ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
လုကာ 1:78 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏သနားခြင်း ကရုဏာကြောင့် ကောင်းကင်မှ နေအရုဏ်ပေါ်ထွက်လာလိမ့်မည်။ Common Language Bible ငါတို့၏ဘုရားသခင်သည်သနားခြင်းကရုဏာနှင့် ကြွယ်ဝတော်မူ၏။ ကိုယ်တော်သည်ကယ်တင်ခြင်းကျေးဇူးတော်ကို ကောင်းကင်မှနေအရုဏ်သဖွယ်ငါတို့အပေါ်သို့ သက်ရောက်စေ၍၊ Judson Bible ထိုသနားတော်မူခြင်း ကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှ နေအရုဏ်သည် ငါတို့အပေါ်သို့ တက်သဖြင့်၊- မြန်မာ့စံမီသမ္မာကျမ်း ဤအပြစ်များခွင့်လွှတ်ခြင်းကျေးဇူးသည် ငါတို့ဘုရားသခင်၏အကြင်နာကရုဏာတော်ကြောင့် သက်ရောက်လာသည်ဖြစ်၍ ထိုကရုဏာတော်အားဖြင့် အထက်ကောင်းကင်မှနေအရုဏ်သည် ငါတို့အပေါ်သက်ရောက်ပြီး မြန်မာ ထိုသနားတော်မူခြင်း ကျေးဇူးတော်အားဖြင့်၊ ကောင်းကင်မှ နေအရုဏ်သည် ငါတို့အပေါ်သို့ တက်သဖြင့်၊- |
ဘုရားသခင်သည် လောကီသားတို့ကို အလွန်ချစ်သောကြောင့် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူ၏။ ထိုသို့စွန့်တော်မူခြင်းမှာ သားတော်ကို ယုံကြည်သောသူတိုင်း မပျက်စီးဘဲ ထာဝရအသက်ကို ရရှိစေရန်ဖြစ်၏။
အဘယ်ကြောင့်ဆိုသော် အလင်း၌ ဖော်ပြခံရသော အရာအားလုံးသည် အလင်း ဖြစ်လာသောကြောင့် ဖြစ်၏။ သို့ဖြစ်၍ “အိပ်ပျော်သောသူ နိုးလော့။ သေရာမှ ထလော့။ ခရစ်တော်သည် သင့်အပေါ် ထွန်းလင်းတော်မူလိမ့်မည်” ဟု ပြောဆိုခြင်း ဖြစ်၏။
ကျွန်ုပ်သည် ယေရှုခရစ်တော်၏ မေတ္တာကရုဏာမျိုးဖြင့် သင်တို့အားလုံးကို မည်မျှလွမ်းဆွတ်ကြောင်း ဘုရားသခင်သိတော်မူ၏။
သင်တို့သည် ခရစ်တော်နှင့် တပေါင်းတစည်းတည်းဖြစ်သောကြောင့် စိတ်ခွန်အားရရှိကြ၏။ ချစ်ခြင်းမေတ္တာတော်ဖြင့် နှစ်သိမ့်ခံရကြ၏။ ဝိညာဉ်တော်နှင့် မိတ်သဟာယဖွဲ့ခွင့်ရကြ၏။ ခရစ်တော်၏ အကြင်နာနှင့် ကရုဏာတို့ကို ခံစားကြရ၏။ သို့ဖြစ်၍
ထို့ကြောင့် သင်တို့သည်ဘုရားသခင် ရွေးချယ်တော်မူသောသူများ၊ သီးသန့်ထားတော်မူသောသူများ၊ ချစ်တော်မူသောသူများဖြစ်သည့်အားလျော်စွာ ကရုဏာထားခြင်း၊ ကျေးဇူးပြုခြင်း၊ နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်းနှင့် သည်းခံခြင်းတို့ကို ဝတ်ဆင်ကြလော့။
ထို့ပြင် အပြည့်အဝယုံကြည်စိတ်ချရသော ပရောဖက်ပြုဟောပြောချက်များလည်း ကျွန်ုပ်တို့၌ရှိ၏။ ထိုဟောပြောချက်များသည် သင်တို့နှလုံးသား၌ အရုဏ်တက်၍ မိုးသောက်ကြယ် ပေါ်ထွက်လာသည့်တိုင်အောင် အမှောင်အရပ်တွင် လမ်းပြထွန်းလင်းနေသည့်ဆီမီးသဖွယ် ဖြစ်သောကြောင့် သင်တို့သည် ထိုဟောပြောချက်များကို ကောင်းစွာ ဂရုစိုက်ရမည်။
တစ်စုံတစ်ဦးသည် လောကီစည်းစိမ်ဥစ္စာရှိသော်လည်း ဆင်းရဲသော ညီအစ်ကိုမောင်နှမတို့ကို မြင်၍ မသနားပါက ထိုလူ၌ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် မည်သို့ရှိနိုင်မည်နည်း။
ငါယေရှုသည် အသင်းတော်များ၌ရှိသော သင်တို့အား ဤအကြောင်းအရာများကို သက်သေခံရန် ငါ၏ ကောင်းကင်တမန်ကို စေလွှတ်ထား၏။ ငါသည် ဒါဝိဒ်၏အမြစ်၊ ဒါဝိဒ်၏ အမျိုးဖြစ်၏။ တောက်ပသောမိုးသောက်ကြယ်လည်းဖြစ်၏” ဟု မိန့်တော်မူ၏။