ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။
ရှင်ယောဟန် 6:33 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ စစ်မှန်သောမုန့်မှာ ကောင်းကင်မှ ဆင်းသက်လာ၍ လောကီသားတို့အား အသက်ကို ပေးသောမုန့်ဖြစ်၏” ဟု မိန့်တော်မူ၏။ Common Language Bible ထိုစစ်မှန်သောအစာအာဟာရကားကောင်းကင် ဘုံမှကျဆင်း၍ ကမ္ဘာသူကမ္ဘာသားတို့အား အသက်ပေးသောသူဖြစ်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ဘုရားသခင့်အစာမှာ ကောင်းကင်ဘုံထဲမှဆင်းသက်၍ လောကသားတို့အား အသက်ပေးသောအစာတည်းဟု မိန့်တော်မူ၏။ Judson Bible ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောမုန့်ပေတည်းဟု မိန့်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း အကြောင်းမူကား ဘုရားသခင်၏မုန့်သည် ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောသူဖြစ်၏”ဟု မိန့်တော်မူ၏။ မြန်မာ ဘုရားသခင်၏မုန့်မူကား၊ ကောင်းကင်မှဆင်းသက်၍ လောကီသားတို့အား အသက်ကိုပေးသောမုန့်ပေတည်းဟု မိန့်တော်မူလျှင်၊- |
ယေရှုသည် မိမိထံ၌ ခမည်းတော်က အခွင့်အာဏာအားလုံးကို အပ်နှံထားသည်ကိုလည်းကောင်း၊ မိမိသည် ဘုရားသခင်ထံမှ ကြွလာ၍ ဘုရားသခင်ထံသို့ ပြန်ကြွတော့မည်ကိုလည်းကောင်း သိတော်မူ၏။
ငါသည် ခမည်းတော်ထံမှ ဤလောကသို့ လာခဲ့၏။ ယခု ဤလောကမှ ထွက်ခွာ၍ ခမည်းတော်ထံသို့ ငါပြန်မည်” ဟု မိန့်တော်မူ၏။
အဘယ်ကြောင့်ဆိုသော် အကျွန်ုပ်အား ကိုယ်တော်ပေးတော်မူသောတရားတော်ကို အကျွန်ုပ်သည် ထိုသူတို့အား ပေး၍ သူတို့သည် ခံယူရရှိကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်ထံမှ လာကြောင်းကို သူတို့သည် အမှန်ပင်သိကြပါ၏။ ကိုယ်တော်သည် အကျွန်ုပ်ကို စေလွှတ်တော်မူကြောင်းကိုလည်း သူတို့ယုံကြည်ကြပါ၏။
ယေရှုက “ငါအမှန်ဆိုရလျှင် ကောင်းကင်မှ မုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှ စစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။
အဘယ်ကြောင့်ဆိုသော် ငါသည် မိမိအလိုကို လုပ်ဆောင်ရန် မဟုတ်ဘဲ ငါ့ကို စေလွှတ်တော်မူသော ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်ရန် ဆင်းသက်လာသောကြောင့် ဖြစ်၏။
ထိုသို့ ယေရှုက “ငါသည် ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်၏” ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က
ငါသည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏။ သင်တို့၏ ဘိုးဘေးများစားခဲ့သော မန္နမုန့်ကဲ့သို့ မဟုတ်။ သူတို့သည် မန္နမုန့်ကို စားကြသော်လည်း သေကြရ၏။ ဤမုန့်ကို စားသောသူမှာမူ အစဉ်ထာဝရ အသက်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။
ယေရှုက “ဘုရားသခင်သည် သင်တို့၏ အဖဖြစ်ပါက သင်တို့သည် ငါ့ကို ချစ်ကြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် ငါသည် ဘုရားသခင်ထံမှ လာ၏။ မိမိသဘောအတိုင်း လာသည်မဟုတ်။ ဘုရားသခင်သည် ငါ့ကို စေလွှတ်တော်မူ၏။
“ယေရှုခရစ်တော်သည် အပြစ်သားများကို ကယ်တင်ရန် ဤလောကသို့ ဆင်းကြွလာသည်” ဟူသော စကားသည် လုံးဝမှန်ကန်ပြီး အပြည့်အဝလက်ခံထိုက်၏။ ထိုအပြစ်သားများအနက် ကျွန်ုပ်သည် အဆိုးဆုံးဖြစ်၏။