သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။
လုကာ 12:30 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်ကို မကိုးကွယ်သောလောကီလူသားများအားလုံးသည် ထိုအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့ရာတွင် သင်တို့၏ကောင်းကင်ဘုံရှင်အဖသည် ထိုအရာများကို သင်တို့လိုအပ်ကြောင်း သိမြင်တော်မူ၏။ Common Language Bible ထိုအရာများကိုကမ္ဘာပေါ်ရှိဘုရားသခင် ကိုမယုံကြည်သူတို့သည်ရှာဖွေတတ်ကြ ၏။ ထိုအရာများကိုသင်တို့လိုကြောင်းကို သင်တို့အဖသိတော်မူ၏။- Garrad Bible ထို အ ရာ အ လုံး စုံ ကို ဤ လော က ရှိ လူ မျိုး ခြား တို့ ရှာ ကြံ တတ် ကြ၏။ သင် တို့၌ ကား လို သော အ ရာ များ ဖြစ် ကြောင်း ကို သင် တို့ အ ဘ သိ တော် မူ သ တည်း။ Judson Bible ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဤလောကရှိ လူမျိုးခြားအပေါင်းတို့သည် ဤအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့သော် သင်တို့အဖသည် ဤအရာများကို သင်တို့လိုအပ်ကြောင်း သိတော်မူ၏။ မြန်မာ ထိုအရာများကို လောကီသားအမျိုးမျိုးတို့သည် ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့သည် အသုံးလိုကြောင်းကို သင်တို့အဘ သိတော်မူ၏။- |
သို့ဖြစ်၍ ထိုသို့ ပြောဆိုနေမည့်သူမှာ သင်တို့မဟုတ်ဘဲ သင်တို့အဖ၏ဝိညာဉ်တော်သည် သင်တို့အားဖြင့် ပြောဆိုနေမည်ဖြစ်၏။
ထိုကဲ့သို့ပင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့၏အဖသည် ဤကလေးငယ်တစ်စုံတစ်ယောက်ကိုမျှ ပျက်စီးစေရန် အလိုတော်မရှိ။
ထို့ပြင် သင်တို့၏ မိတ်ဆွေများကိုသာ နှုတ်ဆက်လျှင် အခြားသူများနှင့် မည်သို့ခြားနားမှုရှိမည်နည်း။ ဘုရားသခင်ကို မကိုးကွယ်သောသူများပင် ထိုသို့ပြုကြသည် မဟုတ်လော။
သင်တို့၏ ကောင်းသောအကျင့်ကို လူမြင်သာအောင် အများရှေ့တွင် မကျင့်မိရန် သတိပြုကြလော့။ လူမြင်သာအောင် ပြုလျှင် ကောင်းကင်ဘုံ၌ရှိတော်မူသော သင်တို့အဖထံမှ ဆုလာဘ်ကို ရရှိမည်မဟုတ်။
ဘုရားသခင်ကို မကိုးကွယ်သောသူတို့သည် ထိုအရာများကို ကြိုးစားရှာဖွေတတ်ကြ၏။ သို့ရာတွင် ကောင်းကင်ဘုံရှင် သင်တို့၏အဖသည် ထိုအရာများကို သင်တို့လိုအပ်ကြောင်း အမှန်သိမြင်တော်မူ၏။
ထိုသူတို့ကဲ့သို့ မပြုကြနှင့်။ အဘယ်ကြောင့်ဆိုသော် သင်တို့၏ အဖသည် သင်တို့၏လိုအပ်မှုကို သင်တို့မတောင်းလျှောက်မီကပင် သိမြင်တော်မူသောကြောင့်ဖြစ်၏။
မည်သည့်အရာကို စားရမည်နည်း မည်သည့်အရာကို သောက်ရမည်နည်းဟူ၍ မတွေးတောကြနှင့်။ ထိုအရာများအတွက် စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။
ဘုရားသခင်၏နိုင်ငံတော်ကို ဦးစွာ ရှာကြလော့။ သို့ပြုလျှင် သင်တို့လိုအပ်သော အရာအားလုံးကို ပေးတော်မူလိမ့်မည်။
အို သိုးစုငယ်… မကြောက်နှင့်။ သင်တို့၏အဖသည် သင်တို့အား နိုင်ငံတော်ကို ပေးရန် အလိုတော်ရှိတော်မူ၏။
ယေရှုက “ငါသည် ခမည်းတော်ထံသို့ မတက်ရသေးသဖြင့် ငါ့ကို မထိနှင့်ဦး။ ငါ့တပည့်တို့ထံ သွား၍ ‘ငါ့အဖဟူသော သင်တို့၏အဖ၊ ငါ့ဘုရားသခင်ဟူသော သင်တို့၏ ဘုရားသခင်ထံသို့ ငါတက်သွားရမည်’ ဟူ၍ ပြောလော့” ဟု မိန့်တော်မူ၏။
ထို့ကြောင့် ဘုရားသခင်ကို မသိသောလူမျိုးခြားများကဲ့သို့ မနေထိုင်ကြရန် သခင်ဘုရား၏ အခွင့်အာဏာဖြင့် သင်တို့ကို ကျွန်ုပ် သတိပေးလို၏။ ထိုသူတို့၏ တွေးခေါ်ကြံဆမှုသည် အကျိုးမရှိပေ။