ထို့နောက် ယေရှုက တပည့်တော်တို့နှင့်တကွ လူထုပရိသတ်အား ခေါ်တော်မူပြီးလျှင် “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
လုကာ 10:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသူသည် မိမိကိုယ်ကိုယ်ဖြောင့်မတ်ကြောင်းမြင်သာစေရန် “ဆရာတော် မည်သူသည် အကျွန်ုပ်နှင့်သက်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟု ယေရှုအား တစ်ဖန်မေးလျှောက်လေ၏။ Common Language Bible ထိုသူသည်မိမိ၏ပညာကိုဖော်ပြလို သဖြင့် ``အဘယ်သူသည်အကျွန်ုပ်၏အိမ် နီးချင်းဖြစ်ပါသနည်း'' ဟုမေးမြန်း၏။ Garrad Bible ကျမ်း တတ် သည် အ ပြစ် တင် လွတ် လို၍ အ ပေါင်း အ ဖော် ကား မည် သူ ပါ နည်း ဟု မေး မြန်း သော် ယေ ရှု ဖြေ ဆို တော် မူ သည် မှာ၊ Judson Bible ထိုသူကလည်၊ အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူ ဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် ပြုလိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူသည် မိမိကိုယ်ကိုဖြောင့်မတ်ကြောင်း ဖော်ပြလို၍ “သို့ဖြစ်လျှင် မည်သူသည် အကျွန်ုပ်၏ဝန်းကျင်၌ရှိသောသူဖြစ်သနည်း”ဟု ယေရှုအား မေးလျှောက်လေ၏။ မြန်မာ ထိုသူကလည်၊ အဘယ်သူသည် အကျွန်ုပ်နှင့် စပ်ဆိုင်သောသူ ဖြစ်ပါသနည်းဟု မိမိအပြစ်မရှိဟန် ပြုလိုသောစိတ်နှင့် ယေရှုကိုလျှောက်ပြန်သော်။- |
ထို့နောက် ယေရှုက တပည့်တော်တို့နှင့်တကွ လူထုပရိသတ်အား ခေါ်တော်မူပြီးလျှင် “တစ်စုံတစ်ဦးသည် ငါ့တပည့် ဖြစ်လိုပါက မိမိအတ္တကိုစွန့်၍ မိမိလက်ဝါးကပ်တိုင်ကို ထမ်းကာ ငါ့နောက်သို့ လိုက်ရမည်။
ထိုသုံးဦးတို့တွင် မည်သူသည် ထိုဓားပြတိုက်ခံရသော လူနာနှင့် သက်ဆိုင်သောသူ ဖြစ်ပါသနည်း” ဟု မေးတော်မူလျှင်
ထိုအခါ ယေရှုက “သင်တို့သည် လူရှေ့၌ သူတော်ကောင်းကဲ့သို့ ပြောဆိုတတ်ကြ၏။ သို့ရာတွင် ဘုရားသခင်သည် သင်တို့၏အတွင်းစိတ်ကို သိမြင်တော်မူ၏။ လူအများ တန်ဖိုးထားသော အရာများသည် ဘုရားသခင်၏ရှေ့တော်၌ စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
ထိုသူတို့သည် ဘုရားသခင်က ဖြောင့်မတ်သည်ဟု သတ်မှတ်ပေးတော်မူသော နည်းလမ်းကို နားမလည်သောကြောင့် ထိုနည်းလမ်းကို မလိုက်ဘဲ မိမိတို့၏ကိုယ်ပိုင် လမ်းစဉ်ကို လိုက်ကြ၏။
အကယ်၍ အာဗြဟံသည် သူ၏အကျင့်သီလကြောင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရလျှင် သူ၌ ဂုဏ်ယူဝင့်ကြွားစရာရှိ၏။ သို့ရာတွင် ဘုရားသခင်ရှေ့တော်၌ ထိုသို့ဂုဏ်ယူဝင့်ကြွားစရာမရှိ။
တစ်ဖန် ကျမ်းစာတွင် “ဖြောင့်မတ်သောသူသည် ယုံကြည်ခြင်းအားဖြင့် အသက်ရှင်လိမ့်မည်” ဟူ၍ ဖော်ပြထား၏။ ထို့ကြောင့် ပညတ်တရားကို လိုက်နာခြင်းအားဖြင့် မည်သူမျှ ဘုရားသခင်ရှေ့တော်၌ ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရမည်မဟုတ်ကြောင်း သိသာထင်ရှား၏။
လူသည် ယုံကြည်ခြင်းအားဖြင့်သာ မဟုတ်ဘဲ လုပ်ဆောင်ခြင်းအားဖြင့် ဖြောင့်မတ်သည်ဟု သတ်မှတ်ခံရကြောင်း သင်တို့သိမြင်ကြ၏။