွန်းမည်နည်း” ဟု မေးလျှောက်ကြ၏။ ထိုအခါ ယေရှုက “ဘုရားသခင်၏နိုင်ငံတော်သည် မြင်နိုင်သောလက္ခဏာများနှင့်အတူ ပေါ်ထွန်းမည်မဟုတ်။
ထို့ကြောင့် သူတို့သည် ယေရှုကို အထူးစောင့်ကြည့်လျက် နေကြ၏။ စကားတော်ထဲမှလည်း အပြစ်ရှာ၍ အစိုးရအာဏာပိုင်လက်သို့ အပ်နိုင်ရန် သူတော်ကောင်းယောင်ဆောင်ထားသော သူလျှိုများကို စေလွှတ်ထားကြ၏။
ကျမ်းတတ်ဆရာများနှင့် ဖာရိရှဲတို့သည် ကိုယ်တော်ကို ပြစ်တင်စွပ်စွဲမည့်အခွင့် ရှာလိုသဖြင့် ကိုယ်တော်သည် ဥပုသ်နေ့တွင် အဆိုပါလူနာအားကုသမည်၊ မကုသမည်ကို စောင့်ကြည့်နေကြ၏။
သို့သော်လည်း လူအားလုံးတို့ရိုသေလေးစားရသော ကျမ်းတတ်ပညာရှင် ဂါမလျေလအမည်ရှိသော ဖာရိရှဲတစ်ဦးသည် တရားလွှတ်တော်တွင် ထ၍ တမန်တော်တို့ကို အပြင်သို့ခဏထွက်စေရန် အမိန့်ပေးလေ၏။