ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ရှင်ယောဟန် 8:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ငါ့ကို စေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူ ရှိတော်မူ၏။ ငါသည် ထိုအရှင်၏ စိတ်တော်နှင့် တွေ့သောအရာကိုသာ အစဉ်လုပ်ဆောင်သဖြင့် ထိုအရှင်သည် ငါ့ကို တစ်ကိုယ်တည်း စွန့်ပစ်ထားတော်မမူ” ဟု မိန့်တော်မူ၏။ Common Language Bible ထိုမှတစ်ပါးလည်းငါ့ကိုစေလွှတ်တော်မူသော အရှင်သည်ငါနှင့်အတူရှိတော်မူ၏။ ထိုအရှင် နှစ်သက်တော်မူသောအမှုကိုငါသည်အခါ ခပ်သိမ်းလုပ်ဆောင်သည်ဖြစ်၍ ထိုအရှင်သည် ငါ့အားတစ်ကိုယ်တည်းစွန့်ပစ်၍ထားတော်မမူ'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ့ကိုစေလွှတ်တော်မူလိုက်သောအရှင်သည် ငါနှင့်အတူရှိတော်မူ၍ နှစ်သက်တော်မူရာများကို အခါခပ်သိမ်းငါပြုသည့်အတိုင်း ငါ့ကိုတစ်ပါးတည်းစွန့်ထားတော်မမူဟု မိန့်တော်မူ၏။ Judson Bible ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ ခမည်းတော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် ငါနှင့်အတူရှိ၍ ငါသည် ထိုအရှင်နှစ်သက်တော်မူသောအမှုအရာတို့ကို အစဉ်ပြုနေသောကြောင့် သူသည် ငါ့ကို တစ်ကိုယ်တည်းပစ်ထားတော်မမူ”ဟု မိန့်တော်မူ၏။ မြန်မာ ငါ့ကိုစေလွှတ်တော်မူသောသူသည် ငါနှင့်အတူရှိတော်မူ၏။ ငါ့ကို တစ်ကိုယ်တည်းနေစေခြင်းငှာ ခမည်းတော်သည် စွန့်ပစ်တော်မမူ။ အကြောင်းမူကား၊ နှစ်သက်တော်မူသောအမှုကို အစဉ်မပြတ်ငါပြုသည်ဟု မိန့်တော်မူ၏။- |
ထိုသို့ လျှောက်နေစဉ် တောက်ပသောမိုးတိမ်သည် သူတို့အပေါ်သို့ လွှမ်းမိုး၍ မိုးတိမ်ထဲက “ဤသူသည် ငါနှစ်သက်မြတ်နိုးသည့် ငါ၏ ချစ်သားဖြစ်၏။ သူ၏စကားကို နားထောင်ကြလော့” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ယေရှုက “ဘုရားသခင်အလိုတော်ရှိသော အရာအားလုံးကို လုပ်ဆောင်ကြရမည်ဖြစ်သောကြောင့် ယခု ငါ့ကို နှစ်ခြင်းမင်္ဂလာ ပေးလော့” ဟု မိန့်တော်မူ၏။ ထိုအခါ ယောဟန်သည် ယေရှုအား နှစ်ခြင်းမင်္ဂလာပေးရန် သဘောတူလေ၏။
ထိုအခါ ကောင်းကင်မှ “ဤသူသည် ငါနှစ်သက်မြတ်နိုးသော ငါ၏ချစ်သားဖြစ်၏” ဟူသော အသံတော်ထွက်ပေါ်လာ၏။
ငါသည် ခမည်းတော်ကိုချစ်ကြောင်း လောကီသားတို့သိစေရန် ခမည်းတော်မှာကြားတော်မူသည့်အတိုင်း ဆောင်ရွက်မည်။ လာကြ၊ သွားကြစို့” ဟု မိန့်တော်မူ၏။
ငါသည် ခမည်းတော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ခမည်းတော်၏ချစ်ခြင်းမေတ္တာ၌ တည်နေသကဲ့သို့ သင်တို့သည်လည်း ငါ့ပညတ်တို့ကို လိုက်နာလျှင် ငါ၏ချစ်ခြင်းမေတ္တာ၌ တည်နေကြလိမ့်မည်။
သင်တို့သည် ငါ့ကို တစ်ယောက်တည်း စွန့်ပစ်ပြီးလျှင် မိမိအိမ်မိမိ တကွဲတပြားထွက်ပြေးကြမည့်အချိန် ရောက်လာလိမ့်မည်။ ထိုအချိန်သည် ယခုပင် ရောက်လေပြီ။ သို့သော်လည်း ငါသည် တစ်ကိုယ်တည်းမဟုတ်။ ခမည်းတော်သည် ငါနှင့်အတူ ရှိတော်မူ၏။
အကျွန်ုပ်သည် ကိုယ်တော်မှာကြားတော်မူသမျှတို့ကို ပြီးမြောက်စေ၍ ဤလောကတွင် ကိုယ်တော်၏ဘုန်းတော်ကို ထင်ရှားစေပါပြီ။
ယေရှုက “ငါ့ကို စေလွှတ်တော်မူသောဘုရားသခင်၏ အလိုတော်ကို လိုက်နာ၍ ထိုအရှင်၏ အမှုတော်ကို ပြီးဆုံးသည်အထိ ဆောင်ရွက်ခြင်းသည် ငါ့စားစရာဖြစ်၏။
ငါသည် မည်သည့်အမှုကိုမျှ မိမိသဘောဆန္ဒအလျောက် မပြုနိုင်။ ခမည်းတော်မိန့်တော်မူသည့်အတိုင်း ငါတရားစီရင်၏။ ငါ့တရားစီရင်ခြင်းသည် တရားမျှတ၏။ ငါသည် မိမိအလိုအတိုင်း မဆောင်ရွက်ဘဲ ငါ့ကိုစေလွှတ်တော်မူသော ခမည်းတော်၏ အလိုတော်အတိုင်းဆောင်ရွက်သောကြောင့် ငါ့တရားစီရင်ခြင်းသည် မှန်ကန်၏။
အဘယ်ကြောင့်ဆိုသော် ငါသည် မိမိအလိုကို လုပ်ဆောင်ရန် မဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသော ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် ဆင်းသက်လာသောကြောင့် ဖြစ်၏။
ငါစီရင်လျှင်လည်း ငါတစ်ဦးတည်း စီရင်ခြင်းမဟုတ်။ ငါ့ကို စေလွှတ်တော်မူသော ခမည်းတော်နှင့်အတူ စီရင်ခြင်းဖြစ်၏။ ထို့ကြောင့် ငါ၏ စီရင်ချက်သည် မှန်ကန်၏။
သို့သော်လည်း ကျွန်ုပ်သည် လူမျိုးခြားတို့အား သတင်းကောင်းကို ပြည့်စုံစွာ ဟောပြောရန်အတွက် သခင်ဘုရားသည် ကျွန်ုပ်ဘက်မှ ရပ်တည်၍ ခွန်အားပေးတော်မူခဲ့၏။ ဤသို့ဖြင့် ကိုယ်တော်သည် ကျွန်ုပ်ကို ခြင်္သေ့ခံတွင်းမှ ကယ်နှုတ်တော်မူ၏။
သခင်ဘုရားသည် သင်နှင့်အတူ ရှိပါစေသော။ ကျေးဇူးတော်သည် သင်တို့အပေါ် သက်ရောက်ပါစေသော။ တိမောသေဩဝါဒစာ ဒုတိယစောင် ပြီးပါပြီ။
အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့၏ ယဇ်ပုရောဟိတ်မင်းသည် ကျွန်ုပ်တို့၏ အားနည်းချက်များကို မစာနာမထောက်ထားနိုင်သူ မဟုတ်။ ကိုယ်တော်သည် ကျွန်ုပ်တို့နည်းတူ ဖြားယောင်းသွေးဆောင်မှုအမျိုးမျိုးကို တွေ့ကြုံခဲ့သောအရှင်ဖြစ်တော်မူ၏။ သို့သော် ကိုယ်တော်သည် အပြစ်နှင့်ကင်းလွတ်တော်မူ၏။
ထိုယဇ်ပုရောဟိတ်မင်းသည် သန့်ရှင်းသူ၊ အပြစ်ကင်းသူ၊ ဖြူစင်သူ၊ အပြစ်သားတို့နှင့် ခြားနားသူ၊ ကောင်းကင်ဘုံ၌ အကြီးမြတ်ဆုံးသော နေရာသို့ ချီးမြှောက်ခံရသူဖြစ်သောကြောင့် ကျွန်ုပ်တို့လိုအပ်နေသောယဇ်ပုရောဟိတ်မင်းမျိုး ဖြစ်၏။
ကျွန်ုပ်၏သားသမီးတို့… သင်တို့ အပြစ်မကျူးလွန်စေရန် ဤအကြောင်းအရာများကို ကျွန်ုပ်ရေးလိုက်၏။ သို့သော် တစ်စုံတစ်ယောက်အပြစ်ကျူးလွန်လျှင် ခမည်းတော်ထံတွင် ကျွန်ုပ်တို့အတွက် ကူညီမစမည့်သူဖြစ်သည့် ဖြောင့်မတ်သောအရှင် ယေရှုခရစ်တော်ရှိ၏။
ကျွန်ုပ်တို့သည် ကိုယ်တော်၏ ပညတ်တော်တို့ကို လိုက်နာ၍ ကိုယ်တော်နှစ်သက်တော်မူသောအရာကို လုပ်ဆောင်ကြသောကြောင့် ကိုယ်တော်ထံ တောင်းလျှောက်သမျှကိုလည်း ရရှိကြလိမ့်မည်။