လူမိုက်တို့… အပြင်ပန်းသဏ္ဌာန်ကို ဖန်ဆင်းတော်မူသောဘုရားသည် အတွင်းသဏ္ဌာန်ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။
လုကာ 12:20 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့ရာတွင် ဘုရားသခင်က ‘အို လူမိုက်… ယနေ့ညပင် သင်သည် သေရလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသမျှသော စည်းစိမ်ဥစ္စာများသည် မည်သူ့အတွက် ဖြစ်မည်နည်း’ ဟု မိန့်တော်မူ၏။ Common Language Bible သို့ရာတွင်ဘုရားသခင်က `အချင်းလူမိုက်၊ ယခုညဥ့်ပင်သင့်အသက်ချုပ်ငြိမ်းရလိမ့်မည်။ သို့ဖြစ်၍သင်စုဆောင်းထားသည့်ဥစ္စာပစ္စည်း များကား အဘယ်သူ၏လက်သို့ရောက်လိမ့် မည်နည်း' ဟုမိန့်တော်မူ၏။ Garrad Bible ဘု ရား သ ခင် က အ ချင်း လူ မိုက်၊ ယ ခု ညဉ့် ပင် သင့် ဝိ ညာဉ် ကို သင့် မှ နုတ် ယူ ကြ မည် ဖြစ်၍ သင် ပြင် ဆင် ခဲ့ ရာ ရာ သည် မည် သူ ပိုင် ဖြစ် မည် နည်း ဟု မေး တော် မူ၏။ Judson Bible ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း သို့သော် ဘုရားသခင်သည် ထိုသူအား ‘အချင်းလူမိုက်၊ ဤည၌ပင် သင့်ဝိညာဉ်ကို သင့်ထံမှရုပ်သိမ်းကြလိမ့်မည်။ သို့ဖြစ်လျှင် သင်ပြင်ဆင်ထားသောအရာများသည် မည်သူ့ဥစ္စာဖြစ်လိမ့်မည်နည်း’ဟု မိန့်တော်မူ၏။ မြန်မာ ထိုသို့ အကြံရှိစဉ်တွင် ဘုရားသခင်က၊ အချင်းလူမိုက်၊ ယနေ့ညပင် သင်၏ဝိညာဉ်ကို ရုပ်သိမ်းရာအချိန် ရောက်လိမ့်မည်။ သို့ဖြစ်၍ သင်သည် ပြင်ဆင်သိုထားသော ဥစ္စာကို အဘယ်သူပိုင်မည်နည်းဟု သူဌေးအား မိန့်တော်မူ၏။- |
လူမိုက်တို့… အပြင်ပန်းသဏ္ဌာန်ကို ဖန်ဆင်းတော်မူသောဘုရားသည် အတွင်းသဏ္ဌာန်ကိုလည်း ဖန်ဆင်းတော်မူသည် မဟုတ်လော။
လူတို့က “ငြိမ်းချမ်း၍ လုံခြုံသည်” ဟု ပြောနေသည့်အချိန်၌ပင် ကိုယ်ဝန်ဆောင်အမျိုးသမီး ရုတ်တရက် ဝေဒနာခံစားရသကဲ့သို့ ဘေးဒုက္ခသည် သူတို့အပေါ် ရုတ်တရက် ကျရောက်လာပြီး သူတို့သည် လွတ်မြောက်ကြမည်မဟုတ်။
ဤလောက၌ ချမ်းသာကြွယ်ဝသူတို့ကို ဘဝင်မမြင့်ရန်နှင့် မမြဲသည့်စည်းစိမ်ချမ်းသာတို့အပေါ် ကိုးစားမျှော်လင့်ခြင်းမရှိရန် ညွှန်ကြားလော့။ ကျွန်ုပ်တို့ကို ဝမ်းမြောက်စေလိုသည့်အတွက် အရာအားလုံးကို ရက်ရောစွာ ပေးသနားတော်မူသည့် ဘုရားသခင်ကိုသာ ကိုးစားမျှော်လင့်ရန် ညွှန်ကြားလော့။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဤလောကသို့ လက်ဗလာဖြင့် ရောက်လာပြီး လက်ဗလာဖြင့်ပင် ပြန်လည်ထွက်ခွာ သွားရမည်ဖြစ်သောကြောင့်ဖြစ်၏။
သင်တို့သည် မနက်ဖြန်တွင် မည်သို့ဖြစ်မည်ကိုပင် မသိကြ။ သင်တို့၏ အသက်သည် မည်သို့နည်း။ ခေတ္တမျှ ပေါ်လာပြီးနောက် ပျောက်ကွယ်တတ်သော အခိုးအငွေ့နှင့်တူ၏။