Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 6:33 - မြန်မာ

33 ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

33 ထို​စစ်​မှန်​သော​အ​စာ​အာ​ဟာ​ရ​ကား​ကောင်း​ကင် ဘုံ​မှ​ကျ​ဆင်း​၍ ကမ္ဘာ​သူ​ကမ္ဘာ​သား​တို့​အား အ​သက်​ပေး​သော​သူ​ဖြစ်​၏'' ဟု​မိန့်​တော်​မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

33 ဘုရားသခင့်အစာမှာ ကောင်းကင်ဘုံထဲမှဆင်းသက်၍ လောကသားတို့အား အသက်ပေးသောအစာတည်းဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

33 ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

33 အကြောင်းမူကား ဘုရားသခင်​၏​မုန့်​သည် ကောင်းကင်​မှ​ဆင်းသက်​၍ လောကီသား​တို့​အား အသက်​ကို​ပေး​သော​သူ​ဖြစ်​၏”​ဟု မိန့်​တော်မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

33 ဘုရားသခင်​၏ စစ်မှန်သော​မုန့်​မှာ ကောင်းကင်​မှ ဆင်းသက်လာ​၍ လောကီသားတို့​အား အသက်​ကို ပေးသော​မုန့်​ဖြစ်၏” ဟု မိန့်တော်မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 6:33
13 ပူးပေါင်းရင်းမြစ်များ  

ခ​မည်း​တော်​သည် အ​လုံး​စုံ​တို့​ကို သူ၏​လက်​သို့ အပ်​ပေး​တော်​မူ​သည်​ကို​လည်း​ကောင်း၊ သူ​သည်​ဘု​ရား​သ​ခင့်​ထံ​တော်​မှ ထွက်​လာ​သည်​ကို​လည်း​ကောင်း၊ ဘု​ရား​သ​ခင့်​ထံ​တော်​သို့ ကြွ​သွား​မည်​ကို​လည်း​ကောင်း ယေ​ရှု​သည်​သိ​တော်​မူ​သည်​နှင့်၊-


ငါ​သည် ခ​မည်း​တော်​ထံ​မှ​ထွက်၍ ဤ​လော​က​သို့​ကြွ​လာ​ပြီ။ တစ်​ဖန် ဤ​လော​က​မှ​ထွက်၍ ခ​မည်း​တော်​ထံ​သို့ သွား​ဦး​မည်​ဟု မိန့်​တော်​မူ၏။-


အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​အား ပေး​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​ကို သူ​တို့​အား​အ​ကျွန်ုပ်​ပေး၍ သူ​တို့​သည် ခံ​ယူ​သ​ဖြင့်၊ အ​ကျွန်ုပ်​သည် အ​ထံ​တော်​မှ​ကြွ​လာ​သည်​ကို အ​တပ်​သိ​ကြ​သည်​နှင့် ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို စေ​လွှတ်​တော်​မူ​သည်​ကို ယုံ​ကြ​ပါ၏။-


ကောင်း​ကင်​ဘုံ​က​ဆင်း​သက်၍ ကောင်း​ကင်​ဘုံ၌​ရှိ​နေ​သော လူ​သား​မှ​တစ်​ပါး အ​ဘယ်​သူ​မျှ ကောင်း​ကင်​ဘုံ​သို့ မ​တက်​ပြီ။-


ယေ​ရှု​က​လည်း၊ ငါ​အ​မှန်​အ​ကန်​ဆို​သည်​ကား၊ မော​ရှေ​သည် ကောင်း​ကင်​မုန့်​ကို သင်​တို့​အား​မ​ပေး၊ ခ​မည်း​တော်​သည် မှန်​သော​ကောင်း​ကင်​မုန့်​ကို သင်​တို့​အား ပေး​တော်​မူ၏။-


အ​ကြောင်း​မူ​ကား၊ ငါ​သည် ကိုယ်​အ​လို​သို့​လိုက်​ခြင်း​ငှာ ကောင်း​ကင်​မှ​ဆင်း​သက်​သည်​မ​ဟုတ်။ ငါ့​ကို စေ​လွှတ်​တော်​မူ​သော​သူ၏ အ​လို​တော်​သို့​လိုက်​ခြင်း​ငှာ ဆင်း​သက်၏။-


ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ဖြစ်၏​ဟု မိန့်​တော်​မူ​သည်​ကို ယု​ဒ​လူ​တို့​က၊-


ငါ​သည် အ​သက်​မုန့်​ဖြစ်၏။-


ကောင်း​ကင်​မှ​ဆင်း​သက်​သော​မုန့်​ကို စား​သော​သူ​သည် သေ​ခြင်း​နှင့်​ကင်း​လွတ်၏။-


ဤ​မုန့်​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်​သော မုန့်​ဖြစ်၏။ သင်​တို့​ဘိုး​ဘေး​များ​သည် မ​န္န​ကို​စား​လျက် သေ​ရ​သ​ကဲ့​သို့​မ​ဟုတ်။ ဤ​မုန့်​ကို​စား​သော​သူ​သည် အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်​ဟု၊-


ယေ​ရှု​က​လည်း၊ ဘု​ရား​သ​ခင်​သည် သင်​တို့​အ​ဘ​မှန်​လျှင် သင်​တို့​သည် ငါ့​ကို​ချစ်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ဘု​ရား​သ​ခင့်​အ​ထံ​တော်​မှ ထွက်​ကြွ​ရောက်​လာ၏။ ကိုယ်​အ​လို​အ​လျောက် လာ​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​သည် ငါ့​ကို​စေ​လွှတ်​တော်​မူ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ