ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့သည် သံသယကင်းသော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို ငါပြုသကဲ့သို့ သင်တို့ပြုနိုင်မည်။ ထိုမျှမက ဤတောင်အား ‘ဤနေရာမှ ရွေ့ကာ ပင်လယ်သို့ ကျလော့’ ဟု ပြောလျှင် ပြောသည့်အတိုင်း ဖြစ်လိမ့်မည်။
လုကာ 12:57 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် မှန်ကန်သောအရာကို အဘယ်ကြောင့် ကိုယ်တိုင်မဆုံးဖြတ်နိုင်ကြသနည်း။ Common Language Bible ``မှန်ကန်သည့်အမှုကိုပြုရန်အဘယ်ကြောင့် သင်တို့ကိုယ်တိုင်မဆုံးဖြတ်ကြသနည်း။- Garrad Bible အ ဘယ့် ကြောင့် ဖြောင့် မတ် ရာ ကို ကိုယ် တိုင် မ ဆုံး ဖြတ် ကြ သ နည်း။ Judson Bible ထိုမှတစ်ပါး ဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက်ပိုင်းခြား၍ မသိကြသနည်း။- မြန်မာ့စံမီသမ္မာကျမ်း ထိုမှတစ်ပါး မှန်ကန်သည့်အရာကို အဘယ်ကြောင့် မိမိတို့ကိုယ်တိုင်မဆင်ခြင်မသုံးသပ်ကြသနည်း။ မြန်မာ ထိုမှတစ်ပါး ဖြောင့်မတ်ခြင်းတရားကို အဘယ်ကြောင့် အလိုအလျောက်ပိုင်းခြား၍ မသိကြသနည်း။- |
ယေရှုက “သင်တို့အား ငါအမှန်ဆို၏။ သင်တို့သည် သံသယကင်းသော ယုံကြည်ခြင်းရှိလျှင် ထိုသဖန်းပင်ကို ငါပြုသကဲ့သို့ သင်တို့ပြုနိုင်မည်။ ထိုမျှမက ဤတောင်အား ‘ဤနေရာမှ ရွေ့ကာ ပင်လယ်သို့ ကျလော့’ ဟု ပြောလျှင် ပြောသည့်အတိုင်း ဖြစ်လိမ့်မည်။
နှစ်ခြင်းဆရာယောဟန်သည် လာ၍ မှန်ကန်စွာ အသက်ရှင်ရန် သင်တို့အား လမ်းပြခဲ့၏။ သို့သော် သင်တို့သည် သူ့ကို မယုံကြ။ အခွန်ကောက်သူများနှင့် ပြည့်တန်ဆာများကမူ ယုံကြည်ကြ၏။ သင်တို့သည် ထိုအရာကို မြင်လျက်နှင့်ပင် နောင်တရ၍ သူ့ကို ယုံကြည်လာခြင်းမရှိကြ။
ရွက်နုများထွက်ပြူလာသောအခါ သင်တို့သည် တွေ့မြင်၍ နွေရောက်တော့မည်ကို အလိုအလျောက်သိကြ၏။
အပြင်ပန်းလက္ခဏာကို ကြည့်၍ မစီရင်ကြနှင့်။ တရားမျှတစွာ စီရင်ကြလော့” ဟု မိန့်တော်မူ၏။
ထို့နောက် ပေတရုသည် အခြားစကားများဖြင့် သက်သေခံဟောပြောပြီးနောက် “ပျက်စီးလျက်ရှိသောဤမျိုးဆက်မှ မိမိကိုယ်ကိုယ်ကယ်နုတ်ကြလော့” ဟု တိုက်တွန်းနိုးဆော်လေ၏။
သင်တို့ကိုယ်တိုင် ဆင်ခြင်သုံးသပ်ကြလော့။ မိန်းမသည် မိမိဦးခေါင်းကို မဖုံးဘဲ ဘုရားသခင်ထံ ဆုတောင်းခြင်းသည် သင့်တော်သလော။
ယောက်ျားသည် ဆံပင်ရှည်ထားလျှင် ထိုယောက်ျားအတွက် ရှက်စရာဖြစ်ကြောင်း သဘာဝတရားအတိုင်း သိသည်မဟုတ်လော။