ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ရှင်ယောဟန် 8:19 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ သူတို့က “သင်၏ ခမည်းတော်သည် အဘယ်မှာရှိသနည်း” ဟု မေးကြ၏။ ယေရှုက “သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ ငါ့ကို သိလျှင် ငါ့ခမည်းတော်ကိုလည်း သင်တို့သိကြလိမ့်မည်” ဟု မိန့်တော်မူ၏။ Common Language Bible ထိုသူတို့က ``သင့်ခမည်းတော်ကားအဘယ် မှာနည်း'' ဟုမေးလျှောက်ကြ၏။ သခင်ယေရှုက ``သင်တို့သည်ငါ့ကိုလည်း ကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်းမသိ ကြ။ အကယ်၍သင်တို့ငါ့ကိုသိပါမူငါ့ ခမည်းတော်ကိုလည်းသိကြမည်'' ဟုဖြေ ကြားတော်မူ၏။ Garrad Bible ထိုသူတို့ကလည်း သင်၏ခမည်းတော်အဘယ်မှာနည်းဟုမေးကြသော် ယေရှုက ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း သင်တို့မသိကြ။ ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်းသိကြလေပြီဟု၊ Judson Bible ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုမသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့ကလည်း “သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်း”ဟု မေးကြသော် ယေရှုက“သင်တို့သည် ငါ့ကိုလည်းကောင်း၊ ငါ့ခမည်းတော်ကိုလည်းကောင်း မသိကြ။ သင်တို့သည် ငါ့ကိုသိခဲ့လျှင် ငါ့ခမည်းတော်ကိုလည်း သိခဲ့ကြပေလိမ့်မည်”ဟု မိန့်တော်မူ၏။ မြန်မာ ထိုသူတို့ကလည်း၊ သင်၏ခမည်းတော်သည် အဘယ်မှာရှိသနည်းဟု မေးကြ၏။ ယေရှုကလည်း၊ သင်တို့သည် ငါ့ကိုမသိကြ။ ငါ့ခမည်းတော်ကိုလည်း မသိကြ။ ငါ့ကိုသိလျှင် ငါ့ခမည်းတော်ကိုလည်း သိကြလိမ့်မည်ဟု မိန့်တော်မူ၏။- |
ထိုအချိန်၌ ယေရှုက “ကောင်းကင်နှင့် မြေကြီး၏အရှင်သခင် ဖြစ်တော်မူသောအဖ… လောကီပညာရှင်များနှင့် ဉာဏ်ပညာထက်မြက်သူများအား ဤအရာများကို ဝှက်ထားတော်မူ၍ ကလေးငယ်တို့အား ဖော်ပြတော်မူသောကြောင့် ကျေးဇူးတင်ပါ၏။
ထိုအရှင်သည် မိမိဖန်ဆင်းတော်မူခဲ့သောကမ္ဘာလောကသို့ ကြွလာ၏။ သို့သော်လည်း ကမ္ဘာလောကသားတို့သည် ထိုအရှင်ကို မသိကြပေ။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
သို့ရာတွင် သူတို့သည် ငါ့ကို စေလွှတ်တော်မူသောအရှင်ကို မသိသဖြင့် ငါ့ကြောင့် ထိုအခြင်းအရာအားလုံးကို သင်တို့အပေါ် ပြုကြလိမ့်မည်။
ဤသို့ပြုကြခြင်းမှာ သူတို့သည် ခမည်းတော်ကိုလည်းကောင်း၊ ငါ့ကိုလည်းကောင်း မသိကြသောကြောင့် ဖြစ်၏။
ထာဝရအသက်ဟူသည်မှာ တစ်ဆူတည်းသော၊ စစ်မှန်သည့်ဘုရားဖြစ်တော်မူသော ကိုယ်တော်ကို သိကျွမ်းခြင်းနှင့် ဤလောကသို့ ကိုယ်တော်စေလွှတ်တော်မူသော ယေရှုခရစ်တော်ကို သိကျွမ်းခြင်းပင်ဖြစ်ပါ၏။
ဗိမာန်တော်၌ သွန်သင်တော်မူစဉ် ယေရှုက “ငါသည် မည်သူဖြစ်ကြောင်းနှင့် အဘယ်ကလာကြောင်းကို သင်တို့သိကြ၏။ သို့ရာတွင် ငါသည် မိမိသဘောနှင့် လာသည်မဟုတ်ပါ။ ငါ့ကိုစေလွှတ်တော်မူသောအရှင်သည် စစ်မှန်သောအရှင် ဖြစ်တော်မူ၏။ ထိုအရှင်ကို သင်တို့မသိကြ။
အမြင်မှန်ရကြလော့။ ဆက်၍ အပြစ်မပြုနှင့်။ သင်တို့ထဲမှ တချို့သည် ဘုရားသခင်ကို လုံးဝမသိကြ။ သင်တို့အရှက်ရစေရန် ဤသို့ ကျွန်ုပ်ပြော၏။
ယခုမှာမူ သင်တို့သည် ဘုရားသခင်ကို သိကြပြီ။ ထိုသို့မဟုတ်ဘဲ ဘုရားသခင်သည် သင်တို့ကို သိတော်မူပြီဟု ကျွန်ုပ်ပြောဆိုသင့်၏။ သို့ဖြစ်လျှင် အားနည်း၍ ချမ်းသာမပေးနိုင်သော လောကီအခြေခံမူဘက်သို့ အဘယ်ကြောင့် ပြန်လှည့်လိုကြသနည်း။ အဘယ်ကြောင့် ထိုလောကီအခြေခံမူထံ ပြန်၍ ကျွန်ခံလိုကြသနည်း။
ကျွန်ုပ်ဆုတောင်းသည်က ကျွန်ုပ်တို့သခင်ယေရှုခရစ်တော်၏ ဘုရားသခင် ဖြစ်တော်မူသည့် ဘုန်းကြီးသော အဖခမည်းတော်သည် ဝိညာဉ်ရေးရာဉာဏ်ပညာနှင့် ဗျာဒိတ်တော်ကို သင်တို့အား ပေးသနားတော်မူရန် ဖြစ်၏။ သို့မှသာ သင်တို့သည် ခမည်းတော်အကြောင်းကို ပို၍ သိကြမည် ဖြစ်၏။
သို့မှသာ သင်တို့သည် ကောင်းမှုအမျိုးမျိုးဖြစ်သော အသီးအပွင့်များ သီးပွင့်ကာ ဘုရားသခင်ကို ပိုမိုသိကျွမ်းသည်နှင့်အညီ သခင်ဘုရား၏ လူဖြစ်သည့်အလျောက် သခင်ဘုရား၏ လူပီသစွာ ပြုမူနေထိုင်၍ သခင်ဘုရားကို နှစ်သက်စေနိုင်မည်ဖြစ်၏။
သားတော်သည် မျက်စိဖြင့်မမြင်ရသော ဘုရားသခင်၏ ပုံသဏ္ဌာန်တော်ဖြစ်ပြီး ဘုရားသခင်ဖန်ဆင်းတော်မူသမျှသော အရာအားလုံးတွင် သားဦးဖြစ်တော်မူ၏။
သားတော်သည် ဘုရားသခင်၏ ဘုန်းရောင်ခြည်နှင့် ထွန်းတောက်လျက်ရှိပြီး ဘုရားသခင်၏ စစ်မှန်သည့် စရိုက်လက္ခဏာကို ထင်ရှားစေတော်မူ၏။ ကိုယ်တော်သည် မိမိ၏တန်ခိုးကြီးသော အမိန့်တော်ဖြင့် အရာအားလုံးကို တည်တံ့စေတော်မူကာ လောကီသားတို့၏ အပြစ်များကို ဖယ်ရှားပြီးနောက် အထက်ကောင်းကင်ဘုံ၌ ဘုန်းကြီးသောတန်ခိုးရှင်၏ လက်ယာတော်ဘက်၌ ထိုင်တော်မူ၏။
သားတော်ကို ငြင်းပယ်သူသည် ခမည်းတော်ကို မသိကျွမ်း။ သားတော်ကို ဝန်ခံသူသည် ခမည်းတော်ကို သိကျွမ်း၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။
ခရစ်တော်၏ သွန်သင်ချက်အတိုင်း မရပ်တည်ဘဲ ၎င်းကို ကျော်လွန်သောသူတိုင်းသည် ဘုရားသခင်နှင့် တပေါင်းတစည်းတည်းမဟုတ်ပေ။ သွန်သင်ချက်အတိုင်း ရပ်တည်သောသူသည် ခမည်းတော်နှင့် သားတော်နှစ်ပါးလုံးနှင့် တပေါင်းတစည်းတည်းဖြစ်၏။