ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ရှင်ယောဟန် 7:29 - ခေတ်သစ်မြန်မာ သမ္မာကျမ်း သို့သော် ငါသိ၏။ အဘယ်ကြောင့်ဆိုသော် ငါသည် ထိုအရှင်ထံတော်မှ လာ၏။ ထိုအရှင်သည်လည်း ငါ့ကို စေလွှတ်တော်မူ၏” ဟု ကြွေးကြော်တော်မူ၏။ Common Language Bible ငါသည်ထိုအရှင်၏ထံမှလာသောကြောင့် လည်းကောင်း၊ ထိုအရှင်သည်ငါ့ကိုစေလွှတ် တော်မူသောကြောင့်လည်းကောင်း ငါသည်ထို အရှင်ကိုသိ၏'' ဟုကြွေးကြော်တော်မူ၏။ Garrad Bible ကိုယ်တော့်ထံမှဖြစ်လျက် စေလွှတ်တော်မူခြင်းခံရသောငါမူကား သိလေပြီဟုကြွေးကြော်တော်မူ၏။ Judson Bible ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍ မိန့်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း ငါမူကား သိ၏။ အကြောင်းမူကား ငါသည် ထိုအရှင်ထံမှလာ၍ ထိုအရှင်သည် ငါ့ကိုစေလွှတ်တော်မူ၏”ဟု ကြွေးကြော်တော်မူ၏။ မြန်မာ ငါမူကားသိ၏။ အကြောင်းမူကား၊ ထိုသူ၏အထံတော်မှ ငါလာ၏။ သူသည်လည်း ငါ့ကိုစေလွှတ်တော်မူ၏ဟု ဗိမာန်တော်၌ ဆုံးမဩဝါဒပေးတော်မူစဉ်တွင် ကြွေးကြော်၍ မိန့်တော်မူလျှင်၊- |
ငါ့ခမည်းတော်သည် အရာအားလုံးကို ငါ့အား ပေးအပ်တော်မူပြီ။ သားတော်ကို ခမည်းတော်မှလွဲ၍ မည်သူမျှမသိ။ ခမည်းတော်ကိုလည်း သားတော်နှင့် သားတော်ဖော်ပြရန် ရွေးချယ်တော်မူသောသူတို့မှလွဲ၍ မည်သူမျှမသိ။
ဘုရားသခင်ကို မည်သူမျှ မမြင်ဖူးချေ။ သို့သော် ခမည်းတော်၏ ရင်ခွင်တော်၌ ရှိသည့် တစ်ပါးတည်းသောသားတော်သည် ဘုရားသခင်ကို ကျွန်ုပ်တို့သိမြင်နိုင်ရန် ဖော်ပြတော်မူပြီ။
ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။
ကိုယ်တော်သည် အကျွန်ုပ်ကို ဤလောကသို့ စေလွှတ်သကဲ့သို့ အကျွန်ုပ်သည်လည်း သူတို့ကို ဤလောကသို့ စေလွှတ်ပါ၏။
ထိုသို့ဆိုရာတွင် တစ်စုံတစ်ဦးသည် ခမည်းတော်ကို တွေ့မြင်ခဲ့ပြီဟု ငါမဆိုလိုပါ။ ခမည်းတော်ဘုရားသခင်စေလွှတ်တော်မူသော ငါသာလျှင် ခမည်းတော်ကို တွေ့မြင်ဖူး၏။
သို့သော်လည်း ထိုအရှင်ကို သင်တို့မသိကြ။ ငါမူကား သိ၏။ ငါမသိဟု ဆိုလျှင် ငါသည် သင်တို့ကဲ့သို့ လိမ်လည်သောသူဖြစ်လိမ့်မည်။ ငါသည် ထိုအရှင်ကို သိ၍ ထိုအရှင်၏ စကားတော်ကိုလည်း နားထောင်၏။
ထိုအသက်တော်သည် ထင်ရှားခဲ့ပြီ။ ကျွန်ုပ်တို့သည်လည်း မြင်ကြပြီး ထိုအကြောင်းကို သင်တို့အား သက်သေခံကြ၏။ ခမည်းတော်နှင့်အတူရှိ၍ ကျွန်ုပ်တို့အား ဖော်ပြခြင်းခံရသည့် ထိုထာဝရအသက်တော်အကြောင်းကို သင်တို့အား ကျွန်ုပ်တို့ဟောပြောကြ၏။
ခမည်းတော်သည် သားတော်ကို ဤလောက၏ကယ်တင်ရှင်ဖြစ်ရန် စေလွှတ်တော်မူခဲ့သည်ကို ကျွန်ုပ်တို့မြင်၍ သက်သေခံကြ၏။
ကျွန်ုပ်တို့သည် သားတော်အားဖြင့် အသက်ရှင်ကြစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤလောကသို့ စေလွှတ်တော်မူ၏။ ဤနည်းဖြင့် ဘုရားသခင်သည် မိမိ၏ချစ်ခြင်းမေတ္တာကို ကျွန်ုပ်တို့အား ဖော်ပြတော်မူ၏။