သင်တို့အား ငါအမှန်ဆို၏။ အမျိုးသမီးများမှ မွေးဖွားသောသူများထဲတွင် နှစ်ခြင်းဆရာယောဟန်ထက် ကြီးမြတ်သောသူ မရှိပါ။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အသေးနုပ်ဆုံးသောသူသည် ယောဟန်ထက် ကြီးမြတ်၏။
ရှင်ယောဟန် 5:35 - ခေတ်သစ်မြန်မာ သမ္မာကျမ်း ယောဟန်သည် မီးစာဖြင့် ထွန်းညှိထား၍ လင်းထိန်နေသော ဆီမီးခွက်သဖွယ်ဖြစ်ပြီး သင်တို့သည် သူ၏ သတင်းစကားကြောင့် ခဏတာစိတ်အားထက်သန်ကြ၏။ Common Language Bible ယောဟန်သည်အလျှံထ၍ထွန်းလင်းနေသော ဆီမီးခွက်သဖွယ်ဖြစ်သဖြင့် သင်တို့သည်သူ ၏အလင်းရောင်တွင်ခဏမျှသာပျော်မွေ့လို ကြ၏။- Judson Bible ယောဟန်သည် ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော်ခြင်းငှာ အလိုရှိကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ယောဟန်သည် တောက်လောင်၍ထွန်းလင်းသောဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခေတ္တခဏရွှင်မြူးလိုကြ၏။ မြန်မာ ယောဟန်သည် ညှိထွန်း၍လင်းသော ဆီမီးဖြစ်၏။ သင်တို့သည် သူ၏အလင်း၌ ခဏသာမွေ့လျော်ခြင်းငှာ အလိုရှိကြ၏။- |
သင်တို့အား ငါအမှန်ဆို၏။ အမျိုးသမီးများမှ မွေးဖွားသောသူများထဲတွင် နှစ်ခြင်းဆရာယောဟန်ထက် ကြီးမြတ်သောသူ မရှိပါ။ သို့သော်လည်း ကောင်းကင်နိုင်ငံတော်တွင် အသေးနုပ်ဆုံးသောသူသည် ယောဟန်ထက် ကြီးမြတ်၏။
သို့သော် ငါတို့က ‘လူ့ထံမှလာသည်’ ဟု ဖြေလျှင် လူထုပရိသတ်ကိုလည်း ကြောက်ရ၏။ အဘယ်ကြောင့်ဆိုသော် လူအပေါင်းတို့သည် ယောဟန်ကို ပရောဖက်တစ်ပါးဖြစ်သည်ဟု ယုံကြည်ထားကြသောကြောင့်ဖြစ်၏” ဟူ၍ အချင်းချင်း တိုင်ပင်ဆွေးနွေးကြ၏။
ဂျေရုဆလင်မြို့သူမြို့သားများနှင့် ယုဒနယ်တစ်ခွင်လုံးမှ လူများသည် ယောဟန်ထံသို့ သွားကြ၏။ ထို့နောက် သူတို့သည် မိမိတို့၏ အပြစ်များကို ဝန်ခံကြသောအခါ ယောဟန်သည် သူတို့ကို ဂျော်ဒန်မြစ်ထဲ၌ နှစ်ခြင်းမင်္ဂလာပေးလေ၏။
ဟေရုဒ်မင်းသည် ယောဟန်ကို ဖြောင့်မတ်သူနှင့် သန့်ရှင်းသူတစ်ဦး ဖြစ်ကြောင်း သိမြင်၍ ရိုသေလေးစားသောကြောင့် အကာအကွယ်ပေး၏။ ယောဟန်၏ စကားကို ကြားသောအခါ စိတ်အနှောင့်အယှက်ဖြစ်ရသော်လည်း လိုလားစွာပင် နားထောင်လေ့ရှိ၏။
သင်တို့အား ငါပြောဆိုသည်မှာ အမျိုးသမီးများမှ မွေးဖွားသောသူများထဲတွင် နှစ်ခြင်းဆရာယောဟန်ထက် ကြီးမြတ်သောသူ မရှိပါ။ သို့သော်လည်း ဘုရားသခင်၏နိုင်ငံတော်တွင် အသေးနုပ်ဆုံးသောသူသည် ယောဟန်ထက် ကြီးမြတ်သည်” ဟု မိန့်တော်မူ၏။
ထိုအချိန်မှစ၍ တပည့်တော်အများအပြားတို့သည် နောက်တော်သို့ ဆက်၍ မလိုက်ဘဲ စွန့်ခွာသွားကြ၏။
ထို့ပြင် အပြည့်အဝယုံကြည်စိတ်ချရသော ပရောဖက်ပြုဟောပြောချက်များလည်း ကျွန်ုပ်တို့၌ရှိ၏။ ထိုဟောပြောချက်များသည် သင်တို့နှလုံးသား၌ အရုဏ်တက်၍ မိုးသောက်ကြယ် ပေါ်ထွက်လာသည့်တိုင်အောင် အမှောင်အရပ်တွင် လမ်းပြထွန်းလင်းနေသည့်ဆီမီးသဖွယ် ဖြစ်သောကြောင့် သင်တို့သည် ထိုဟောပြောချက်များကို ကောင်းစွာ ဂရုစိုက်ရမည်။