သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်၍ အနာဂတ်ကို ဟောပြောသည်မှာ
ယောဟန်၏အဖဇာခရိသည်သန့်ရှင်းသော ဝိညာဉ်တော်ဖြင့်ပြည့်ဝလျက်ဟောသည်မှာ၊
ထို အ ခါ အ ဘ ဇာ ခ ရိ သည် သန့် ရှင်း သော ဝိ ညာဉ် တော် နှင့် ပြည့် လျက် ဟော သည် မှာ၊
သူ၏အဘ ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်၊-
သူငယ်၏ဖခင်ဇာခရိသည် သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝလျက် ပရောဖက်ပြုဟောပြောကာ
အဘယ်ကြောင့်ဆိုသော် ထိုသားသည် ထာဝရဘုရားရှေ့တော်၌ ကြီးမြတ်သောသူတစ်ဦး ဖြစ်လာမည့်အတွက်ကြောင့် ဖြစ်၏။ သူသည် စပျစ်ဝိုင်နှင့် အခြားအရက်တို့ကို မသောက်ဘဲနေရမည်။ မိခင်ဝမ်းဗိုက်ထဲ ရှိစဉ်တွင်ပင် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝသောသူ ဖြစ်လိမ့်မည်။
မာရိနှုတ်ဆက်သောအသံကို ဧလိရှဗက်ကြားသောအခါ သူ၏ဗိုက်ထဲ၌ ရှိသောကလေးသည် လှုပ်လေ၏။ ဧလိရှဗက်သည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝလျက်
ထိုသူတို့အားလုံးသည်လည်း သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝ၍ ဝိညာဉ်တော်ပေးသနားတော်မူသည့်အစွမ်းအတိုင်း အမျိုးမျိုးသောဘာသာစကားများကို ဟောပြောကြ၏။
ထိုသို့ဖြစ်လျှင် ငါတို့အသီးသီးသည် ကိုယ့်မိခင်ဘာသာစကားကို အဘယ်ကြောင့်ကြားနေရသနည်း။
ထို့ကြောင့် အာနနိသည် သွား၍ အိမ်ထဲသို့ ဝင်လေ၏။ သူ၏လက်ကို ရှောလုပေါ်သို့ တင်လျက် “ငါ့ညီရှောလု… သင်လာသောလမ်းတွင် သင့်အားကိုယ်ထင်ပြသော သခင်ယေရှုက သင့်မျက်စိပြန်မြင်စေရန်နှင့် သင့်ကို သန့်ရှင်းသောဝိညာဉ်တော်နှင့်ပြည့်ဝစေရန် ငါ့ကိုစေလွှတ်လိုက်ပါ၏” ဟု ပြော၏။
အဘယ်ကြောင့်ဆိုသော် ပရောဖက်ပြုဟောပြောချက်သည် မည်သည့်အခါမျှ လူ့အလိုအရ ဖြစ်ပေါ်လာသည်မဟုတ်ဘဲ သန့်ရှင်းသောဝိညာဉ်တော်၏ နှိုးဆော်ခြင်းကို ခံရသောသူတို့သည် ဘုရားသခင်ထံမှ လာသောစကားကို ဟောပြောသောကြောင့်ဖြစ်၏။