Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 7:29 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

29 ငါ​မူကား သိ​၏။ အကြောင်းမူကား ငါ​သည် ထို​အရှင်​ထံမှ​လာ​၍ ထို​အရှင်​သည် ငါ့​ကို​စေလွှတ်​တော်မူ​၏”​ဟု ကြွေးကြော်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

29 ငါ​သည်​ထို​အ​ရှင်​၏​ထံ​မှ​လာ​သော​ကြောင့် လည်း​ကောင်း၊ ထို​အ​ရှင်​သည်​ငါ့​ကို​စေ​လွှတ် တော်​မူ​သော​ကြောင့်​လည်း​ကောင်း ငါ​သည်​ထို အ​ရှင်​ကို​သိ​၏'' ဟု​ကြွေး​ကြော်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

29 ကိုယ်တော့်ထံမှဖြစ်လျက် စေလွှတ်တော်မူခြင်းခံရသောငါမူကား သိလေပြီဟုကြွေးကြော်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

29 ငါ​မူ​ကား​သိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ၏​အ​ထံ​တော်​မှ ငါ​လာ၏။ သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ၏​ဟု ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင် ကြွေး​ကြော်၍ မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

29 သို့သော် ငါ​သိ၏။ အဘယ်ကြောင့်ဆိုသော် ငါ​သည် ထို​အရှင်​ထံတော်​မှ လာ၏။ ထို​အရှင်​သည်လည်း ငါ့​ကို စေလွှတ်တော်မူ၏” ဟု ကြွေးကြော်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

29 ငါ​မူ​ကား​သိ၏။ အ​ကြောင်း​မူ​ကား၊ ထို​သူ၏​အ​ထံ​တော်​မှ ငါ​လာ၏။ သူ​သည်​လည်း ငါ့​ကို​စေ​လွှတ်​တော်​မူ၏​ဟု ဗိ​မာန်​တော်၌ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​တော်​မူ​စဉ်​တွင် ကြွေး​ကြော်၍ မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 7:29
13 ပူးပေါင်းရင်းမြစ်များ  

ငါ​၏​ခမည်းတော်​သည် အရာ​ခပ်သိမ်း​တို့​ကို ငါ့​အား​အပ်နှင်း​တော်မူ​ပြီ။ ခမည်းတော်​မှတစ်ပါး မည်သူမျှ သား​တော်​ကို​မ​သိ။ ခမည်းတော်​ကို​လည်း သား​တော်​နှင့် သား​တော်​က​ဖွင့်ပြ​လို​သော​သူ​တို့​မှတစ်ပါး အခြား​မည်သူမျှ​မ​သိ။


ဘုရားသခင်​ကို မည်သူမျှ​မ​မြင်​ဖူး​သော်လည်း ခမည်းတော်​၏​ရင်ခွင်​၌​ရှိ​သည့် တစ်ပါးတည်း​သော​သား​တော်​ဘုရား​သည် ဘုရားသခင်​ကို ထင်ရှား​စေ​တော်မူ​ပြီ။


ငါ​သည် သိုး​တို့​အတွက် ငါ့​အသက်​ကို​စွန့်​၏။


ယေရှု​သည် အရာ​ခပ်သိမ်း​တို့​ကို မိမိ​လက်​သို့ ခမည်းတော်​ပေးအပ်​တော်မူ​သည်​ကို​လည်းကောင်း၊ မိမိ​သည် ဘုရားသခင်​ထံမှ​ကြွလာ​ပြီး ဘုရားသခင်​ထံသို့​ပြန်​သွား​တော့မည်​ကို​လည်းကောင်း သိ​တော်မူ​သဖြင့်


ကိုယ်တော်​သည် အကျွန်ုပ်​ကို ဤ​လောက​ထဲသို့ စေလွှတ်​တော်မူ​သကဲ့သို့ အကျွန်ုပ်​သည် သူ​တို့​ကို ဤ​လောက​ထဲသို့ စေလွှတ်​ပါ​၏။


ထိုသို့ဆိုသော် တစ်စုံတစ်ယောက်​က ခမည်းတော်​ကို​မြင်​ခဲ့​ပြီ​ဟု​မ​ဆိုလို။ ဘုရားသခင်​ထံမှ ကြွလာ​သော​သူ​တစ်ဦးတည်း​သာလျှင် ခမည်းတော်​ကို​မြင်​ခဲ့​၏။


သူ့​ကို​မ​သိ​ကြ။ ငါ​မူကား သိ​၏။ ထို​အရှင်​ကို ငါ​မ​သိ​ဟု​ဆို​လျှင် ငါ​သည် သင်​တို့​ကဲ့သို့​လိမ်လည်​သော​သူ​ဖြစ်​လိမ့်မည်။ သို့ရာတွင် ငါ​သည် ထို​အရှင်​ကို​သိ​၍ သူ​၏​စကား​ကို​လိုက်နာ​စောင့်ထိန်း​၏။


ထို​အသက်​သည် ထင်ရှား​ခဲ့​ပြီ​။ ငါ​တို့​သည်​လည်း ၎င်း​ကို​မြင်​ရ​၍ သက်သေခံ​လျက် ခမည်းတော်​နှင့်အတူ​ရှိ​ပြီး ငါ​တို့​၌​ထင်ရှား​သော ထို​ထာဝရ​အသက်​အကြောင်း​ကို သင်​တို့​အား ပြောကြား​ကြ​၏။


ခမည်းတော်​သည် သား​တော်​ကို လောက​၏​ကယ်တင်ရှင်​အဖြစ် စေလွှတ်​တော်မူ​ခဲ့​သည်​ကို ငါ​တို့​မြင်​၍ သက်သေခံ​ကြ​၏။


ငါ​တို့​သည် သား​တော်​အားဖြင့် အသက်ရှင်​ကြ​စေရန် ဘုရားသခင်​သည် မိမိ​၏​တစ်ပါးတည်း​သော​သား​တော်​ကို ဤ​လောက​သို့ စေလွှတ်​တော်မူ​၏။ ဤသို့ဖြင့် ဘုရားသခင်​၏​ချစ်​ခြင်း​မေတ္တာ​တော်​သည် ငါ​တို့​၌ ထင်ရှား​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ