Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




ရှင်ယောဟန် 5:35 - Common Language Bible

35 ယော​ဟန်​သည်​အ​လျှံ​ထ​၍​ထွန်း​လင်း​နေ​သော ဆီ​မီး​ခွက်​သ​ဖွယ်​ဖြစ်​သ​ဖြင့် သင်​တို့​သည်​သူ ၏​အ​လင်း​ရောင်​တွင်​ခ​ဏ​မျှ​သာ​ပျော်​မွေ့​လို ကြ​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

35 ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

35 ယောဟန်​သည် တောက်လောင်​၍​ထွန်းလင်း​သော​ဆီမီး​ဖြစ်​၏။ သင်​တို့​သည် သူ​၏​အလင်း​၌ ခေတ္တ​ခဏ​ရွှင်မြူး​လို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

35 ယောဟန်​သည် မီးစာ​ဖြင့် ထွန်းညှိထား​၍ လင်းထိန်နေသော ဆီမီးခွက်​သဖွယ်​ဖြစ်ပြီး သင်တို့​သည် သူ​၏ သတင်းစကား​ကြောင့် ခဏတာ​စိတ်အားထက်သန်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

35 ယော​ဟန်​သည် ညှိ​ထွန်း၍​လင်း​သော ဆီ​မီး​ဖြစ်၏။ သင်​တို့​သည် သူ၏​အ​လင်း၌ ခ​ဏ​သာ​မွေ့​လျော်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 5:35
18 ပူးပေါင်းရင်းမြစ်များ  

သို့​ဖြစ်​၍​ငါ​တို့​သည်​ပ​ရော​ဖက်​များ​ကြေ​ညာ သည့်​ဗျာ​ဒိတ်​တော်​ကို​ပို​၍​စိတ်​ချ​ယုံ​ကြည် ကြ​၏။ ထို​ဗျာ​ဒိတ်​တော်​ကို​ဂ​ရု​ပြု​လော့။ အ​ဘယ် ကြောင့်​ဆို​သော်​ယင်း​သည်​အ​ရုဏ်​ကျင်း​လျက် နေ​အ​လင်း​ပေါ်​၍ သင်​တို့​စိတ်​နှ​လုံး​ထဲ​တွင် အ​ရုဏ်​ကြယ်​ပေါ်​ထွက်​ချိန်​မ​တိုင်​မီ​အ​မှောင် ထဲ​တွင်​ထွန်း​လင်း​လျက်​နေ​သည့်​မီး​ခွက်​နှင့်​တူ​၏။-


လူ့​သ​မိုင်း​တွင်​ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ဦး တစ်​ယောက်​မျှ​မ​ရှိ​ဟု သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ တွင်​ကောင်း​ကင်​နိုင်​ငံ​တော်​၌ အ​သိမ်​ငယ်​ဆုံး​သော သူ​သည်​ယော​ဟန်​ထက်​ကြီး​မြတ်​၏။-


ထို​အ​ချိန်​မှ​စ​၍​တ​ပည့်​တော်​အ​များ​ပင် အ​ထံ​တော်​မှ​ဆုတ်​ခွာ​လျက် ကိုယ်​တော်​နှင့် အ​တူ​မ​လိုက်​ဘဲ​နေ​ကြ​၏။-


အ​မျိုး​သ​မီး​များ​မှ​ဖွား​မြင်​သူ​များ​အ​နက် ယော​ဟန်​ထက်​ကြီး​မြတ်​သူ​တစ်​ယောက်​မျှ​မ​ရှိ ဟု​သင်​တို့​အား​ငါ​ဆို​၏။ သို့​ရာ​တွင်​ဘု​ရား သ​ခင်​၏​အုပ်​စိုး​ခြင်း​ကို​ဝန်​ခံ​သူ​တို့​တွင် အ​သိမ်​ငယ်​ဆုံး​သော​သူ​သည်​ယော​ဟန်​ထက် ကြီး​မြတ်​၏'' ဟု​မိန့်​တော်​မူ​၏။


ယော​ဟန်​သည်​သူ​တော်​သူ​မြတ်​ဖြစ်​ကြောင်း​ဟေ​ရုဒ် သိ​သ​ဖြင့်​ကြောက်​၍ သူ့​အား​ဘေး​မဲ့​လုံ​ခြုံ​စွာ ထား​၏။ ဟေ​ရုဒ်​သည်​ယော​ဟန်​၏​ဟော​ပြော​သွန်​သင် ချက်​များ​ကို​ကြား​နာ​ရ​သည့်​အ​ခါ​တိုင်း စိတ် မ​ငြိမ်​မ​သက်​ဖြစ်​ရ​တတ်​သော်​လည်း​ဝမ်း​မြောက် စွာ​ပင်​ကြား​နာ​လေ့​ရှိ​သည်။


သို့​ရာ​တွင်​လူ​တို့​၏​အ​ခွင့်​အာ​ဏာ​နှင့်​ပေး​သည် ဟု​ဆို​ရ​မည်​မှာ​လည်း​လူ​အ​ပေါင်း​တို့​သည်​ယော​ဟန် ကို ပ​ရော​ဖက်​တစ်​ပါး​ဟု​ယုံ​ကြည်​ကြ​သ​ဖြင့်​လူ ပ​ရိ​သတ်​ကို​ငါ​တို့​ကြောက်​ရ​၏'' ဟု​အ​ချင်း​ချင်း ဆွေး​နွေး​ကြ​၏။-


သို့​ဖြစ်​၍​ငါ​၏​လူ​မျိုး​တော်​သည်​သင်​ပြန် ကြား​ရန် ရှိ​သည့်​အ​မိန့်​တော်​ကို​နား​ထောင် ရန်​သင့်​ရှေ့​သို့​စု​ရုံး​လာ​ကြ​၏။ သို့​ရာ​တွင် သူ​တို့​သည်​သင်​ပြော​သည့်​အ​တိုင်း​မ​လုပ် ကြ။ ချစ်​ဖွယ်​သော​စ​ကား​များ​ပြော​ဆို​နေ ကြ​သော်​လည်း​လော​ဘ​စိတ်​အ​တိုင်း​ကျင့် ကြံ​ကြ​၏။-


ဒါ​ဝိဒ်​၏​လူ​တို့​သည်​မင်း​ကြီး​အား နောက် တစ်​ဖန်​မိ​မိ​တို့​နှင့်​အ​တူ​စစ်​ပွဲ​သို့​လိုက် တော်​မ​မူ​ရန်​က​တိ​ပြု​စေ​ကြ​၏။ သူ​တို့ က``အ​ရှင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား တို့​၏​မျှော်​လင့်​ရာ​ဖြစ်​တော်​မူ​ပါ​၏။ အ​ကျွန်ုပ် တို့​သည်​အ​ရှင့်​အား​ဘေး​မ​ရောက်​စေ​လို​ပါ'' ဟု​လျှောက်​ထား​ကြ​၏။


ခေါင်း​ဆောင်​ပ​ညာ​ရှိ​တို့​သည် မိုး​ကောင်း​ကင် ၏​အ​လင်း​ရောင်​ကဲ့​သို့​ကြည်​လင်​တောက်​ပ ကြ​လိမ့်​မည်။ လူ​အ​မြောက်​အ​မြား​အား အ​မှန်​တ​ရား​ကို​ကျင့်​သုံး​ရန် သွန်​သင်​ပေး ကြ​သူ​တို့​သည်​လည်း​ကြယ်​တာ​ရာ​များ​ကဲ့ သို့ ထာ​ဝ​စဉ်​ထွန်း​လင်း​တောက်​ပ​ကြ​လိမ့် မည်။'' ဟု​ဆို​၏။


ယေ​ရု​ရှ​လင်​မြို့​နှင့်​ယု​ဒ​ပြည်​ကျေး​လက်​တော​ရွာ တို့​မှ လူ​အ​ပေါင်း​တို့​သည်​ယော​ဟန်​ထံ​သို့​သွား​ကြ ကုန်​၏။ မိ​မိ​တို့​အ​ပြစ်​များ​ကို​ဖော်​ပြ​ဝန်​ခံ​လျက် ယော်​ဒန်​မြစ်​တွင်​ယော​ဟန်​ထံ​မှ​ဗတ္တိ​ဇံ​ကို​ခံ​ယူ​ကြ​၏။


ထို​အ​ခါ​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သူ​၏​မျက်​နှာ​တောက်​ပ​နေ​သည်​ကို​မြင်​ကြ ၏။ ထို့​ကြောင့်၊ သူ​သည်​ထာ​ဝ​ရ​ဘု​ရား​နှင့် စကား​ပြော​ရန်​တဲ​တော်​ထဲ​သို့​ဝင်​သည့်​အ​ချိန် အ​ထိ​သူ​၏​မျက်​နှာ​ကို​ပဝါ​ဖြင့်​ဖုံး​အုပ် ထား​လေ့​ရှိ​သည်။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ