စစ်မှန်သောအလင်းရှင်မှာမူ ဤကမ္ဘာလောကသို့ ကြွလာ၍ လူအပေါင်းတို့ကို အလင်းပေးတော်မူသောအရှင်ဖြစ်၏။
ရှင်ယောဟန် 6:32 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုက “ငါအမှန်ဆိုရလျှင် ကောင်းကင်မှ မုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှ စစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။ Common Language Bible သခင်ယေရှုက ``အမှန်အကန်သင်တို့အား ငါဆိုသည်ကား မောရှေသည်သင်တို့အား ကောင်းကင်မှအစာအာဟာရကိုပေးသည် မဟုတ်။ ငါ့ခမည်းတော်သည်သင်တို့အား ကောင်းကင်မှ အစာအာဟာရအစစ်အမှန် ကိုပေးတော်မူ၏။- Garrad Bible ယေရှုက ငါဧကန်အမှန်ဆိုသည်ကား မောရှေသည်ကောင်းကင်ဘုံထဲမှအစာကို သင်တို့အားပေးခဲ့သည်မဟုတ်၊ ငါ့အဘခမည်းတော်သည် ကောင်းကင်ဘုံထဲမှမှန်သောအစာကို ယခုသနားတော်မူပြီ။ Judson Bible ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ယေရှုကလည်း“သင်တို့အား ငါအမှန်အကန်ဆိုမည်။ ကောင်းကင်မှမုန့်ကို သင်တို့အား ပေးခဲ့သူမှာ မောရှေမဟုတ်။ ငါ့ခမည်းတော်ကသာ ကောင်းကင်မှစစ်မှန်သောမုန့်ကို သင်တို့အား ပေးတော်မူ၏။ မြန်မာ ယေရှုကလည်း၊ ငါအမှန်အကန်ဆိုသည်ကား၊ မောရှေသည် ကောင်းကင်မုန့်ကို သင်တို့အားမပေး၊ ခမည်းတော်သည် မှန်သောကောင်းကင်မုန့်ကို သင်တို့အား ပေးတော်မူ၏။- |
စစ်မှန်သောအလင်းရှင်မှာမူ ဤကမ္ဘာလောကသို့ ကြွလာ၍ လူအပေါင်းတို့ကို အလင်းပေးတော်မူသောအရှင်ဖြစ်၏။
ယေရှုက “ငါသည် စစ်မှန်သောစပျစ်ပင် ဖြစ်၏။ ငါ့ခမည်းတော်သည် ဥယျာဉ်မှူးဖြစ်တော်မူ၏။
ကျမ်းစာတွင် ‘ထိုသူတို့ စားရန် သူသည် ကောင်းကင်မှ မုန့်ကို ပေး၏’ ဟု ရေးသားထားသည့်အတိုင်း ကျွန်ုပ်တို့၏ ဘိုးဘေးများသည် တောကန္တာရ၌ မန္နမုန့်ကို စားကြရ၏” ဟု လျှောက်ကြ၏။
ဘုရားသခင်၏ စစ်မှန်သောမုန့်မှာ ကောင်းကင်မှ ဆင်းသက်လာ၍ လောကီသားတို့အား အသက်ကို ပေးသောမုန့်ဖြစ်၏” ဟု မိန့်တော်မူ၏။
ယေရှုက “ငါသည် အသက်မုန့်ဖြစ်၏။ ငါ့ထံသို့ လာသောသူသည် မည်သည့်အခါမျှ အစာငတ်မည်မဟုတ်။ ငါ့ကို ယုံကြည်သောသူသည်လည်း မည်သည့်အခါမျှ ရေငတ်မည်မဟုတ်။
ထိုသို့ ယေရှုက “ငါသည် ကောင်းကင်မှ ဆင်းသက်လာသောမုန့် ဖြစ်၏” ဟု မိန့်တော်မူသောကြောင့် ဂျူးလူမျိုးတို့က
အဘယ်ကြောင့်ဆိုသော် ငါ့အသားသည် စစ်မှန်သောစားစရာဖြစ်ပြီး ငါ့အသွေးသည် စစ်မှန်သောသောက်စရာဖြစ်၏။
ငါသည် ကောင်းကင်မှ ဆင်းသက်လာသော မုန့်ဖြစ်၏။ သင်တို့၏ ဘိုးဘေးများစားခဲ့သော မန္နမုန့်ကဲ့သို့ မဟုတ်။ သူတို့သည် မန္နမုန့်ကို စားကြသော်လည်း သေကြရ၏။ ဤမုန့်ကို စားသောသူမှာမူ အစဉ်ထာဝရ အသက်ရှင်လိမ့်မည်” ဟု မိန့်တော်မူ၏။
သို့သော် အချိန်စေ့သောအခါ ဘုရားသခင်သည် မိမိသားတော်ကို စေလွှတ်တော်မူ၏။ ထိုသားတော်သည် အမျိုးသမီးတစ်ဦးထံမှ မွေးဖွားလာတော်မူပြီး ပညတ်တရား၏ လက်အောက်ခံအဖြစ် နေထိုင်တော်မူ၏။
ဘုရားသခင်၏သားတော်သည် ကြွလာ၍ စစ်မှန်သောဘုရားသခင်ကို သိနိုင်သည့်ဉာဏ်ကို ကျွန်ုပ်တို့အား ပေးတော်မူကြောင်းကိုလည်း ကျွန်ုပ်တို့သိကြ၏။ ထို့ကြောင့် ကျွန်ုပ်တို့သည် စစ်မှန်သောဘုရားသခင်နှင့်လည်းကောင်း၊ သားတော်ယေရှုခရစ်တော်နှင့်လည်းကောင်း တပေါင်းတစည်းတည်းဖြစ်ကြ၏။ ထိုအရှင်သည် စစ်မှန်သောဘုရားသခင်ဖြစ်တော်မူပြီး ထာဝရအသက်လည်း ဖြစ်တော်မူ၏။